




unicode

ဖြူဖွေး ဝင်းဥနေတဲ့ အသား အရည်လေး နဲ့ အသက်( ၃၅)နှစ်လို့ကို ထင်ရက် စရာမရှိအောင် နုပျိုနေ တဲ့အေးမြတ်သူ

ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှု ရှိတဲ့ ပါးချိုင့်လေး ဟာလည်း ပရိသတ်ရင် ကိုထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

အေးမြတ်သူဟာ အနုပညာလောက မှာလည်း ဆယ်စုနှစ်တစ်ခုနီးပါး အောင်မြင်အောင်ရပ်တည်နေနိုင်တဲ့သူလည်းဖြစ်ပြီးတော့ အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတဲ့သူလေးပါ။ သူမရဲ့ ကျစ်လျစ်လှပတဲ့ ဘော်ဒီကောက်ကြောင်းလေးဟာဆိုရင်လည်း ပုရိသတွေသာမက မိန်းကလေးချင်းပါကြွေရတဲ့သူလေးဆို လည်း မမှားပါဘူးနော်။ အေးမြတ်သူဟာ အမြဲပျော်ပျော်နေ တတ်တဲ့သူလည်း ဖြစ်ပြီးတော့ ဆယ်ကျော်သက်လေး‌တစ်ယောက်လိုလည်း နုပျိုနေတာဖြစ်ပါတယ်။

မကြာသေးမီက အေးမြတ်သူဟာ သူမ ရဲ့ Facebookစာမျက်နှာတွင် “သူဖြစ်စေချင်တဲ့ ….. ဖြူစင်သောမိန်းခလေး မဖြစ်ခဲ့တာ…..ကိုယ့်အားနည်းချက်ပါ……အချိန်တိုင်းမဖြူစင်ခဲ့ရင်တောင် မင်းကို ချစ်တဲ့အချိန်မှာတော့ ကိုယ်ဖြူစင်ခဲ့တယ် ….. ချစ်သူ …ဘာမှမခြယ်…မပြင်ဆင်ထားရင်တောင် …. နှုတ်ခမ်းနီလေး ဆိုးရုံနဲ့ လှပမှု ပြည့်စုံတယ်လို့ .. မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကိုယ် နှုတ်ခမ်းနီလေးတော့ အမြဲဆိုးတက် လာပြီ ချစ်သူအသက်၃၅ နှစ် မိန်းမတစ်ဦး က မင်း ချစ်ခြင်းတွေကြောင့် နုပျိုနေတယ်ရှင့်…..”ဆိုပြီးရေးသားလာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-Aye Myat Thu’s Facebook page

Add a Comment

Your email address will not be published. Required fields are marked *

twelve − 9 =