စင်္ကာပူ ရဲ့ COVID-19 ကူးစက် ခံရမှုနှုန်းဟာ (30000) ကျော် သွားပါပြီ
|စင်္ကာပူ ရဲ့ COVID-19 ကူးစက် ခံရမှုနှုန်း ဟာ (30000) ကျော် သွားပါပြီ
စင်္ကာပူနိုင်ငံရဲ့ Covid19 ရောဂါကူးစက်မှု အရေအတွက် ဟာ နောက်ထပ် ကူးစက်မှုအသစ် 614 ခုဖြင့် 30000 ကျော်ခဲ့ပြီဖြစ်ကြောင်း မေလ22ရက် သောကြာနေ့ မွန်းတည့်ချိန်လောက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ထိုအခြေအနေဟာ ဖြစ်ပွားမှု စုစုပေါင်း အရေအတွက် 30426 ထိဆွဲခေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အသစ် ကူးစက်ခံရသူတွေ ထဲက အများစုဟာ အဆောင်နေနိုင်ငံခြားသား အလုပ်သမားများဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH)မှ ၎င်းရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ ကူးစက်ခံရသူ အသစ်4ယောက်ဟာ စင်္ကာပူနိုင်ငံသား ဒါမှမဟုတ် ၎င်းနိုင်ငံအတွင်း အမြဲတမ်းနေ ထိုင်သူတွေ ဖြစ်တယ်လို့သိရပါတယ်။ သောကြာနေ့ညမှာ နောက်ထပ်သတင်းများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဌာနမှပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့မှာ တွေ့ရှိ ခဲ့တဲ့ ကူးစက်ခံရသူ စင်္ကာပူနိုင်ငံသား 13 ယောက် ထဲမှာ 3ယောက်က မူလတန်းကျောင်းဝန်ထမ်းအဖွဲ့ဝင်များဖြစ်ပြီး 4ယောက်ကတော့ ဘိုးဘွားရိပ်သာမှာနေထိုင်သူများဖြစ်ပါတယ်။အဆိုပါ 7ယောက်ဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တက်ကြွတဲ့စောင့်ကြည့် စစ်ဆေးမှုတွေကြောင့်သာ တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် 4ယောက် ကတော့ အဆောင်နေ အသိုင်းအဝိုင်းတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ပြည်သူ့အစည်းအရုံးက ဇွန်လ1ရက်နေ့တွင် circuit breaker ကန့်သတ်ချက်တွေကိုလျှော့ချခြင်း မပြုမီ Third mask distribution လေ့ကျင့်ခန်း ကို မေလ26ရက်မှာ စတင် မည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ပညာရေးဝန်ကြီး Ong Ye Kung ကလည်း မိဘများအနေဖြင့် ဇွန်လ2ရက်နေ့မှာ
ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနဲ့ ပက်သက်ပြီးတော့ စိုးရိမ် ပူပန်နေရကြောင်း ပြောပါတယ်။
ပြည်သူတွေဆီကို အနိမ့်ဆုံး နဲ့ ထိန်းချုပ် ထားနိုင်တဲ့အဆင့်ကို ယူဆောင် လာပေးပြီးတဲ့နောက်မှာ ကျောင်းတွေကို ကြိုတင်ကာကွယ်မှုများစွာနဲ့ ပြန်လည် ဖွင့်လှစ်သင့်တယ်လို့ သူကပြောပါတယ်။ ကျောင်းသား နဲ့ဆရာတွေရဲ့ စိတ်ဓာတ်အပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့ အတွက်ကြောင့် ကျောင်းတက်ခြင်းဟာ ဆန္ဒအလျောက်မဖြစ်နိုင်ဘူး လို့ ပညာရေးဝန်ကြီးက ထပ်မံပြောကြားခဲ့ ပါတယ်။
crd : panpyoelat