တစ်ရွာလုံး ဝမ်းနည်း ခဲ့ရ တဲ့ (ယုံကြည်မှု လွန်ကဲခြင်း ရဲ့ ပေးဆပ်မှု)







ကိုမျိုးဆက်



unicode

အသက်က ၁၈ နှစ်ပဲရှိသေးတယ်..လွန်ခဲ့တဲ့ ၅ နှစ်လောက် က ဖအေက ကင်ဆာရောဂါနဲ့ဆုံးသွားခဲ့ပြီး သားမိနှစ်ယောက်ကျန်ခဲ့ပြီး ကွယ်လွန်ခဲ့တဲ့ခင်ပွန်းပေါ်နဲ့ တစ်ဦးသော သားလိမ္မာလေးအပေါ်သစ္စာရှိစွာ နောက်အိမ်ထောင်မပြုပဲ ရိုးသားကြိုးစားကြတဲ့ သားနဲ့ အမေ /အမေနဲ့သားကမ္ဘာလေး သားလေးကို ဖခင်လိုတစ်မျိုး ရင်နင့်သဲချာ သားရတနာလို တစ်ဖုံ ရင်အုပ်မကွာ မိခင်တို့ရဲ့ မေတ္တာစစ်နဲ့ အစားထိုးဖွယ်မရှိချစ်ခဲ့ရတဲ့သားလေးနဲ့ သားမိနှစ်ယောက် လူလောကကို ဖြတ်သန်းရင်းတစ်နေ့မှာတော့ ကံဆိုးမိုးမှောငိကျခဲ့ရတယ်…ကျန်ခဲ့တဲ့ မိခင်လည်း အရူးတစ်ပိုင်းလို ဖြစ်စေခဲ့တယ်…တစ်ရွာလုံးလဲ ဝမ်းနည်းပတ်လတ် ဖြစ်ခဲ့ရတယ်

အရမ်းလိမ္မာတဲ့ကလေးတစ်ရွာလုံးကလဲ ချစ်ကြတယ် မိခင်အပေါ် သိတက်သလိုရပ်ရွာအပေါ်လည်း သာရေးနာရေး ဘာသာရေးများပါမကျန် မရှောင်တမ်းခွန်အားတွေပေးစပ်သူ အဲဒီနေ့ကဝမ်းရေးအတွက်ကိုင်းထဲမှာ ကျူတွေခုတ် ကျူစီးတွေ သားမိနှစ်ယောက် ထမ်းပိုးထားခဲ့ပြီအပြန် အမေ သွားနှင့်နော် သားရေချိုးဦးမယ်ဟု ဆိုကာအတူ အလုပ် လုပ်ကြတဲ့သူငယ်ချင်း ၃ ယောက်နဲ့ရေချိုးကျန်ခဲ့တော့ အမေလုပ်သူက သားလေး စောစောပြန်ခဲ့နော်လို့ တစ်တွတ်တွတ်မှာရင်းသားလေးရဲ့ သက်ရှိထင်ရှားမျက်နှာကိုနောက်ဆုံး တွေ့ခဲ့စကားပြောခဲ့ရတဲ့ အမေနဲ့သား သားနဲ့အမေရဲ့ ကမ္ဘာလေးတစ်ခုမှာ ကျန်ခဲ့သူ မိခင်ရဲ့ ရင်ထဲ ဘယ်လောက်အထိကြေကွဲနေလိုက်မလဲဟု postရေးသူ ခံစား၍ဤpostကိုရေးခြင်းဖြစ်ပါတယ်

တောသူတောင်သား ဧရာဝတီသားတွေမို့ ငယ်စဉ် ထဲက ရေကူး ကျွမ်းကျင်ခဲ့ကြတယ်..ဧရာဝတီမြစ်ဘေးမှာနေထိုင်ပြီး ဝမ်းရေးတွက် စိုက်ပျိုးစားသောက်အသက်ဝမ်းကြောင်းပြုကြသည့် ရိုးသားသူတွေလဲဖြစ်ကြပါတယ်ဗျာ… အဲဒီနေ့က ရေချိုးဖို့ သူငယ်ချင်းတွေ အတူကျန်ခဲ့ပြီး ချောင်း၏အလယ် ကမ်းစပ်နဲ့ခပ်ဝေးဝေး ရေလယ်ခေါင်မှာရှိတဲ့ ကျောက် ဗုတ်တိုင်ကြီးဆီကို သူငယ်ချင်းတွေအပြိုင်ကူးကြ ရေချိုးကြရင်း ကမ်းစပ်ကို ပြန်ကူးရောက်ရှိလာတဲ့ သူငယ်ချင်း ၃ ဦးက နောက်က ပါမလာသော သူတို့ သူငယ်ချင်းကို ရေလယ်က ကျောက် ဗုတ်တိုင်မှာ ပုံးကွယ်ကျန်ခဲ့ပြီးဟုအထင်နဲ့ ကမ်းစပ်က လှမ်းအော်ခေါ်သောလဲ ပြန်ထူးသံမကြား ဒီကောင်နောက်နေတာပဲဟု အထင်ဖြင့် ကမ်းစပ်မှာ အမောဖြေကာ ကျောက် ဗုတ်တိုင်စီပြန်ကူးသွားကြတော့ သူတို့ သူငယ်ချင်းကို မတွေ့ကြရတော့ပါဘူး

ရေကနက်ပီး မောနေတာကတစ်ကြောင်းအတွေ့အကြုံမရှိတဲ့ လူငယ်လေးတွေမို့ ရေငုပ်ရှာဖွေဖို့ကလဲပဲ မလုပ်ရဲကြတော့ ကမ်းစပ်ကို ပြန်ကူးလာကြပြီး ကျေးရွာထဲကို အော်ဟစ်အကူညီတောင်းခံခဲ့ကြတဲ့အတွက် တစ်ရွာလုံးနီးပါးရောက်ရှိလာကြပီး လူကြီးတွေက အင်တိုက်အားတိုက် ရေငုတ်ရှာဖွေခဲ့ကြပြီး တွေ့ရှိချိန်မှာတော့ အသက်ပါမလာတော့ပါဘူး တွေ့ရှိအချိန်မှာလူငယ်လေးဟာ အကျီက နှစ်ထပ်(လက်ရှည်) ပုဆိုးက ကျောပတ်ထားတာက အပိုတစ်ထည် ဒီရေ ဝိတ်တွေကို ချောင်းရေသေမှာ တောင့်မခံနိုင်ခဲ့သလို ယခုလို မဖြစ်ခင် ရက်များအတွင်းက ကြွက်တက်တက်နေလို့ ကျန်းမာရေးဆရာနဲ့တောင်
ပြနေရသည်ဟုသိရှိရပီးသေဆုံးခြင်းက ရေကူး၍ မောပန်း နွမ်းနယ်ချိန်ရေကနက် ကြွက်ကတက်တဲ့အချိန် ခု လို ရေ နစ်သွားခဲ့ရတာလို့ အားလုံးက သုံးသပ်ကြရင်း ဝမ်းနည်းပတ်လတ်ဖြစ်ခဲ့ကြရတဲ့ ကြေကွဲစရာနေ့တနေ့ပါ ရေကူးကျွမ်းတယ်ဟု မိမိ ကိုယ်ကို ယုံကြည်မှုလွန်ပီးဝေးလန်တဲ့ရေလယ်ခေါင်ကို ရေကူးဖို့ အကျီအဝတ်အစား အပိုတွေကိုမချွတ်ခြင်းက မိမိရဲ့အသက်ကို ပေးဆပ်လိုက်ရတာဟု ထိုကလေးရဲ့ နာရေးကို အအေးခေါင်းစင်ခြင်းကုသိုလ်ကူညီမှုပေးခဲ့ရတဲ့ Post ရေးသူ ကျွန်တော်မှ သုံးသပ်ရင်း

ညီငယ်လေးရဲ့ နာရေးအား ကားမရှိ သေး၍ လူနဲ့ထမ်းချခဲ့ရသည်အား အကို တာဝန်မကျေပါကြောင်းဝမ်းနည်းခြင်းများစွာဖြင့်ကောင်းရာ သုဂတိလားပါစေညီလေးရေ

ကိုမျိုးဆက်

မျိုးဆက် လူမှုကူညီရေး ချောင်းကြီး

09782727207=09407832339

Add a Comment

Your email address will not be published. Required fields are marked *

11 − nine =