ကိုယ္ဝန္ေဆာင္ မိခင္မ်ားအား ေငြက်ပ္ (၃၀၀၀၀) ေထာက္ပံ့ျခင္း ကို စက္တင္ဘာ (၂၀) ရက္ ေနာက္ပိုင္းတြင္ စတင္မည္

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာန လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ ကိုဗစ္-၁၉ စီးပြားေရးကုစားမႈအစီအစဥ္အရ ယခင္ MCCT အစီအစဥ္ေဆာင္႐ြက္လ်က္ရွိေသာ ေဒသမ်ား တြင္ပါဝင္ျခင္းမရွိသည့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ကိုးခုရွိ ကိုယ္ဝန္ေဆာင္မိခင္မ်ားအား ေငြေၾကး ေထာက္ပံ့မႈ အစီအစဥ္ကို စက္တင္ဘာလ ၂၀ ရက္ေနာက္ပိုင္းတြင္ စတင္မည္ ျဖစ္ေၾကာင္းသိရသည္။

ကိုဗစ္-၁၉ ကာလအတြင္း ႏိုင္ငံတစ္ဝန္းရွိ ကိုယ္ဝန္ေဆာင္ မိခင္ မ်ားအား “ေငြဗိုက္” Application အသုံး ျပဳ၍ ဩဂုတ္လ ၁၁ ရက္မွ စက္တင္ဘာလ ၁၅ ရက္အထိ ကိုယ္ဝန္ေဆာင္ကိုယ္တိုင္ျဖစ္ေစ (သို႔မဟုတ္) ကိုယ္စားလွယ္ျဖင့္ျဖစ္ေစ စာရင္းသြင္းႏိုင္ၿပီး ေထာက္ပံ့ေၾကး ေငြက်ပ္ ၃၀ဝဝဝ တစ္ႀကိမ္ ေထာက္ပံ့ျခင္း ကို ဧရာဝတီဘဏ္၊ က‌ေမာၻဇဘဏ္၊ Wave Money၊ အေသးစား ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ၊မိတ္ ဖက္အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္း၍ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရး မႉး ဦးေက်ာ္လင္းထင္ကေျပာသည္။

ကိုဗစ္-၁၉ ကာလ အတြင္း ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္မ်ား ႏွင့္ လူမႈေရးပင္စင္ရ သက္ႀကီး႐ြယ္အိုမ်ားအား ေငြေၾကး ေထာက္ပံ့ျခင္း အတြက္ အေမရိကန္ေဒၚလာ ၉ သန္း အသုံးျပဳမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီး ဌာနႏွင့္ LIFT တို႔၏ ေမလ ၂၇ ရက္တြင္ ျပဳလုပ္သည့္ Online သတင္းစာရွင္းလင္းပြဲက သိရသည္။

ျပည္ျမန္မာ

unicode

ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ခြင်း ကို စက်တင်ဘာ (၂၀) ရက် နောက်ပိုင်းတွင် စတင်မည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ်ဆောင်ရွက်လျက်ရှိသော ဒေသများ တွင်ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို စက်တင်ဘာလ ၂၀ ရက်နောက်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင် မိခင် များအား “ငွေဗိုက်” Application အသုံး ပြု၍ ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ကိုယ်ဝန်ဆောင်ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေး ငွေကျပ် ၃၀ဝဝဝ တစ်ကြိမ် ထောက်ပံ့ခြင်း ကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ ၊မိတ် ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်လင်းထင်ကပြောသည်။

ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ နှင့် လူမှုရေးပင်စင်ရ သက်ကြီးရွယ်အိုများအား ငွေကြေး ထောက်ပံ့ခြင်း အတွက် အမေရိကန်ဒေါ်လာ ၉ သန်း အသုံးပြုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီး ဌာနနှင့် LIFT တို့၏ မေလ ၂၇ ရက်တွင် ပြုလုပ်သည့် Online သတင်းစာရှင်းလင်းပွဲက သိရသည်။

ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *

twelve + 2 =