အြန္လိုင္းမွာ ေၾကာ္ျငာေရာင္းေနတဲ့ မိတ္ကပ္ ေတြ ဝယ္လိမ္းမိ လို႔ ဘဝပ်က္မတတ္ ျဖစ္ခဲ့ရတဲ့ မိန္းကေလး တစ္ေယာက္ရဲ႕ အျဖစ္

ၾကည္သာ ဒီေန႔ အဓိကေျပာျပခ်င္တာက လူတိုင္း သိထားသင့္တဲ့ steriod ေၾကာင့္ ထိခိုက္ခံခဲ့ရ တာေတြပါ ။ ၅နစ္နီးပါး ကိုယ္တိုင္ ႀကဳံခဲ့ရတာေတြမလို႔ ေသခ်ာအေသးစိတ္ ေျပာျပေပး ပါမယ္ေနာ္ ။အခုဆို အလွကုန္ တံဆိပ္ေပါင္းစုံ onlineကေန MLM ပုံစံေတြနဲ႔ ဝင္လာေတာ့ ၾကည္သာ့ လိုမျဖစ္ေအာင္ မ်က္ႏွာေလးေတြ မပ်က္စီးရအာင္ အမုန္းခံၿပီးကို ဒီ post ေလးကို ေရးလိုက္ ပါတယ္ေနာ္ …လြန္ခဲ့တဲ့ ၅ ႏွစ္ဆိုတာ ခုခ်ိန္လို ဘယ္အရာမွ အလြယ္တကူ သိဖို႔ ေခတ္မမွီေသးတဲ့အခ်ိန္ os ေတြ facebookမွာ စေခတ္စားခ်ိန္ FDA approved ရတဲ့ ပစၥည္းဆိုတာ ဘာမွန္း မသိေသးခ်ိန္ steroid ဆိုတာ ဘာမွန္း မသိေသးခ်ိန္ blogger ဆိုတာ လက္ ၅ ေခ်ာင္းမျပည့္ေသးခ်ိန္ ထိုင္းကပစၥည္းေတြ ျမန္မာျပည္ကို online က စဝင္လာတဲ့အခ်ိန္ မင္းသားမင္းသမီးေတြ သူတို႔ရဲ႕ အဆက္အႏြယ္ေတြက သုံးတယ္ ေျပာရင္ အဟုတ္မွတ္တဲ့ အခ်ိန္ ေခတ္မမွီေသးတဲ့ အခ်ိန္ေပါ့ေနာ္…

ၾကည္သာ့လို Bangkok visa free မဟုတ္ေသး ခ်ိန္မွာ bangkok မွာ မိတ္ကပ္ ေက်ာင္းသြားတက္ဖို႔ထိ ေခတ္မီတဲ့လူ ေတာင္ ဒီပစၥည္းကို သုံးမိတယ္ဆို brand imageက ဘာလဲ ဆိုတာ သိၾကသူေတြရွိမွာပါ ။ အဲ့အခ်ိန္တုံးက အသက္ငယ္ေသးတာေရာ steroid ဆိုတာဘာလဲ မသိခဲ့တာေတြေရာေၾကာင့္ သုံးမိခဲ့တာပါ အေပါစား ပစၥည္းကို စမ္းခဲ့တာ လုံးဝ မဟုတ္ပါေနာ္ 🙂

ကဲ အရင္ဆုံး … ဘယ္လိုႀကဳံေတြခဲ့ရလဲ ၾကည္သာ ေျပာျပပါမယ္။ၾကည္သာ စျဖစ္ခဲ့တာ ကေတာ့ 2015 ေလာက္မွာ ျပသနာ အေတာ္တက္သြားတဲ့ steroid ပါတဲ့ cream တမ်ိဳး လိမ္းပီး ပ်က္စီးသြားတာ သိသူလဲရွိမယ္ မသိသူလဲ ရွိပါမယ္ …

အဲ့အခ်ိန္ကၾကည္သာ onlinကေနမွ make up blogger လုပ္မယ္ make up နဲ႔ ပတ္သတ္ တာေတြ လုပ္မယ္ဆိုၿပီး Bangkok မွာ international makeup school တက္ၿပီး ျပန္လာတဲ့ ခ်ိန္ေပါ့ေနာ္ …

( ဒါက ၂၀၁၆ New Yorkက chic studios မွာ professional makeup artist diplomaယူတုံးက ဒီတုံးကအခ်ိဳင့္ေတြ မေပ်ာက္ေသးဘူး)အတတ္ႂကြဆုံး ျဖစ္ေနတဲ့ အခ်ိန္ အလွအပနဲ႔ ပတ္သတ္ၿပီး လုပ္ကိုင္ပါမယ္ ဆုံးျဖတ္ထားတဲ့ အခ်ိန္မွာမွ ဒီလို steroid နဲ႔ပတ္သတ္ၿပီး ျဖစ္ခဲ့တာပါ ….ဘယ္လိုခံစားခဲ့ရလဲ ေျပာျပပါမယ္ … စျဖစ္ခါစမွာ အရမ္းနာၿပီးေတာ္ေတာ္ ဆိုး႐ႊားသြားလို႔ ထမင္းစားဖို႔ ပါးစပ္မဟႏိုင္ စကားေျပာ ဖို႔ ပါးစပ္ မဟႏိုင္လို႔ အံႀကိတ္သံနဲ႔ စကားေျပာ လက္ဖက္စားတဲ့ဇြန္းနဲ႔ ထမင္းစားခဲ့ရပါတယ္ …

ညဘက္ေတြ မအိပ္ႏိုင္ဘဲ အနာေတြကိုက္ရင္ ထထငိုငိုခဲ့ရတယ္ ။မ်က္ႏွာ မသစ္ႏိုင္လို႔ လက္ကို ေရဆြတ္ပီး သာသာေလး တို႔ရတယ္ ေခါင္းငုံ႔တာနဲ႔ အနာေတြ တင္းပီးကိုက္လို႔ ေခါင္းမငုံ႔ ႏိုင္ခဲ့သလို ေခါင္းအုံးေပၚ မ်က္ႏွာအပ္ မအိပ္ႏိုင္ေဘးေစာင္း မအိပ္ႏိုင္ခဲ့ဘူး ။လူၾကားထဲမသြားရဲပဲ ကိုယ္မ်က္ႏွာကို mask အုပ္ၿပီးအၿမဲေနခဲ့ရတယ္ ။ မ်က္ႏွာႀကီးတခုလုံး စုတ္ျပတ္သြားခဲ့တယ္ ။ ကိုယ္ဝါသနာ ပါတဲ့ အလွအပ အလုပ္နဲ႔ လုံးဝေဝးကြာၿပီး စိတ္ဓာတ္ က်ခဲ့ရပါတယ္ ။အခု ဘယ္လိုေက်ာ္လႊားခဲ့လဲ ? ဘာေတြရင္ဆိုင္ခဲ့ရလဲေျပာျပမယ္ ေနာ္ … အၿမဲစိတ္ဓာတ္က်ၿပီး ေနေနလို႔မရဘူး ။ ကိုယ္တိုင္သိလာ ခဲ့တဲ့ အခ်ိန္မွာ mask အုပ္ၿပီး make up class ေတြဖြင့္ခဲ့တယ္ ။

(ဒါက ၂၀၁၅ ခုႏွစ္ ၃ လပိုင္း ဘန္ေကာက္က Scandinavian makeup studioမွာ တက္တုံးက အဲ့တုံးကမ်က္ႏွာအေကာင္းတိုင္းပဲ) ။ သူတို႔ အျပစ္မဟုတ္ပါဘူး နားလည္ပါတယ္ ဒီေလာက္ျဖစ္ခဲ့ရပါတယ္ ဆိုတာကို ၾကည္သာ ေျပာျပေပးတာပါေနာ္ ။ဒီလိုနဲ႔ ေပ်ာက္ေအာင္ကုမယ္ ဆုံးျဖတ္ခဲ့ေပမယ့္ မ်က္ႏွာတခုလုံး ဒီဘ၀ အေကာင္းတိုင္း ျပန္မျဖစ္ေတာ့ဘူး ဒီလိုပဲ တသက္လုံးေနရေတာ့မယ္ ထင္ပီး ရယ္လိုက္ငိုလိုက္ ျဖစ္ခဲ့တဲ့ ေန႔ေတြညေတြထပ္လဲ မလိုခ်င္ေတာ့လို႔ပါ ။

ၾကည္သာအခု ဒီေန႔ steroid ေၾကာင့္ႀကဳံခဲ့ရတာ ေတြေျပာျပခဲ့ၿပီးၿပီေနာ္ ဘယ္ေလာက္ဆိုး႐ြားခဲ့လဲ ပုံေတြကို ၾကည့္ပါေနာ္ ။ ေျပာျပခ်င္တာ လုံးဝ လုံးဝ onlineက ေတြ႕သမွ်မသုံးပါနဲ႔။ ၾကည္သာ့ကို နမူနာ ၾကည့္ပါ ။ ခ်စ္ရတဲ့ မိန္းကေလးတို႔ရဲ႕ လွပတဲ့ မ်က္ ႏွာေလးေတြ မပ်က္စီးရေအာင္း မွ်ေဝေပးလိုက္ ရပါတယ္ေနာ္ ။

unicode

အွန်လိုင်းမှာ ကြော်ငြာရောင်းနေတဲ့ မိတ်ကပ် တွေ ဝယ်လိမ်းမိ လို့ ဘဝပျက်မတတ် ဖြစ်ခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အဖြစ်

ကြည်သာ ဒီနေ့ အဓိကပြောပြချင်တာက လူတိုင်း သိထားသင့်တဲ့ steriod ကြောင့် ထိခိုက်ခံခဲ့ရ တာတွေပါ ။ ၅နစ်နီးပါး ကိုယ်တိုင် ကြုံခဲ့ရတာတွေမလို့ သေချာအသေးစိတ် ပြောပြပေး ပါမယ်နော် ။အခုဆို အလှကုန် တံဆိပ်ပေါင်းစုံ onlineကနေ MLM ပုံစံတွေနဲ့ ဝင်လာတော့ ကြည်သာ့ လိုမဖြစ်အောင် မျက်နှာလေးတွေ မပျက်စီးရအာင် အမုန်းခံပြီးကို ဒီ post လေးကို ရေးလိုက် ပါတယ်နော် …လွန်ခဲ့တဲ့ ၅ နှစ်ဆိုတာ ခုချိန်လို ဘယ်အရာမှ အလွယ်တကူ သိဖို့ ခေတ်မမှီသေးတဲ့အချိန် os တွေ facebookမှာ စခေတ်စားချိန် FDA approved ရတဲ့ ပစ္စည်းဆိုတာ ဘာမှန်း မသိသေးချိန် steroid ဆိုတာ ဘာမှန်း မသိသေးချိန် blogger ဆိုတာ လက် ၅ ချောင်းမပြည့်သေးချိန် ထိုင်းကပစ္စည်းတွေ မြန်မာပြည်ကို online က စဝင်လာတဲ့အချိန် မင်းသားမင်းသမီးတွေ သူတို့ရဲ့ အဆက်အနွယ်တွေက သုံးတယ် ပြောရင် အဟုတ်မှတ်တဲ့ အချိန် ခေတ်မမှီသေးတဲ့ အချိန်ပေါ့နော်…

ကြည်သာ့လို Bangkok visa free မဟုတ်သေး ချိန်မှာ bangkok မှာ မိတ်ကပ် ကျောင်းသွားတက်ဖို့ထိ ခေတ်မီတဲ့လူ တောင် ဒီပစ္စည်းကို သုံးမိတယ်ဆို brand imageက ဘာလဲ ဆိုတာ သိကြသူတွေရှိမှာပါ ။ အဲ့အချိန်တုံးက အသက်ငယ်သေးတာရော steroid ဆိုတာဘာလဲ မသိခဲ့တာတွေရောကြောင့် သုံးမိခဲ့တာပါ အပေါစား ပစ္စည်းကို စမ်းခဲ့တာ လုံးဝ မဟုတ်ပါနော် 🙂

ကဲ အရင်ဆုံး … ဘယ်လိုကြုံတွေခဲ့ရလဲ ကြည်သာ ပြောပြပါမယ်။ကြည်သာ စဖြစ်ခဲ့တာ ကတော့ 2015 လောက်မှာ ပြသနာ အတော်တက်သွားတဲ့ steroid ပါတဲ့ cream တမျိုး လိမ်းပီး ပျက်စီးသွားတာ သိသူလဲရှိမယ် မသိသူလဲ ရှိပါမယ် …

အဲ့အချိန်ကကြည်သာ onlinကနေမှ make up blogger လုပ်မယ် make up နဲ့ ပတ်သတ် တာတွေ လုပ်မယ်ဆိုပြီး Bangkok မှာ international makeup school တက်ပြီး ပြန်လာတဲ့ ချိန်ပေါ့နော် …

( ဒါက ၂၀၁၆ New Yorkက chic studios မှာ professional makeup artist diplomaယူတုံးက ဒီတုံးကအချိုင့်တွေ မပျောက်သေးဘူး)အတတ်ကြွဆုံး ဖြစ်နေတဲ့ အချိန် အလှအပနဲ့ ပတ်သတ်ပြီး လုပ်ကိုင်ပါမယ် ဆုံးဖြတ်ထားတဲ့ အချိန်မှာမှ ဒီလို steroid နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တာပါ ….ဘယ်လိုခံစားခဲ့ရလဲ ပြောပြပါမယ် … စဖြစ်ခါစမှာ အရမ်းနာပြီးတော်တော် ဆိုးရွှားသွားလို့ ထမင်းစားဖို့ ပါးစပ်မဟနိုင် စကားပြော ဖို့ ပါးစပ် မဟနိုင်လို့ အံြကိတ်သံနဲ့ စကားပြော လက်ဖက်စားတဲ့ဇွန်းနဲ့ ထမင်းစားခဲ့ရပါတယ် …

ညဘက်တွေ မအိပ်နိုင်ဘဲ အနာတွေကိုက်ရင် ထထငိုငိုခဲ့ရတယ် ။မျက်နှာ မသစ်နိုင်လို့ လက်ကို ရေဆွတ်ပီး သာသာလေး တို့ရတယ် ခေါင်းငုံ့တာနဲ့ အနာတွေ တင်းပီးကိုက်လို့ ခေါင်းမငုံ့ နိုင်ခဲ့သလို ခေါင်းအုံးပေါ် မျက်နှာအပ် မအိပ်နိုင်ဘေးစောင်း မအိပ်နိုင်ခဲ့ဘူး ။လူကြားထဲမသွားရဲပဲ ကိုယ်မျက်နှာကို mask အုပ်ပြီးအမြဲနေခဲ့ရတယ် ။ မျက်နှာကြီးတခုလုံး စုတ်ပြတ်သွားခဲ့တယ် ။ ကိုယ်ဝါသနာ ပါတဲ့ အလှအပ အလုပ်နဲ့ လုံးဝဝေးကွာပြီး စိတ်ဓာတ် ကျခဲ့ရပါတယ် ။အခု ဘယ်လိုကျော်လွှားခဲ့လဲ ? ဘာတွေရင်ဆိုင်ခဲ့ရလဲပြောပြမယ် နော် … အမြဲစိတ်ဓာတ်ကျပြီး နေနေလို့မရဘူး ။ ကိုယ်တိုင်သိလာ ခဲ့တဲ့ အချိန်မှာ mask အုပ်ပြီး make up class တွေဖွင့်ခဲ့တယ် ။

(ဒါက ၂၀၁၅ ခုနှစ် ၃ လပိုင်း ဘန်ကောက်က Scandinavian makeup studioမှာ တက်တုံးက အဲ့တုံးကမျက်နှာအကောင်းတိုင်းပဲ) ။ သူတို့ အပြစ်မဟုတ်ပါဘူး နားလည်ပါတယ် ဒီလောက်ဖြစ်ခဲ့ရပါတယ် ဆိုတာကို ကြည်သာ ပြောပြပေးတာပါနော် ။ဒီလိုနဲ့ ပျောက်အောင်ကုမယ် ဆုံးဖြတ်ခဲ့ပေမယ့် မျက်နှာတခုလုံး ဒီဘ၀ အကောင်းတိုင်း ပြန်မဖြစ်တော့ဘူး ဒီလိုပဲ တသက်လုံးနေရတော့မယ် ထင်ပီး ရယ်လိုက်ငိုလိုက် ဖြစ်ခဲ့တဲ့ နေ့တွေညတွေထပ်လဲ မလိုချင်တော့လို့ပါ ။

ကြည်သာအခု ဒီနေ့ steroid ကြောင့်ကြုံခဲ့ရတာ တွေပြောပြခဲ့ပြီးပြီနော် ဘယ်လောက်ဆိုးရွားခဲ့လဲ ပုံတွေကို ကြည့်ပါနော် ။ ပြောပြချင်တာ လုံးဝ လုံးဝ onlineက တွေ့သမျှမသုံးပါနဲ့။ ကြည်သာ့ကို နမူနာ ကြည့်ပါ ။ ချစ်ရတဲ့ မိန်းကလေးတို့ရဲ့ လှပတဲ့ မျက် နှာလေးတွေ မပျက်စီးရအောင်း မျှဝေပေးလိုက် ရပါတယ်နော် ။

Add a Comment

Your email address will not be published. Required fields are marked *

12 − five =