႐ြာငံၿမိဳ႕နယ္တြင္ ေမြးရာပါ တစ္ကိုယ္လုံး အေမႊးအမွ်င္ မ်ားပါေနေသာ ကေလးငယ္ ကို စိတ္ဝင္စားသူမ်ားေန

ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္၊ အလယ္ေခ်ာင္ေက်း႐ြာတြင္ ေမြးရာပါတစ္ကိုယ္လုံး အေမႊးအမွ်င္မ်ားပါေနေသာ အသက္ ၁ ႏွစ္ ၈ လအ႐ြယ္ ဓႏုတိုင္းရင္းသား ကေလးငယ္ကို စိတ္ဝင္စားသူမ်ားေနေၾကာင္း ၎၏မိခင္ေဒၚစမ္းျမင့္ေမက ေျပာသည္။အဆိုပါ ကေလးငယ္၏ အမည္သည္ ေမာင္ထင္ရွား ေအာင္ျဖစ္ၿပီး မ်က္ခုံးေမႊး၊ ပါးသိုင္းေမႊး ၊မ်က္ေတာင္ေမႊး ႏွင့္ နဖူးျပင္တစ္ခုလုံးတြင္ ေမႊးညႇင္းႏုမ်ားေပါက္ေနသည့္အျပင္ ေက်ာျပင္တြင္လည္း အေမႊးအမွ်င္မ်ားထူပိန္းေနသည့္အတြက္ ေဒသခံမ်ားႏွင့္ စိတ္ဝင္စားသူမ်ားလာေရာက္ ၾကည့္ရႉ႔ေလ့ရွိေၾကာင္းသိရသည္။

“ဆရာဝန္ေတြကေတာ့ ဟိုမုန္း ဓာတ္မ်ားလို႔ လို႔ေျပာတယ္။ကိုယ္ဝန္ရွိစဥ္အခ်ိန္က အားေဆးေတြအမ်ိဳးမ်ိဳးစားလို႔ ျဖစ္တာလို႔ေျပာၾကတယ္။ကေလးရဲ႕က်န္းမာေရးကေတာ့ေကာင္းပါတယ္။တစ္ခါတစ္ေလ နာေစး၊ေခ်ာင္းဆိုးတာ ေလာက္ပဲရွိပါတယ္”ဟု ၎ကေျပာသည္။ကေလးငယ္၏ ဖခင္ အသက္ ၅၀ အ႐ြယ္ ဓႏုတိုင္း ရင္းသား ဦးမ်ိဳးေဇာ္ ႏွင့္ ဇနီးျဖစ္သူ မငယ္ ( ခ )မစန္းျမင့္ေမ တို႔သည္ ယခုအခါ အိမ္ေထာင္သက္ သုံးႏွစ္သာ ရွိေသးေၾကာင္းႏွင့္ ကေလးငယ္ေရွ႕ေရးအတြက္ လူပုံအလယ္တြင္ မ်က္ႏွာငယ္မည္ကို စိုးရိမ္မူရွိေၾကာင္းသိရသည္။

အစတုန္းကေတာ့ ႐ြာသားေတြက ကေလး ကို လူဝင္စားတယ္။ ဘာျဖစ္တယ္လို႔ အမ်ိဳးမ်ိဳးေျပာၾကေတာ့ မိခင္တစ္ေယာက္အေနနဲ႔ အရမ္းခံစားရပါတယ္။ေနာက္ပိုင္းလူသိမ်ားလာေတာ့၊ဂ႐ုစိုက္မူခံလာရေတာ့ ျပန္ဝမ္းသာရပါတယ္”ဟု ၎ကထပ္မံေျပာသည္။ကေလးငယ္တြင္ ျဖစ္ေပၚေနေသာ အေမႊးအမွ်င္မ်ားသည္ အခ်ိန္တန္အ႐ြယ္ေရာက္ကာ ဟိုမုန္းဓါတ္ေျပာင္းလဲ လာပါက အေမႊးအမွ်င္မ်ား ေလ်ာ့နည္းလာႏိုင္ေၾကာင္းသိရသည္။

Credit ျပည္ျမန္မာ

unicode

ရွာငံမြို့နယ်တွင် မွေးရာပါ တစ်ကိုယ်လုံး အမွှေးအမျှင် များပါနေသော ကလေးငယ် ကို စိတ်ဝင်စားသူများနေ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော အသက် ၁ နှစ် ၈ လအရွယ် ဓနုတိုင်းရင်းသား ကလေးငယ်ကို စိတ်ဝင်စားသူများနေကြောင်း ၎င်း၏မိခင်ဒေါ်စမ်းမြင့်မေက ပြောသည်။အဆိုပါ ကလေးငယ်၏ အမည်သည် မောင်ထင်ရှား အောင်ဖြစ်ပြီး မျက်ခုံးမွှေး၊ ပါးသိုင်းမွှေး ၊မျက်တောင်မွှေး နှင့် နဖူးပြင်တစ်ခုလုံးတွင် မွှေးညှင်းနုများပေါက်နေသည့်အပြင် ကျောပြင်တွင်လည်း အမွှေးအမျှင်များထူပိန်းနေသည့်အတွက် ဒေသခံများနှင့် စိတ်ဝင်စားသူများလာရောက် ကြည့်ရှူ့လေ့ရှိကြောင်းသိရသည်။

“ဆရာဝန်တွေကတော့ ဟိုမုန်း ဓာတ်များလို့ လို့ပြောတယ်။ကိုယ်ဝန်ရှိစဉ်အချိန်က အားဆေးတွေအမျိုးမျိုးစားလို့ ဖြစ်တာလို့ပြောကြတယ်။ကလေးရဲ့ကျန်းမာရေးကတော့ကောင်းပါတယ်။တစ်ခါတစ်လေ နာစေး၊ချောင်းဆိုးတာ လောက်ပဲရှိပါတယ်”ဟု ၎င်းကပြောသည်။ကလေးငယ်၏ ဖခင် အသက် ၅၀ အရွယ် ဓနုတိုင်း ရင်းသား ဦးမျိုးဇော် နှင့် ဇနီးဖြစ်သူ မငယ် ( ခ )မစန်းမြင့်မေ တို့သည် ယခုအခါ အိမ်ထောင်သက် သုံးနှစ်သာ ရှိသေးကြောင်းနှင့် ကလေးငယ်ရှေ့ရေးအတွက် လူပုံအလယ်တွင် မျက်နှာငယ်မည်ကို စိုးရိမ်မူရှိကြောင်းသိရသည်။

အစတုန်းကတော့ ရွာသားတွေက ကလေး ကို လူဝင်စားတယ်။ ဘာဖြစ်တယ်လို့ အမျိုးမျိုးပြောကြတော့ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။နောက်ပိုင်းလူသိများလာတော့၊ဂရုစိုက်မူခံလာရတော့ ပြန်ဝမ်းသာရပါတယ်”ဟု ၎င်းကထပ်မံပြောသည်။ကလေးငယ်တွင် ဖြစ်ပေါ်နေသော အမွှေးအမျှင်များသည် အချိန်တန်အရွယ်ရောက်ကာ ဟိုမုန်းဓါတ်ပြောင်းလဲ လာပါက အမွှေးအမျှင်များ လျော့နည်းလာနိုင်ကြောင်းသိရသည်။

Credit ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *

20 − 3 =