တစ္ပတ္စာ (၇)ရက္ သားသမီ ေဟာ စာတမ္း (13.8.2020 မွ 19.8.2020 အထိ)

တနဂၤေႏြ

ယခုကာလအတြင္း လူယုံထား၍မရပါ။ မလိုလား အပ္ေသာ ျပႆနာမ်ားသည္ သူတစ္ပါးအေပၚ အေျခခံၿပီး ျဖစ္တတ္သည္။ စိတ္လိုက္မာန္ပါ လုပ္ျခင္း မျပဳသင့္ပါ။ စုေပါင္းလုပ္ျခင္းေကာင္းသည္။ သူတစ္ပါးႏွင့္ ညႇိႏႈိင္းတိုင္ပင္ ၿပီးလုပ္ေလ အက်ိဳးေကာင္းေပးေလ ျဖစ္သည္။

ရစရာရွိသည္မ်ား ျပန္လည္ေတာင္းခံရရွိရန္ အခါေကာင္းက်ေရာ သည္။ ေပၚလာေသာ အခြင့္အေရးတိုင္းကို လက္လႊတ္မခံပါႏွင့္။ စနစ္တက် သုံးသပ္ၿပီးမွ ေဆာင္႐ြက္ပါက ထူးျခား စြာေအာင္ျမင္မည္။

တစ္ပါးသူႏွင့္ တြဲလုပ္ျခင္းထက္ တစ္ကိုယ္ေတာ္ လုပ္ပါက အထူးေကာင္းေသာကာလျဖစ္ပါ သည္။ အိမ္တြင္းေရး၊ လူမႈေရးမ်ားတြင္ အညံ့ရွိတတ္ပါသည္။ ေဆြမ်ိဳးအနည္းငယ္ ဒုကၡေပးတတ္သည္။

သူစိမ္း အက်ိဳးေပးမည္။ အၿပိဳင္အဆိုင္၊ အတိုက္အခံမ်ားၾကားမွ တိုးတတ္ေသာ အေနအထားေကာင္းမ်ားစြာ ရရွိမည္။ မသြားဖူး၊ မေရာက္ဖူးေသာ အရပ္ေဝးေဒသမ်ားသို႔ သြားေရာက္ရတတ္ပါတယ္။

အိုးအိမ္၊ ေနရာထိုင္ခင္း၊အေမြ ကိစၥမ်ား ေျပာဆိုေဆာင္႐ြက္ ေအာင္ျမင္ျခင္းမ်ား မိသားစုတြင္ ႀကဳံမည္။ အခ်စ္ေရးမွာေတာ့ အဆိုးဆုံးအေျခအေန ေတြကို ရင္ဆိုင္ရတတ္ပါတယ္။ ခ်စ္သူရဲ႕မေမွ်ာ္လင့္တဲ့ စိမ္းကားမႈေတြကိုရရွိတတ္ပါတယ္။ ပညာေရးအတြက္ ရတက္မေအးျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၅ အထူးေဟာ ကံညံ့တာေလးေတြ ေရာေထြးေနခ်ိန္ျဖစ္ပါတယ္။ ယၾတာ စမူဆာ သုံးခု ဘုရားကပ္လႉေပးပါ။

တနလၤာ

ဒီကာလအတြင္းေစတနာ၊ ေဝဒနာ ျဖစ္တတ္သည္။ အတူေနသူမ်ားႏွင့္ စိတ္ဝမ္း ကြဲရမည္။ လူမ်ိဳးျခား၊ လူမ်ိဳး ကြဲအက်ိဳး ေပးမည္။ သူတစ္ပါးေပးေသာကတိစကားကို ယုံစားမိ၍ စိတ္ေသာက ျဖစ္ရ တတ္သည္။ ပိုင္ပိုင္ႏိုင္ႏိုင္ တြက္ဆထားသည္မ်ား အံေခ်ာ္သြားတတ္ပါသည္။

ပစၥည္းဝယ္ယူျခင္း၊ေလွာင္ျခင္းမ်ားတြင္ ေဈးတတ္ မိတတ္သည္။ အဘက္ဘက္ မွ ေျပာင္းလဲတိုးတတ္ေသာ အေနအထားရွိမည္။ စိတ္ကူးထားသည္မ်ား လက္ေတြ႕လုပ္ေဆာင္ရန္ အခါေကာင္း က်ေရာက္သည္။ ေငြလက္လြန္ႏိုင္သည္။ အေျခအေန သစ္၊ တိုးတတ္မႈသစ္မ်ား ေပၚထြန္းေနမည္။

အေျခအေနႏွင့္ အခ်ိန္အခါသည္ အလုပ္တစ္ခုခု၊ အႀကံအစည္တစ္ခုခု လုပ္ရန္အတြက္ သင့္ေတာ္သည္။ အခက္အခဲ မည္မွ်ရွိေစ၊ အဆုံးပိုင္းတြင္ အဆင္ေျပ ေအာင္ျမင္သြားမည္။ ရပ္တန႔္ထားေသာကိစၥမ်ား ျပန္စတင္ပါ။

ျပတ္ေနေသာ အဆက္အသြယ္မ်ားႏွင့္ ျပန္လည္ခ်ိတ္ဆက္မိေသာ အေနအထားရွိပါသည္။ ခရီးႏွင့္အေျပာင္းအလဲ ေကာင္းမ်ားႀကဳံ မည္။ ေငြေၾကးကိစၥေတြမွာ လက္လြတ္စပယ္ေငြမေခ်းလိုက္ပါနဲ႔။

ေလာင္းကစားလုပ္မိရင္ အဆုံးအရႈံးမ်ားႏိုင္တဲ့ကာ လျဖစ္ပါတယ္။အခ်စ္ေရးကိစၥေတြမွာ အေရးႀကဳံလာရင္ ႏွလုံးသားခံစားခ်က္ထက္ ဦးေႏွာက္ရဲ႕ဆုံးျဖတ္ခ်က္ကို အတည္ယူသင့္တဲ့အခ်ိန္ပါပဲ။ ပညာရွာေနသူမ်ား ဆရာေကာင္းနဲ႔ ႀကဳံဆုံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၈/၉ အထူးေဟာ အေကာင္းအဆိုးမွ်ေနတတ္ပါတယ္။ ယၾတာ သရက္ယို ဘုရားကပ္လႉေပးပါ။

အဂၤါ

ဒီကာလအတြင္းအလုပ္ပင္ပန္းေနမည္။ မိုးလင္းမိုးခ်ဳပ္ အလုပ္အေပၚ အခ်ိန္ေပးေနရမည္။ ဆန႔္က်င္ သူမ်ား ေပါမ်ားမည္။ စကားမ်ား အမွားမွား အယြင္းယြင္း ျဖစ္တတ္ပါသည္။ ေခါင္းမာ ဇြတ္တ႐ြတ္ လုပ္တတ္၍ အမွားမ်ား ပါတတ္သည္။

အခါတိုင္းထက္ ေငြမ်ား ပိုမိုဝင္၍ ေငြေၾကးမ်ားမ်ားျမင္က အခါတိုင္းထက္ပိုၿပီး သုံးစြဲလိုစိတ္မ်ား ေနမည္။ ေရာက္ရွိေနေသာ အေနအထားကို မေပ်ာ္ပိုက္ပဲ ေရွ႕တိုးလိုစိတ္မ်ား အလြန္အမင္း ျပင္းထန္ေနတတ္သည္။ ကိုယ့္ကိုကိုယ္ အားမလို၊ အားမရျဖစ္ေနလိမ့္မည္။

အစစအရာရာ အဆင္ေျပ ေအာင္ျမင္ျခင္း လမ္းမေပၚသို႔ ေျခခ်ႏိုင္ ပါေတာ့မည္။ ျပႆနာေဟာင္းမ်ား ျပန္လည္ေျဖရွင္းရမည္။ ေငြေၾကးႏွင့္ပတ္သက္ေသာစကားမ်ား ေျပာရတတ္ သည္။ မေျပာ မျဖစ္ ေျပာရမည့္သူမ်ားသည္လည္း ေဆြရင္း၊ မ်ိဳးရင္း၊ မကင္းရာ၊ မကင္းေၾကာင္း ျဖစ္ေနမည္။

လက္လႊဲ၊ လက္ေျပာင္း လုပ္၍ေကာင္းပါသည္။ ခရီးသြားရန္ ႀကံ႐ြယ္ပါက ေ႐ႊ႕ဆိုင္းလိုက္ပါ။ မတတ္သာ၍ သြားပါက လည္း အခ်ိန္ကို ေ႐ႊ႕ေျပာင္းၿပီးမွ သြားပါ။ မိမိသြားမည့္ခရီးစဥ္ကို သူတစ္ပါးအား မေျပာဘဲ သြားပါ။

အခ်စ္ေရး အိမ္ေထာင္ေရးကိစၥမ်ား အညံ့အဆိုးမ်ားေနတယ္ဆိုတာကို ေမ့မထားသင့္ပါဘူး။မိတ္ေဆြေကာင္းေတြဆီက အကူ အညီေကာင္းေတြရလာတတ္ပါတယ္။ပညာေရး အေကာင္းမ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၅/၀ အထူးေဟာ အလုပ္တိုးတတ္မည္။ ေငြကုန္ေၾကးက်မ်ားမည္။ ယၾတာ ဒံေပါက္တစ္ပြဲ ဘုရားကပ္လႉေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းသူတစ္ပါးအေပၚ လႊမ္းမိုးႏိုင္ေသာ အေနအထားရွိမည္။ ျပႆနာအခက္အခဲမ်ား ေျဖရွင္း ေက်ာ္လႊားႏိုင္မည့္ အေနအထားရွိသည္။ စာရင္း၊ဇယားအရႈပ္အေထြးမ်ားစြာ ေျဖရွင္းရမည္။ သစ္လြင္ေသာဝန္းက်င္ ႏွင့္ ဆက္ဆံရမည္။

မိတ္ေကာင္း၊ ေဆြေကာင္း အေထာက္အကူရမည္။ အလႉအတန္းမ်ား ပါဝင္ပတ္သက္ရမည္။ အလုပ္မွန္သမွ် အေႂကြးထား၊ အခ်ိန္ဆြဲကာ ေရသာခို အေခ်ာင္လိုက္ ေနေသာသူမ်ားႏွင့္ တြဲဖက္လုပ္ကိုင္ေနရမည္။ မရည္ ႐ြယ္ ထားေသာ ခရီးမ်ား သြားလာရမည္။

လုပ္လိုေသာ ကိစၥမွန္သမွ် ဆိုင္းငံ့ထားရမည္။ မလုပ္လိုေသာ ကိစၥ မ်ား ကို ဦးစားေပး၍ လုပ္ကိုင္ရျခင္းမ်ား ရွိမည္။ အေပ်ာ္အပါးဘက္ ဦးစားေပးတဲ့လူငယ္မ်ားဖခင္နဲ႔ ပဋိပကၡျဖစ္ မည္။ မေတာ္တဆ ထိခိုက္မႈအႏၲရာယ္မ်ား ဂ႐ုစိုက္ရ မည္။

ခရီးသြားစဥ္ ခါးပိုက္ႏႈိက္ခံရတတ္သည္။ ပစၥည္းေပ်ာက္ တတ္ သည္။ အခက္ အခဲ မ်ားၾကားမွ ေအာင္ျမင္တိုးတတ္မႈမ်ား ျဖစ္ေပၚမည္။ အထင္အျမင္လြဲမွားမႈမ်ား ေျဖရွင္းရ မည္။ အထက္လူႀကီးၿငိဳျငင္ေအာင္မေနပါႏွင့္။

အိမ္ေထာင္သည္အမ်ိဳးသမီးမ်ား ကိုယ့္အိမ္ေထာင္ဘက္မႀကိဳက္တဲ့ စကားေတြကိုေရွာင္ပါ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူက စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္နဲ႔ အေျပာင္းအလဲမ်ားေနမည္။ ပညာေရးမွာေတာ့ ေက်ာင္းစာထက္ အေပ်ာ္ဘက္ကို စိတ္ပိုဝင္စားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၆/၉ အထူးေဟာ အလုပ္မ်ားၿပီး ႏွစ္ေယာက္စာေလာက္လုပ္ကိုင္ ေနရမည္။ ယၾတာ အုန္းႏို႔ေခါက္ဆြဲ ဘုရားကပ္လႉေပးပါ။

ၾကာသပေတး

ဒီကာလအတြင္းပတ္ဝန္းက်င္တြင္ အေျပာင္းအလဲမ်ားစြာ ျဖစ္မည္။ ယခင္က ရန္ျပႆနာျဖစ္ခဲ့ဖူး သူမ်ား ႏွင့္ ပူးေပါင္း၍ လုပ္ကိုင္ရမည္။ မ်က္စိႏွင့္ ပတ္သက္၍ ေဆး႐ုံ၊ ေဆးခန္းေရာက္မည္။ စကားမတည္သူမ်ားႏွင့္ ေတြ႕မည္။

လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားတတ္သည္။ ေရွ႕တြင္တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳး ဆက္ဆံေသာသူမ်ားႏွင့္ ေတြ႕ရမည္။ အသားထဲက ေလာက္ထြက္ဆိုေသာ စကားထဲက အတိုင္းျဖစ္မည္။ စာ႐ြက္၊ စာတမ္း၊ စာရင္းဇယားကိစၥ၊ ေငြေၾကး ကိစၥ၊ အရႈပ္အေထြးမ်ား ေျဖရွင္းရမည္။

ကာလအတန္ၾကာ ေျဖရွင္းရန္ ခက္ခဲေသာ ျပႆနာမ်ား ၿပီးေျမာက္ေအာင္ ေျဖရွင္းႏိုင္မည္။ အသက္အ႐ြယ္ ႀကီးရင့္သူတို႔၏ က်န္းမာေရးကို အထူးဂ႐ုစိုက္ရမည္။ မူလရည္မွန္းထားသည္တို႔ကို လက္ေတြ႕ အေကာင္အထည္ ေဖၚရာ၌ ေမွ်ာ္လင့္ထားသည့္ ရလဒ္ကို မရရွိႏိုင္ေသးပါ။

အေရးပါေသာ ဆုံးျဖတ္ခ်က္ မ်ား ခ်မွတ္ႏိုင္ပါသည္။ အတား အဆီး၊ အေႏွာက္အယွက္မ်ား ေက်ာ္လႊားႏိုင္မည္။ ေပၚေပါက္လာေသာ အခြင့္အေရး သစ္တို႔ကို လက္ေတြ႕အသုံးခ်၍ တိုးတတ္ေအာင္ျမင္မည္။

အိမ္ေထာင္ေရးမွာေတာ့ စိတ္ေအးခ်မ္း သာယာပါလိမ့္ မယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္ေျပေပမယ့္ သူကအလုပ္မ်ားေနလို႔ ဂ႐ုမစိုက္ႏိုင္တာကိုနားလည္ေပးဖို႔လိုပါ တယ္။ ပညာေရးမွာေတာ့ က်န္းမာေရး ေၾကာင့္ ပညာေရး အေႏွာက္အယွက္ျဖစ္ရမည္။

အက်ိဳးေပးဂဏန္း ၂/၇/၀ အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ေစခ်င္ပါတယ္။ ယၾတာ ႏို႔ၾကက္ဥတစ္ခြက္ ဘုရားရွင္အားကပ္လႉပါ။

ေသာၾကာ

ဒီကာလအတြင္းဆုံးျဖတ္ခ်က္ခိုင္မာမႈ၊ ဇြဲႀကီးမႈႏွင့္ အခက္အခဲမ်ားကို ျပတ္သားစြာ ရင္ဆိုင္ တတ္ျခင္း ေၾကာင့္ေအာင္ျမင္မႈရ ရွိမည္။ ဦးတည္ေဆာင္႐ြက္ေသာ ကိစၥမ်ား အလုံးစုံေအာင္ျမင္မည္။ မိတ္ေကာင္း၊ ေဆြေကာင္း အကူအညီမ်ားရမည္။

အႀကီးအကဲမ်ားထံမွ အေထာက္အကူေကာင္းမ်ားရမည္။ ကာလအတန္ၾကာ ေမွ်ာ္လင့္ေစာင့္ စားေနေသာ ကိစၥမ်ား အခြင့္အလမ္းရ၍ အဆင္ေျပမည္။ ပညာသင္တန္းႏွင့္ ပတ္သက္ၿပီး ေအာင္ျမင္မႈ ရလိမ့္မည္။ စာနာနားလည္သူမ်ားႏွင့္ ႀကဳံေတြ႕ရမည္။

စိတ္ခ်မ္းေျမ့ရမည္။ ကိုယ္ေရး ကိုယ္တာကိစၥထက္ တစ္ပါးသူေရးရာကိစၥ အျဖာျဖာကို ဦးစားေပးေဆာင္႐ြက္ရမည္။ ျပန္လည္မဆက္သြယ္သင့္ ေသာ သံေယာဇဥ္အေဟာင္းမ်ားႏွင့္ ဆက္ သြယ္မိ၍ စိတ္ေသာကျဖစ္မည္။ ၿပီးေျမာက္ခါနီးမွ အေႏွာက္အယွက္ေပးရန္ ႀကံစည္ေနသူမ်ားရွိမည္။

စကား ကတိ မတည္သူမ်ားႏွင့္ေတြ႕မည္။ အလုပ္သစ္မ်ား စတင္ရန္ အခ်ိန္အခါေကာင္းသို႔ က်ေရာက္ေနခ်ိန္ ျဖစ္၍ အားႏွင့္မာန္ ႏွင့္သာ တစ္ရွိန္ထိုး ႀကိဳးစားလုပ္ကိုင္လိုက္ပါ။ မၿပီးျပတ္ေသးေသာကိစၥ မ်ားကို အဆုံးသတ္သင့္ေသာ ကာလ ျဖစ္ သည္။

က်န္းမာေရးကေတာ့ ဦးေခါင္းကိုက္ခဲတာမ်ိဳးနဲ႔ အာ႐ုံေၾကာအားနည္းတာမ်ိဳး ျဖစ္တတ္သည္။ ခ်စ္သူ အိမ္ေထာင္ဘက္ရဲ႕ ရာထူးတိုး၊ လုပ္ငန္းေအာင္ျမင္ေသာ သတင္းေကာင္းမ်ား ၾကားရတတ္ပါသည္။

အက်ိဳးေပးဂဏန္း ၁/၃/၆ အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။ ယၾတာ နဂါး ေမာက္သီး ဘုရားကပ္လႉေပးပါ။

စေန

ဒီကာလအတြင္းဘဝအေျခအေန ျမင့္မားတိုးတတ္မည္။ ေငြဝင္မည္။ ၾကန႔္ၾကာေနေသာ ရပိုင္ခြင့္ မ်ား ျပန္ လည္ရရွိမည္။ လုပ္ငန္းမရွိသူ လုပ္ငန္းရ၍ လုပ္ငန္းရွိသူမ်ား အလုပ္စီးပြား တိုးတတ္မည္။ လုပ္အားေၾကာင့္သာမက ကံေၾကာင့္ ေငြဝင္မည္။

တစ္ပါးသူႏွင့္မတူေသာ ရႈေထာင့္မွ လုပ္ကိုင္မွ အက်ိဳးစီးပြား ျဖစ္ထြန္းမည္။ သြားေရာက္ ေနက်မဟုတ္ေသာ အရပ္သို႔ အခ်ိန္အခါ မဟုတ္ လည္ပတ္ျခင္းမ်ား မျပဳသင့္ပါ။ ပစၥည္းေလွာင္ျခင္း၊ ေဈးကစား ျခင္းမ်ား မျပဳရပါ။

စက္ပစၥည္း၊ လွ်ပ္စစ္ ပစၥည္းမ်ား အဝယ္မွားတတ္သည္။ ေငြေၾကးကံေကာင္းမည္။ ေနရာ အေျပာင္းအလဲႏွင့္ တိုးတတ္မည္။ တစ္ခုထက္မကေသာ အလုပ္ကိစၥမ်ားကို တစ္ၿပိဳင္နက္တည္း လုပ္ကိုင္ရတတ္ သည္။

မထင္မွတ္ထားသူတို႔၏ လိမ္ညာမႈကို ခံစားရတတ္သကဲ့သို႔ မေမွ်ာ္လင့္ထားသူတစ္ဦး၏ ကူညီမႈကိုလည္း ရရွိတတ္ပါသည္။ ေမတၱာေရး ကံေကာင္းမည္။ခ်စ္ရသူဆီက ေမွ်ာ္လင့္ထားတဲ့အေျဖစကားၾကားရမည္။ ခ်စ္သူ လက္မဲ့ျဖစ္ေနသူမ်ား ခ်စ္သူအသစ္ရလြယ္သည္။

အိမ္ေထာင္ေရးမွာေတာ့ ယုန္ကမတိုး ပိုက္ကတိုးဆိုတဲ့ အေျခ အေနေတြျဖစ္တတ္ပါတယ္။ က်န္းမာေရးေကာင္းေပမယ့္ ေခါင္းေလွ်ာ္တာကို ဆင္ျခင္ပါ။ ပညာေရးနဲ႔ပက္သက္ၿပီး အားေကာင္းေပမယ့္ ႏွလုံးသားေရး ကိစၥေတြကို ပိုမိုအာ႐ုံစိုက္မိေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၈ အထူးေဟာ ေငြေၾကးကံ၊ ေမတၱာေရးကံေကာင္းမည္။ ယၾတ ကေလးေတြကို စာေရးကိရိယာတစ္ခုခု လက္ေဆာင္ေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 / 09 44 5555 695

unicode

တစ်ပတ်စာ (၇)ရက် သားသမီ ဟော စာတမ်း (13.8.2020 မှ 19.8.2020 အထိ)

တနင်္ဂနွေ

ယခုကာလအတွင်း လူယုံထား၍မရပါ။ မလိုလား အပ်သော ပြဿနာများသည် သူတစ်ပါးအပေါ် အခြေခံပြီး ဖြစ်တတ်သည်။ စိတ်လိုက်မာန်ပါ လုပ်ခြင်း မပြုသင့်ပါ။ စုပေါင်းလုပ်ခြင်းကောင်းသည်။ သူတစ်ပါးနှင့် ညှိနှိုင်းတိုင်ပင် ပြီးလုပ်လေ အကျိုးကောင်းပေးလေ ဖြစ်သည်။

ရစရာရှိသည်များ ပြန်လည်တောင်းခံရရှိရန် အခါကောင်းကျရော သည်။ ပေါ်လာသော အခွင့်အရေးတိုင်းကို လက်လွှတ်မခံပါနှင့်။ စနစ်တကျ သုံးသပ်ပြီးမှ ဆောင်ရွက်ပါက ထူးခြား စွာအောင်မြင်မည်။

တစ်ပါးသူနှင့် တွဲလုပ်ခြင်းထက် တစ်ကိုယ်တော် လုပ်ပါက အထူးကောင်းသောကာလဖြစ်ပါ သည်။ အိမ်တွင်းရေး၊ လူမှုရေးများတွင် အညံ့ရှိတတ်ပါသည်။ ဆွေမျိုးအနည်းငယ် ဒုက္ခပေးတတ်သည်။

သူစိမ်း အကျိုးပေးမည်။ အပြိုင်အဆိုင်၊ အတိုက်အခံများကြားမှ တိုးတတ်သော အနေအထားကောင်းများစွာ ရရှိမည်။ မသွားဖူး၊ မရောက်ဖူးသော အရပ်ဝေးဒေသများသို့ သွားရောက်ရတတ်ပါတယ်။

အိုးအိမ်၊ နေရာထိုင်ခင်း၊အမွေ ကိစ္စများ ပြောဆိုဆောင်ရွက် အောင်မြင်ခြင်းများ မိသားစုတွင် ကြုံမည်။ အချစ်ရေးမှာတော့ အဆိုးဆုံးအခြေအနေ တွေကို ရင်ဆိုင်ရတတ်ပါတယ်။ ချစ်သူရဲ့မမျှော်လင့်တဲ့ စိမ်းကားမှုတွေကိုရရှိတတ်ပါတယ်။ ပညာရေးအတွက် ရတက်မအေးဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၅ အထူးဟော ကံညံ့တာလေးတွေ ရောထွေးနေချိန်ဖြစ်ပါတယ်။ ယတြာ စမူဆာ သုံးခု ဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်းစေတနာ၊ ဝေဒနာ ဖြစ်တတ်သည်။ အတူနေသူများနှင့် စိတ်ဝမ်း ကွဲရမည်။ လူမျိုးခြား၊ လူမျိုး ကွဲအကျိုး ပေးမည်။ သူတစ်ပါးပေးသောကတိစကားကို ယုံစားမိ၍ စိတ်သောက ဖြစ်ရ တတ်သည်။ ပိုင်ပိုင်နိုင်နိုင် တွက်ဆထားသည်များ အံချော်သွားတတ်ပါသည်။

ပစ္စည်းဝယ်ယူခြင်း၊လှောင်ခြင်းများတွင် ဈေးတတ် မိတတ်သည်။ အဘက်ဘက် မှ ပြောင်းလဲတိုးတတ်သော အနေအထားရှိမည်။ စိတ်ကူးထားသည်များ လက်တွေ့လုပ်ဆောင်ရန် အခါကောင်း ကျရောက်သည်။ ငွေလက်လွန်နိုင်သည်။ အခြေအနေ သစ်၊ တိုးတတ်မှုသစ်များ ပေါ်ထွန်းနေမည်။

အခြေအနေနှင့် အချိန်အခါသည် အလုပ်တစ်ခုခု၊ အကြံအစည်တစ်ခုခု လုပ်ရန်အတွက် သင့်တော်သည်။ အခက်အခဲ မည်မျှရှိစေ၊ အဆုံးပိုင်းတွင် အဆင်ပြေ အောင်မြင်သွားမည်။ ရပ်တန့်ထားသောကိစ္စများ ပြန်စတင်ပါ။

ပြတ်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်မိသော အနေအထားရှိပါသည်။ ခရီးနှင့်အပြောင်းအလဲ ကောင်းများကြုံ မည်။ ငွေကြေးကိစ္စတွေမှာ လက်လွတ်စပယ်ငွေမချေးလိုက်ပါနဲ့။

လောင်းကစားလုပ်မိရင် အဆုံးအရှုံးများနိုင်တဲ့ကာ လဖြစ်ပါတယ်။အချစ်ရေးကိစ္စတွေမှာ အရေးကြုံလာရင် နှလုံးသားခံစားချက်ထက် ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကို အတည်ယူသင့်တဲ့အချိန်ပါပဲ။ ပညာရှာနေသူများ ဆရာကောင်းနဲ့ ကြုံဆုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၈/၉ အထူးဟော အကောင်းအဆိုးမျှနေတတ်ပါတယ်။ ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလအတွင်းအလုပ်ပင်ပန်းနေမည်။ မိုးလင်းမိုးချုပ် အလုပ်အပေါ် အချိန်ပေးနေရမည်။ ဆန့်ကျင် သူများ ပေါများမည်။ စကားများ အမှားမှား အယွင်းယွင်း ဖြစ်တတ်ပါသည်။ ခေါင်းမာ ဇွတ်တရွတ် လုပ်တတ်၍ အမှားများ ပါတတ်သည်။

အခါတိုင်းထက် ငွေများ ပိုမိုဝင်၍ ငွေကြေးများများမြင်က အခါတိုင်းထက်ပိုပြီး သုံးစွဲလိုစိတ်များ နေမည်။ ရောက်ရှိနေသော အနေအထားကို မပျော်ပိုက်ပဲ ရှေ့တိုးလိုစိတ်များ အလွန်အမင်း ပြင်းထန်နေတတ်သည်။ ကိုယ့်ကိုကိုယ် အားမလို၊ အားမရဖြစ်နေလိမ့်မည်။

အစစအရာရာ အဆင်ပြေ အောင်မြင်ခြင်း လမ်းမပေါ်သို့ ခြေချနိုင် ပါတော့မည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ ငွေကြေးနှင့်ပတ်သက်သောစကားများ ပြောရတတ် သည်။ မပြော မဖြစ် ပြောရမည့်သူများသည်လည်း ဆွေရင်း၊ မျိုးရင်း၊ မကင်းရာ၊ မကင်းကြောင်း ဖြစ်နေမည်။

လက်လွှဲ၊ လက်ပြောင်း လုပ်၍ကောင်းပါသည်။ ခရီးသွားရန် ကြံရွယ်ပါက ရွှေ့ဆိုင်းလိုက်ပါ။ မတတ်သာ၍ သွားပါက လည်း အချိန်ကို ရွှေ့ပြောင်းပြီးမှ သွားပါ။ မိမိသွားမည့်ခရီးစဉ်ကို သူတစ်ပါးအား မပြောဘဲ သွားပါ။

အချစ်ရေး အိမ်ထောင်ရေးကိစ္စများ အညံ့အဆိုးများနေတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။မိတ်ဆွေကောင်းတွေဆီက အကူ အညီကောင်းတွေရလာတတ်ပါတယ်။ပညာရေး အကောင်းများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၀ အထူးဟော အလုပ်တိုးတတ်မည်။ ငွေကုန်ကြေးကျများမည်။ ယတြာ ဒံပေါက်တစ်ပွဲ ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းသူတစ်ပါးအပေါ် လွှမ်းမိုးနိုင်သော အနေအထားရှိမည်။ ပြဿနာအခက်အခဲများ ဖြေရှင်း ကျော်လွှားနိုင်မည့် အနေအထားရှိသည်။ စာရင်း၊ဇယားအရှုပ်အထွေးများစွာ ဖြေရှင်းရမည်။ သစ်လွင်သောဝန်းကျင် နှင့် ဆက်ဆံရမည်။

မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရမည်။ အလှူအတန်းများ ပါဝင်ပတ်သက်ရမည်။ အလုပ်မှန်သမျှ အကြွေးထား၊ အချိန်ဆွဲကာ ရေသာခို အချောင်လိုက် နေသောသူများနှင့် တွဲဖက်လုပ်ကိုင်နေရမည်။ မရည် ရွယ် ထားသော ခရီးများ သွားလာရမည်။

လုပ်လိုသော ကိစ္စမှန်သမျှ ဆိုင်းငံ့ထားရမည်။ မလုပ်လိုသော ကိစ္စ များ ကို ဦးစားပေး၍ လုပ်ကိုင်ရခြင်းများ ရှိမည်။ အပျော်အပါးဘက် ဦးစားပေးတဲ့လူငယ်များဖခင်နဲ့ ပဋိပက္ခဖြစ် မည်။ မတော်တဆ ထိခိုက်မှုအန္တရာယ်များ ဂရုစိုက်ရ မည်။

ခရီးသွားစဉ် ခါးပိုက်နှိုက်ခံရတတ်သည်။ ပစ္စည်းပျောက် တတ် သည်။ အခက် အခဲ များကြားမှ အောင်မြင်တိုးတတ်မှုများ ဖြစ်ပေါ်မည်။ အထင်အမြင်လွဲမှားမှုများ ဖြေရှင်းရ မည်။ အထက်လူကြီးငြိုငြင်အောင်မနေပါနှင့်။

အိမ်ထောင်သည်အမျိုးသမီးများ ကိုယ့်အိမ်ထောင်ဘက်မကြိုက်တဲ့ စကားတွေကိုရှောင်ပါ။ အချစ်ရေးမှာတော့ ချစ်သူက စိတ်ကောက်လိုက် ပြန်ချစ်လိုက်နဲ့ အပြောင်းအလဲများနေမည်။ ပညာရေးမှာတော့ ကျောင်းစာထက် အပျော်ဘက်ကို စိတ်ပိုဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော အလုပ်များပြီး နှစ်ယောက်စာလောက်လုပ်ကိုင် နေရမည်။ ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ဒီကာလအတွင်းပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာ ဖြစ်မည်။ ယခင်က ရန်ပြဿနာဖြစ်ခဲ့ဖူး သူများ နှင့် ပူးပေါင်း၍ လုပ်ကိုင်ရမည်။ မျက်စိနှင့် ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းရောက်မည်။ စကားမတည်သူများနှင့် တွေ့မည်။

လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဆက်ဆံသောသူများနှင့် တွေ့ရမည်။ အသားထဲက လောက်ထွက်ဆိုသော စကားထဲက အတိုင်းဖြစ်မည်။ စာရွက်၊ စာတမ်း၊ စာရင်းဇယားကိစ္စ၊ ငွေကြေး ကိစ္စ၊ အရှုပ်အထွေးများ ဖြေရှင်းရမည်။

ကာလအတန်ကြာ ဖြေရှင်းရန် ခက်ခဲသော ပြဿနာများ ပြီးမြောက်အောင် ဖြေရှင်းနိုင်မည်။ အသက်အရွယ် ကြီးရင့်သူတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ရမည်။ မူလရည်မှန်းထားသည်တို့ကို လက်တွေ့ အကောင်အထည် ဖေါ်ရာ၌ မျှော်လင့်ထားသည့် ရလဒ်ကို မရရှိနိုင်သေးပါ။

အရေးပါသော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ပါသည်။ အတား အဆီး၊ အနှောက်အယှက်များ ကျော်လွှားနိုင်မည်။ ပေါ်ပေါက်လာသော အခွင့်အရေး သစ်တို့ကို လက်တွေ့အသုံးချ၍ တိုးတတ်အောင်မြင်မည်။

အိမ်ထောင်ရေးမှာတော့ စိတ်အေးချမ်း သာယာပါလိမ့် မယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေပေမယ့် သူကအလုပ်များနေလို့ ဂရုမစိုက်နိုင်တာကိုနားလည်ပေးဖို့လိုပါ တယ်။ ပညာရေးမှာတော့ ကျန်းမာရေး ကြောင့် ပညာရေး အနှောက်အယှက်ဖြစ်ရမည်။

အကျိုးပေးဂဏန်း ၂/၇/၀ အထူးဟော ကျန်းမာရေးဂရုစိုက်စေချင်ပါတယ်။ ယတြာ နို့ကြက်ဥတစ်ခွက် ဘုရားရှင်အားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်းဆုံးဖြတ်ချက်ခိုင်မာမှု၊ ဇွဲကြီးမှုနှင့် အခက်အခဲများကို ပြတ်သားစွာ ရင်ဆိုင် တတ်ခြင်း ကြောင့်အောင်မြင်မှုရ ရှိမည်။ ဦးတည်ဆောင်ရွက်သော ကိစ္စများ အလုံးစုံအောင်မြင်မည်။ မိတ်ကောင်း၊ ဆွေကောင်း အကူအညီများရမည်။

အကြီးအကဲများထံမှ အထောက်အကူကောင်းများရမည်။ ကာလအတန်ကြာ မျှော်လင့်စောင့် စားနေသော ကိစ္စများ အခွင့်အလမ်းရ၍ အဆင်ပြေမည်။ ပညာသင်တန်းနှင့် ပတ်သက်ပြီး အောင်မြင်မှု ရလိမ့်မည်။ စာနာနားလည်သူများနှင့် ကြုံတွေ့ရမည်။

စိတ်ချမ်းမြေ့ရမည်။ ကိုယ်ရေး ကိုယ်တာကိစ္စထက် တစ်ပါးသူရေးရာကိစ္စ အဖြာဖြာကို ဦးစားပေးဆောင်ရွက်ရမည်။ ပြန်လည်မဆက်သွယ်သင့် သော သံယောဇဉ်အဟောင်းများနှင့် ဆက် သွယ်မိ၍ စိတ်သောကဖြစ်မည်။ ပြီးမြောက်ခါနီးမှ အနှောက်အယှက်ပေးရန် ကြံစည်နေသူများရှိမည်။

စကား ကတိ မတည်သူများနှင့်တွေ့မည်။ အလုပ်သစ်များ စတင်ရန် အချိန်အခါကောင်းသို့ ကျရောက်နေချိန် ဖြစ်၍ အားနှင့်မာန် နှင့်သာ တစ်ရှိန်ထိုး ကြိုးစားလုပ်ကိုင်လိုက်ပါ။ မပြီးပြတ်သေးသောကိစ္စ များကို အဆုံးသတ်သင့်သော ကာလ ဖြစ် သည်။

ကျန်းမာရေးကတော့ ဦးခေါင်းကိုက်ခဲတာမျိုးနဲ့ အာရုံကြောအားနည်းတာမျိုး ဖြစ်တတ်သည်။ ချစ်သူ အိမ်ထောင်ဘက်ရဲ့ ရာထူးတိုး၊ လုပ်ငန်းအောင်မြင်သော သတင်းကောင်းများ ကြားရတတ်ပါသည်။

အကျိုးပေးဂဏန်း ၁/၃/၆ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ နဂါး မောက်သီး ဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလအတွင်းဘဝအခြေအနေ မြင့်မားတိုးတတ်မည်။ ငွေဝင်မည်။ ကြန့်ကြာနေသော ရပိုင်ခွင့် များ ပြန် လည်ရရှိမည်။ လုပ်ငန်းမရှိသူ လုပ်ငန်းရ၍ လုပ်ငန်းရှိသူများ အလုပ်စီးပွား တိုးတတ်မည်။ လုပ်အားကြောင့်သာမက ကံကြောင့် ငွေဝင်မည်။

တစ်ပါးသူနှင့်မတူသော ရှုထောင့်မှ လုပ်ကိုင်မှ အကျိုးစီးပွား ဖြစ်ထွန်းမည်။ သွားရောက် နေကျမဟုတ်သော အရပ်သို့ အချိန်အခါ မဟုတ် လည်ပတ်ခြင်းများ မပြုသင့်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစား ခြင်းများ မပြုရပါ။

စက်ပစ္စည်း၊ လျှပ်စစ် ပစ္စည်းများ အဝယ်မှားတတ်သည်။ ငွေကြေးကံကောင်းမည်။ နေရာ အပြောင်းအလဲနှင့် တိုးတတ်မည်။ တစ်ခုထက်မကသော အလုပ်ကိစ္စများကို တစ်ပြိုင်နက်တည်း လုပ်ကိုင်ရတတ် သည်။

မထင်မှတ်ထားသူတို့၏ လိမ်ညာမှုကို ခံစားရတတ်သကဲ့သို့ မမျှော်လင့်ထားသူတစ်ဦး၏ ကူညီမှုကိုလည်း ရရှိတတ်ပါသည်။ မေတ္တာရေး ကံကောင်းမည်။ချစ်ရသူဆီက မျှော်လင့်ထားတဲ့အဖြေစကားကြားရမည်။ ချစ်သူ လက်မဲ့ဖြစ်နေသူများ ချစ်သူအသစ်ရလွယ်သည်။

အိမ်ထောင်ရေးမှာတော့ ယုန်ကမတိုး ပိုက်ကတိုးဆိုတဲ့ အခြေ အနေတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းပေမယ့် ခေါင်းလျှော်တာကို ဆင်ခြင်ပါ။ ပညာရေးနဲ့ပက်သက်ပြီး အားကောင်းပေမယ့် နှလုံးသားရေး ကိစ္စတွေကို ပိုမိုအာရုံစိုက်မိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၈ အထူးဟော ငွေကြေးကံ၊ မေတ္တာရေးကံကောင်းမည်။ ယတြ ကလေးတွေကို စာရေးကိရိယာတစ်ခုခု လက်ဆောင်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

Add a Comment

Your email address will not be published. Required fields are marked *

seven + 6 =