ျမဝတီၿမိဳ႕ တြင္ နည္းပညာျမင့္ လုပ္ ထားေသာ ေ႐ႊ အတု မ်ားျဖင့္ အလိမ္ခံ လိုက္ရ သည့္ ေ႐ႊဆိုင္ မိသားစု မွ ရွင္းလင္း

ျမဝတီၿမိဳ႕ တြင္ နည္းပညာျမင့္မားစြာျဖင့္ ေ႐ႊအတု ေပါင္ႏွံ အလိမ္ခံခဲ့ ရသည့္ “ေ႐ႊျပည့္လႈိင္” ေ႐ႊဆိုင္ မိသားစု မွ ယမန္ေန႔ ည ၇:ဝဝ နာရီ အခ်ိန္ က နည္းပညာျမင့္မားစြာျဖင့္ ေ႐ႊအတု လုပ္ကာ လိမ္လည္ေပါင္စားေန သည့္ ေ႐ႊလိမ္ ဂိုဏ္းရွိေနေၾကာင္းႏွင့္ ျမဝတီႏွင့္တကြ အျခားၿမိဳ႕မ်ား မွ ေ႐ႊဆိုင္မ်ား, ၎တို႔ကဲ့ သို႔ အလိမ္မခံရေစရန္ ျမဝတီ အေျခစိုက္ သတင္းမီဒီယာ မ်ားႏွင့္ ေတြ႕ဆုံေျပာၾကား ခဲ့ၾက သည္။

ယခု၎တို႔အလိမ္ခံရ သည့္ျဖစ္စ ဥ္တြင္ ေ႐ႊဆိုင္ ၌ လာေပါင္ေသာ ေ႐ႊသည္ သာမန္မွတ္တိုက္ စစ္ေဆးၾကည့္႐ုံႏွင့္ မရေတာ့ ဘဲ ပန္းထိမ္ ဆရာမ်ားႏွင့္ လက္ရာေကာင္းမြန္ စြာျဖင့္ ေခတ္မီနည္းပညာကို အသုံးျပဳ၍ျပဳ လုပ္ထားသည့္ ေ႐ႊထည္မ်ားျဖစ္ သျဖင့္ အႀကိမ္မ်ား စြာ လာေရာက္ေပါင္ႏွံ သည့္ အမ်ိဳးသမီး အား မသကၤာ၍ ရဲထံအေၾကာင္းၾကား ခဲ့ရာ မွ ေ႐ႊအတု ေပါင္ႏွံသည့္ မေဌးေဌးဝင္းအား ျမဝတီရဲစခန္း တြင္ အမႈဖြင့္အေရးယူႏိုင္ ခဲ့ သည္ ။ အဆိုပါ ေတြ႕ဆုံ ပြဲ သို႔ျမဝတီ ေ႐ႊဆိုင္ လုပ္ငန္းရွင္မ်ား အသင္း မွ ဥကၠဌဦးမင္းအုန္းေဖ (သီရိေဝလွ်ံ ေ႐ႊဆိုင္) ႏွင့္ အတြင္းေရးမႉး ဦးေဇယ်ာလင္း (သိန္းငွက္သုံးေကာင္ ေ႐ႊဆိုင္) တို႔လည္း တက္ေရာက္ခဲ့ၾက သည္ ။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ေ႐ႊထည္ပစၥည္း အတုမ်ားျပဳ လု ပ္၍ ေ႐ႊဆိုင္သို႔ မၾကာခဏလာေရာက္ေပါင္ႏွံေနသူ ကို ဖမ္းဆီး လိုက္ သည့္ သတင္းအျပည့္အစုံမွာ… ၾသဂုတ္ ၁၀ ရက္ေန႔ ညေန ၆ နာရီခန႔္တြင္ ျမဝတီၿမိဳ႕ ဘုရင့္ေနာင္လမ္း ၊ အမွတ္ ( ၄ )ရပ္ကြက္ ရွိ ေ႐ႊဆိုင္တစ္ခုမွ အသက္ ၃၁ ႏွစ္အ႐ြယ္ ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးသည္ ၎၏ဆိုင္သို႔ မေဌးဝင္း ဟုအမည္ရေသာ အမ်ိဳးသမီး တစ္ဦး က ေ႐ႊအတုမ်ားျပဳလုပ္ၿပီး အမည္ အမ်ိဳးအမ်ိဳးသုံးကာ လာေရာက္ လိမ္လည္ေပါင္ႏွံေနေၾကာင္း ရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ့ သည္ဟု ရဲစခန္းမွသိရသည္။

အဆိုပါ မေဌးဝင္း ဆိုသူ မွာ ကြမ္းၿခံကုန္း႐ြာ ဘုရားကုန္းေက်း႐ြာအုပ္စု၊ သန္လ်င္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးေနသူျဖစ္ေၾကာင္း သိရသည္။ ၎သည္ ၾသဂုတ္ ၁၀ ရက္ေန႔ မနက္ က ေ႐ႊဆိုင္သို႔သြားၿပီး ျမန္မာေ႐ႊ(၁၅- ၃၈)ဂရမ္ရွိ ႏွစ္ထပ္ဆြဲႀကိဳး(၁)ကုံးအား (၈)သိန္းျဖင့္ ေပါင္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္စဥ္ႏွင့္ ပတ္သက္ ၍ ရဲတပ္ဖြဲ႕ထံ မွ သိရ ည္။

ရဲတပ္ဖြဲ႕ က အဆိုပါ မေဌးဝင္း ဆိုသူ၏ အမည္ ကိုေမးျမန္းရာ ၎၏ အမည္ မွာ မထက္ထက္ေအာင္ ဟု သိရၿပီး ယခင္ကလည္း ယခုကဲ့သို႔ လာေရာက္ေပါင္ႏွံဘူးေၾကာင္း သိရွိရ သျဖင့္ မွတ္တမ္းျပန္ၾကည့္ရာ ၎သည္ မခင္ခင္ဦး ဟူေသာ အမည္ျဖင့္ ျမန္မာေ႐ႊ(၁၀. ၃) ဂရမ္ရွိ K လက္ေကာက္ (၁)ကြင္း၊ ျမန္မာေ႐ႊ(၁၄-၃၇)ဂရမ္ရွိ ဆြဲႀကိဳး(၁)ကုံး၊ ေပါင္း (၂)ခုကို ေငြက်ပ္(၁၃၅ဝဝဝဝိ/-)ျဖင့္ေပါင္ႏွံထားဖူးေၾကာင္း သိရွိရသ ည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရ သည္။

ယင္း အတြက္ ၎ေပါင္ႏွံခဲ့ ဖူးေသာ ေ႐ႊထည္ ပစၥည္းမ်ား ကို စစ္ေဆးရာ ေ႐ႊအ တုမ်ားျဖစ္ေၾကာင္းသိ ရွိ ရသျဖင့္ ၎ကို ျမဝတီၿမိဳ႕မရဲစခန္း တြင္ (ပ)၄၆၀/ ၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ-၄၂၀ ျဖင့္ အမႈေရးဖြင့္ ဖမ္းဆီးထားၿပီး စစ္ေဆးေဆာင္႐ြက္လွ်က္ ရွိေၾကာင္း ရဲတပ္ဖြဲ႕ထံ မွ သိရ သည္။

unicode

မြဝတီမြို့ တွင် နည်းပညာမြင့် လုပ် ထားသော ရွှေ အတု များဖြင့် အလိမ်ခံ လိုက်ရ သည့် ရွှေဆိုင် မိသားစု မှ ရှင်းလင်း

မြဝတီမြို့ တွင် နည်းပညာမြင့်မားစွာဖြင့် ရွှေအတု ပေါင်နှံ အလိမ်ခံခဲ့ ရသည့် “ရွှေပြည့်လှိုင်” ရွှေဆိုင် မိသားစု မှ ယမန်နေ့ ည ၇:ဝဝ နာရီ အချိန် က နည်းပညာမြင့်မားစွာဖြင့် ရွှေအတု လုပ်ကာ လိမ်လည်ပေါင်စားနေ သည့် ရွှေလိမ် ဂိုဏ်းရှိနေကြောင်းနှင့် မြဝတီနှင့်တကွ အခြားမြို့များ မှ ရွှေဆိုင်များ, ၎င်းတို့ကဲ့ သို့ အလိမ်မခံရစေရန် မြဝတီ အခြေစိုက် သတင်းမီဒီယာ များနှင့် တွေ့ဆုံပြောကြား ခဲ့ကြ သည်။

ယခု၎င်းတို့အလိမ်ခံရ သည့်ဖြစ်စ ဉ်တွင် ရွှေဆိုင် ၌ လာပေါင်သော ရွှေသည် သာမန်မှတ်တိုက် စစ်ဆေးကြည့်ရုံနှင့် မရတော့ ဘဲ ပန်းထိမ် ဆရာများနှင့် လက်ရာကောင်းမွန် စွာဖြင့် ခေတ်မီနည်းပညာကို အသုံးပြု၍ပြု လုပ်ထားသည့် ရွှေထည်များဖြစ် သဖြင့် အကြိမ်များ စွာ လာရောက်ပေါင်နှံ သည့် အမျိုးသမီး အား မသင်္ကာ၍ ရဲထံအကြောင်းကြား ခဲ့ရာ မှ ရွှေအတု ပေါင်နှံသည့် မဌေးဌေးဝင်းအား မြဝတီရဲစခန်း တွင် အမှုဖွင့်အရေးယူနိုင် ခဲ့ သည် ။ အဆိုပါ တွေ့ဆုံ ပွဲ သို့မြဝတီ ရွှေဆိုင် လုပ်ငန်းရှင်များ အသင်း မှ ဥက္ကဌဦးမင်းအုန်းဖေ (သီရိဝေလျှံ ရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးဇေယျာလင်း (သိန်းငှက်သုံးကောင် ရွှေဆိုင်) တို့လည်း တက်ရောက်ခဲ့ကြ သည် ။

ကရင်ပြည်နယ် မြဝတီမြို့တွင် ရွှေထည်ပစ္စည်း အတုများပြု လု ပ်၍ ရွှေဆိုင်သို့ မကြာခဏလာရောက်ပေါင်နှံနေသူ ကို ဖမ်းဆီး လိုက် သည့် သတင်းအပြည့်အစုံမှာ… သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြဝတီမြို့ ဘုရင့်နောင်လမ်း ၊ အမှတ် ( ၄ )ရပ်ကွက် ရှိ ရွှေဆိုင်တစ်ခုမှ အသက် ၃၁ နှစ်အရွယ် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးသည် ၎င်း၏ဆိုင်သို့ မဌေးဝင်း ဟုအမည်ရသော အမျိုးသမီး တစ်ဦး က ရွှေအတုများပြုလုပ်ပြီး အမည် အမျိုးအမျိုးသုံးကာ လာရောက် လိမ်လည်ပေါင်နှံနေကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ သည်ဟု ရဲစခန်းမှသိရသည်။

အဆိုပါ မဌေးဝင်း ဆိုသူ မှာ ကွမ်းခြံကုန်းရွာ ဘုရားကုန်းကျေးရွာအုပ်စု၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် သြဂုတ် ၁၀ ရက်နေ့ မနက် က ရွှေဆိုင်သို့သွားပြီး မြန်မာရွှေ(၁၅- ၃၈)ဂရမ်ရှိ နှစ်ထပ်ဆွဲကြိုး(၁)ကုံးအား (၈)သိန်းဖြင့် ပေါင်နှံခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ရဲတပ်ဖွဲ့ထံ မှ သိရ ည်။

ရဲတပ်ဖွဲ့ က အဆိုပါ မဌေးဝင်း ဆိုသူ၏ အမည် ကိုမေးမြန်းရာ ၎င်း၏ အမည် မှာ မထက်ထက်အောင် ဟု သိရပြီး ယခင်ကလည်း ယခုကဲ့သို့ လာရောက်ပေါင်နှံဘူးကြောင်း သိရှိရ သဖြင့် မှတ်တမ်းပြန်ကြည့်ရာ ၎င်းသည် မခင်ခင်ဦး ဟူသော အမည်ဖြင့် မြန်မာရွှေ(၁၀. ၃) ဂရမ်ရှိ K လက်ကောက် (၁)ကွင်း၊ မြန်မာရွှေ(၁၄-၃၇)ဂရမ်ရှိ ဆွဲကြိုး(၁)ကုံး၊ ပေါင်း (၂)ခုကို ငွေကျပ်(၁၃၅ဝဝဝဝိ/-)ဖြင့်ပေါင်နှံထားဖူးကြောင်း သိရှိရသ ည်ဟု ရဲတပ်ဖွဲ့ထံမှ သိရ သည်။

ယင်း အတွက် ၎င်းပေါင်နှံခဲ့ ဖူးသော ရွှေထည် ပစ္စည်းများ ကို စစ်ဆေးရာ ရွှေအ တုများဖြစ်ကြောင်းသိ ရှိ ရသဖြင့် ၎င်းကို မြဝတီမြို့မရဲစခန်း တွင် (ပ)၄၆၀/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀ ဖြင့် အမှုရေးဖွင့် ဖမ်းဆီးထားပြီး စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း ရဲတပ်ဖွဲ့ထံ မှ သိရ သည်။

Add a Comment

Your email address will not be published. Required fields are marked *

1 × 5 =