ခရီးသည် (၁၀၇) ဦး လိုက်ပါ လာတဲ့ ပါကစ္စတန် လေယာဉ် လူနေအိမ်တွေထဲ ပျက်ကျမှု (ရုပ်သံ)
|ခရီးသည် (၁၀၇) ဦး လိုက်ပါ လာတဲ့ ပါကစ္စတန် လေယာဉ် လူနေအိမ်တွေထဲ ပျက်ကျမှု (ရုပ်သံ)
ခရီးသည် ၉၉ ယောက် လေယာဉ် သား ၈ ဦး စုစုပေါင်း ၁၀၇ ဦး လိုက်ပါလာတဲ့ ပါကစ္စတန်လေကြောင်းလိုင်း PIA က A320 လေယာဉ်တစီး ကရာချိ လေဆိပ်ဆင်းသက်ရာမှာ ဘီးချစနစ် ချို့ယွင်းမှု့တခုကြောင့် ပြန်တက်ခဲ့ပြီး
နောက်တကြိမ် ဆင်းသက်ဖို့ ချဉ်းကပ်စဉ် မှာ လူနေအိမ်တွေထဲပျက်ကျ ခဲ့ပြီး ပေါက်ကွဲမီးလောင် ခဲ့ကြောင်း သိရပါတယ်။
နောက်ဆက်တွဲသတင်း ..ခရီးသည် ၉၀ လေယာဉ် သား ၈ ဦးလို့ ဆိုပါတယ် ..အတည်ပြုနေကြဆဲပါ။
လေယာဉ်ဟာ ဒုတိယအကြိမ်ချဉ်းကပ်စဉ်မှာ အင်ဂျင်နှစ်လုံးသေ သွားလို့ ပိုင်းလော့တွေကအရေးပေါ် ” မေဒေး မေဒေး ” ဆိုတာကြိမ်ဖန်များစွာခေါ်ခဲ့တယ်လို့ ဆိုပါတယ် …
လေယာဉ်ကလဲ ပြေးလမ်းမရောက်ခင် အမြင့်ပေများစွာ နိမ့်သွားပြီး ပြေးလမ်းမရောက်ခင် အိမ်တွေထဲထိုးကျခဲ့တာဖြစ်ပါတယ် ။
Source – Aviation Herald /TTW