




unicode

ကိုယ့်ကိုကိုယ် မိန်းမပဲ ကြိုက်လို့ ယောက်ျားစစ်ပြီ မထင်နဲ့လို့ ဆိုလာတဲ့ “ညီညီမောင်”

မြန်မာနိုင်ငံက ထိပ်တန်း မိတ်ကပ်ပညာရှင်တွေထဲတစ်ယောက်အပါအဝင်ဖြစ်တဲ့ ညီညီမောင်စမ်းချောင်ကတော့ ဟာသ Tik Tok လေးတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။သူကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေရပါသေးတယ်။

ယနေ့မှာတော့ ညီညီမောင်(စမ်းချောင်း)ဟာ ကိုယ့်ကိုကိုယ်မိန်းမပဲ ကြိုက်လို့ ယောက်ျားစစ်ပြီ မထင်ဖို့ ကို “အခြောက်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် လို့ပြောနေတဲ့ ယောက်ျားတွေ ကိုယ့်ကိုကိုယ်မိန်းမပဲ ကြိုက်လို့ ယောက်ကျားစစ်ပြီ မထင်ပါနဲ့ ယောက်ကျားဆိုရင် တာဝန်ယူမှု တာဝန်သိတတ်မှု ကိုယ်ပိုင်အရည်အချင်းတွေ နဲ့ ပြည့်စုံရတယ် တချို့ မိန်းမလျှာတွေရဲ့ တာဝန်ယူမှု တာဝန်သိတတ်မှု ကိုယ်ပိုင်အရည် အချင်းတွေက တချို့ ယောက်ကျားတွေထက်သာတယ် လို့ ကျွန်မမြင်တယ် !!!” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ အလှဖန်တီးရှင် ညီညီမောင်(စမ်းချောင်း)ကတော့ အခြောက်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် လို့ပြောနေတဲ့ ယောက်ျားတွေကို ကိုယ့်ကို ကိုယ်မိန်းမပဲ ကြိုက်လို့ ယောက်ျားစစ်တာမဟုတ်ဘဲ တာဝန်ယူမှု တာဝန်သိတတ်မှု ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပြည့်စုံရတယ်လို့ ပြောထားပါတယ်နော်။

Source: Nyi Nyi Mg- Sanchaung

Add a Comment

Your email address will not be published. Required fields are marked *

thirteen − six =