




unicode

တော်ဝင်ဆန်ဆန် ဖက်ရှင်လေး နဲ့ မြင်သူတိုင်း ကြွေသွားရလောက်အောင် တင့်တယ် လှရက်လွန်း နေတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုး ကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။ အသားအရည် ဖြူဝင်းဥပြီး ဂျပန်မလေးလားထင်မှတ်ရတဲ့ နန်းဆုက ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ အချိုးအစားကျတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ် နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေး တစ်ယောက်လည်းဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ ရုပ်ရည်လေးက ချောမော လှပသလို အသံလေးကလည်း သာယာ ချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်အားပေးမှုရရှိထားတဲ့ နန်းဆုရတီစိုးက အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက သီချင်းအသစ်လေးတွေ ဖန်တီးသီဆိုရင်း အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တော်ဝင်ဆန်ဆန်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ အထာကျကျ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာ နန်းဆုတစ်ယောက် အရမ်း မိမိုက်နေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးတွက် နန်းဆုရဲ့ ဖက်ရှင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း နန်းဆုရဲ့ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။နန်းဆုလည်း ရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Nansu Yati Soe Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

six − 5 =