ဟောင်ကောင် ကိစ္စ နဲ့ ပတ်သတ်ပြီး အမေရိကန် စွက်ဖက် မှု ပြင်းထန် လာပါက ပြန်လည် တိုက်ခိုက်သွားမယ် လို့ တရုတ် ဘက်ကကြေညာ

ဟောင်ကောင် ကိစ္စ နဲ့ ပတ်သတ်ပြီး အမေရိကန် စွက်ဖက် မှု ပြင်းထန် လာပါက ပြန်လည် တိုက်ခိုက်သွားမယ် လို့ တရုတ် ဘက်ကကြေညာ

ဟောင်ကောင် ကိစ္စနဲ့ပတ်သတ်ပြီး အမေရိကန်စွက်ဖက်မှု ပြင်းထန် လာပါက ပြန်လည်တိုက်ခိုက်သွားမယ်လို့ တရုတ်ဘက်ကကြေညာ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် ဖိနှိပ်မှုတွေ ဆက် လက်လုပ်ဆော င်လာပါက မိမိတို့အနေနဲ ” ပြန်လည်တုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်တယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနကနေပြီး သတင်းထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရဟောင်ကောင်ပြဿနာဟာ ပြည်တွင်းအရေးသာဖြစ်ကြောင်းနဲ့ တခြားမည်သည့် နိုင်ငံမှဟောင်ကောင်အရေးနဲ့ပတ်သတ်ပြီး ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူးလို့ ပြောသွားပါတယ်။ ဘေဂျင်းအစိုးရကနေပြီး ဟောင်ကောင်အပေါ်မှာ ဖိအားပေး လိုက်တဲ့လုပ်ရပ်ကို ကာကွယ်ဖို့အတွက် အခုလိုထုတ်ပြန်တာဖြစ်တယ်လို့လဲ နိုင်ငံတကာက ယူဆလျှက်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ဟောင်ကောင် အတွက် ဥပဒေ မူကြမ်းတစ်ခုပြဌာန်းပြီး ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ရိုက် တာသတင်းဌာနရဲ့ တင်ပြချက်အရ အဆိုပါ ဥပဒေကြမ်းထဲမှာ ဟောင်ကောင်နိုင်ငံခွဲထွက်မှုကိုထိန်းချုပ်ဖို့၊ အမြစ်ဖျက်ေ​ခြေမှုန်းဖို့နဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ပါဝင်ကြောင်း သိရှိ ရပါတယ်။ နောက်ထပ်အဓိက အချက်အနေ နဲ့ ဒီဥပဒေမူကြမ်းထဲမှာ နိုင်ငံတကာကဝင်ရောက်စွက်ဖက်မှု ကိုလက်မခံကြောင်းလဲပါဝင်နေပါတယ်။

ဒီသတင်း ထွက်ပေါ်လာပြီး ခဏအကြာမှာပဲ အမေရိက န်ရှယ်ယာတွေဟာ ဒီကနေ့ဈေးကွက် အတွင်းမှာ 1% လောက်ကျဆင်းသွားတာ ကိုတွေ့ခဲ့ရပါတယ်။

MOE WIN OO

Add a Comment

Your email address will not be published. Required fields are marked *

five + one =