ဆယ္တန္းမေအာင္လို႔ အႏွိမ္ခံရ တာေတြေၾကာင့္ အရမ္းဝမ္းနည္း ရၿပီး စာေမးပြဲျပန္ေျဖမယ္ဆိုတဲ့ ေ႐ႊ မႈံရတီ

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ေ႐ႊမႈံရတီကေတာ့ သ႐ုပ္ေဆာင္ လည္း ပီျပင္ ေကာင္းမြန္ၿပီး ခ်စ္စရာ ေကာင္းသလို ပြင့္လင္းတဲ့သူေလး ျဖစ္တာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနၾကရသူေလးပဲ ျဖစ္ပါတယ္ေနာ္..။ ဆြဲေဆာင္မႈရွိတဲ့ အလွတရားေတြေၾကာင့္လည္း ပရိသတ္ေတြၾကား အၿမဲေရပန္းစားေနၿပီး အသက္ငယ္ငယ္ နဲ႔ ေအာင္ျမင္မႈေတြ မ်ားစြာ ရရွိထားတဲ့ ေ႐ႊမႈံေလး ကေတာ့ အဆိုေတာ္ မင္းသားေခ်ာေလး ေ႐ႊထူး နဲ႔အတူ ၾကည္ႏူးအားက်စရာ အိမ္ေထာင္ေရးေလးကိုလည္း ပိုင္ ဆိုင္တည္ေဆာက္ထားသူေလးလည္း ျဖစ္ပါတယ္ေနာ္..။

ေ႐ႊမႈံေလးကေတာ့ အႏုပညာေလာကမွာ တစ္ေနရာတစ္ခု အခိုင္အမာ ရရွိႏိုင္ေအာင္ ႀကိဳးစားခဲ့တဲ့ အတြက္ ပညာေရးဘက္မွာ လစ္ဟင္းခဲ့ရကာ ဆယ္တန္းမေအာင္ခဲ့တဲ့ သူမရဲ႕အ ေၾကာင္းေလးကို ေျပာျပလာ ပါတယ္ေနာ္..။ ဆယ္တန္း မေအာင္လို႔ အႏွိမ္ခံ ရတာေတြေၾကာင့္ အရမ္းဝမ္းနည္းရၿပီး စာေမးပြဲကို ျပန္ေျဖဖို႔ ႀကိဳးစားမယ့္အေၾကာင္းေလးေတြကို ေျပာျပရင္း ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမွာ က်ရႈံးခဲ့တဲ့ သူေတြကိုလည္း ေ႐ႊမႈံေလးက အားေပးစကားေလးေတြ ေျပာေပးထားတာ ျဖစ္ပါတယ္ေနာ္..။

“သဲအသက္(၂၂)ဆိုေတာ့ ျပန္ေျဖဖို႔ မွီေလာက္ ေသးတယ္လို႔ ထင္ပါတယ္ စာက်က္ႏိုင္တဲ့ ဦးေႏွာက္ ရွိေသးတယ္လို႔လည္း ထင္ပါတယ္ သဲ ဆယ္တန္းမေအာင္တဲ့ အေၾကာင္းရင္းက အႏုပညာဘက္မွာ အာ႐ုံစိုက္လိုက္လို႔ပါ သဲက အႏုပညာ အလုပ္ကို မလုပ္ဘူးဆိုရင္ ဆယ္ တန္းေအာင္မွာ ေသခ်ာပါတယ္ ဘာလို႔လဲဆိုေတာ့ သဲက ငယ္ငယ္ကတည္းက စာအရမ္း ေတာ္ပါတယ္ 1 to 3 ပဲ အၿမဲေနပါတယ္ ဒါေပမယ့္ အႏုပညာအလုပ္ကို စလုပ္ကတည္းက အဆင့္က ဟိုးေနာက္ဆုံးကို ေရာက္သြားတယ္ ..” ဆိုၿပီး ေ႐ႊမႈံေလးက ေျပာျပထားတာပါ ေနာ္..။ ဆယ္တန္းမေအာင္သည့္ တိုင္ေအာင္လည္း မိဘကို လုပ္ေကြၽးႏိုင္တဲ့ ဂုဏ္ယူစရာ စိတ္ေလး တစ္ခုေၾကာင့္ သူမကိုယ္သူမ အရမ္းဂုဏ္ယူ ဂုဏ္ျပဳသလို အၿမဲခ်ီးက်ဴးမိတဲ့အေၾကာင္း ေလးေတြ ကို ေျပာျပထားတဲ့ ေ႐ႊမႈံေလးရဲ႕ ဗီဒီယိုဖိုင္ေလးကို တင္ဆက္ေပး လိုက္ပါတယ္ေနာ္..။

Photo Credit – Shwe Mhone Yati’s Fb Account & Li John Photography

unicode

ဆယ်တန်းမအောင်လို့ အနှိမ်ခံရ တာတွေကြောင့် အရမ်းဝမ်းနည်း ရပြီး စာမေးပွဲပြန်ဖြေမယ်ဆိုတဲ့ ရွှေ မှုံရတီ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီကတော့ သရုပ်ဆောင် လည်း ပီပြင် ကောင်းမွန်ပြီး ချစ်စရာ ကောင်းသလို ပွင့်လင်းတဲ့သူလေး ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်နော်..။ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေပြီး အသက်ငယ်ငယ် နဲ့ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ ရွှေမှုံလေး ကတော့ အဆိုတော် မင်းသားချောလေး ရွှေထူး နဲ့အတူ ကြည်နူးအားကျစရာ အိမ်ထောင်ရေးလေးကိုလည်း ပိုင် ဆိုင်တည်ဆောက်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။

ရွှေမှုံလေးကတော့ အနုပညာလောကမှာ တစ်နေရာတစ်ခု အခိုင်အမာ ရရှိနိုင်အောင် ကြိုးစားခဲ့တဲ့ အတွက် ပညာရေးဘက်မှာ လစ်ဟင်းခဲ့ရကာ ဆယ်တန်းမအောင်ခဲ့တဲ့ သူမရဲ့အ ကြောင်းလေးကို ပြောပြလာ ပါတယ်နော်..။ ဆယ်တန်း မအောင်လို့ အနှိမ်ခံ ရတာတွေကြောင့် အရမ်းဝမ်းနည်းရပြီး စာမေးပွဲကို ပြန်ဖြေဖို့ ကြိုးစားမယ့်အကြောင်းလေးတွေကို ပြောပြရင်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ သူတွေကိုလည်း ရွှေမှုံလေးက အားပေးစကားလေးတွေ ပြောပေးထားတာ ဖြစ်ပါတယ်နော်..။

“သဲအသက်(၂၂)ဆိုတော့ ပြန်ဖြေဖို့ မှီလောက် သေးတယ်လို့ ထင်ပါတယ် စာကျက်နိုင်တဲ့ ဦးနှောက် ရှိသေးတယ်လို့လည်း ထင်ပါတယ် သဲ ဆယ်တန်းမအောင်တဲ့ အကြောင်းရင်းက အနုပညာဘက်မှာ အာရုံစိုက်လိုက်လို့ပါ သဲက အနုပညာ အလုပ်ကို မလုပ်ဘူးဆိုရင် ဆယ် တန်းအောင်မှာ သေချာပါတယ် ဘာလို့လဲဆိုတော့ သဲက ငယ်ငယ်ကတည်းက စာအရမ်း တော်ပါတယ် 1 to 3 ပဲ အမြဲနေပါတယ် ဒါပေမယ့် အနုပညာအလုပ်ကို စလုပ်ကတည်းက အဆင့်က ဟိုးနောက်ဆုံးကို ရောက်သွားတယ် ..” ဆိုပြီး ရွှေမှုံလေးက ပြောပြထားတာပါ နော်..။ ဆယ်တန်းမအောင်သည့် တိုင်အောင်လည်း မိဘကို လုပ်ကျွေးနိုင်တဲ့ ဂုဏ်ယူစရာ စိတ်လေး တစ်ခုကြောင့် သူမကိုယ်သူမ အရမ်းဂုဏ်ယူ ဂုဏ်ပြုသလို အမြဲချီးကျူးမိတဲ့အကြောင်း လေးတွေ ကို ပြောပြထားတဲ့ ရွှေမှုံလေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေး လိုက်ပါတယ်နော်..။

Photo Credit – Shwe Mhone Yati’s Fb Account & Li John Photography

Add a Comment

Your email address will not be published. Required fields are marked *

four × four =