အေမစု ရဲ႕ ကူညီမႈေၾကာင့္ သမီးေလး အသက္ကို ကယ္တင္ေပးႏိုင္ ခဲ့သည့္ ေကာကရိတ္က ဖေအတစ္ေယာက္ ရဲ႕ ေက်းဇူးတင္လႊာ

ၾကည္ႏူးပီတိျဖစ္ရပါသည္

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊(၂၄.၂.၂၀၂၀)ရက္ေန႔၊ ေကာ့ကရိတ္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ အေမေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ေဒသခံျပည္သူလူထုေတြ႕ဆုံပြဲ၌ ကြၽန္ေတာ္ဦးေမာင္ဝင္းမွ

ကြၽန္ေတာ္၏ သမီးေလး မစႏၵာဝင္း(ဒုႏွစ္၊ ဘားအံတကၠသိုလ္) ခံစားေနရေသာႏွလုံးေရာဂါႏွင့္ ေငြေၾကးမတတ္ႏိုင္သည့္အေပၚကုသရာတြင္ကူညီေပးႏိုင္ပါရန္ စာေရးသားေပးပို႔ တင္ျပခဲ့ပါသည္။

အေမစုမွ စာကို ဖတ္ရႈ႕ၿပီး ကရင္ျပည္နယ္လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္အား ကူညီေဆာင္႐ြက္ေပးရန္ တာဝန္လႊဲေပးလိုက္ပါသည္။ ဦးဘိုဘိုေဝေမာင္ မွလည္း အစမွအဆုံး လိုအပ္သည္မ်ားကူညီေဆာင္႐ြက္ေပးပါသည္။

ယခုလ ၁၃.၈.၂၀၂၀ ရက္ေန႔တြင္ ကြၽန္ေတာ္၏ သမီးအား ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနတြင္ ေအာင္ျမင္စြာခြဲစိတ္ကုသခဲ့ၿပီးျဖစ္သည္။

ယခုဓါတ္ပုံအရ သမီးေလး ေအာင္ျမင္စြာ ခြဲစိတ္ၿပီး က်န္းက်န္းမာမာလန္းလန္းဆန္းဆန္း ျဖစ္ေနသည္ကိုေတြ႕ရသည္အတြက္မ်ားစြာဝမ္းေျမာက္ဝမ္းသာျဖစ္ရပါသည္။

ဦးေမာင္ဝင္း၊ ေကာ့ကရိတ္ၿမိဳ႕

သမီး အသက္ကိုကယ္တင္ေပးခဲ့တဲ့ အေမစု၊ေငြေၾကးမတတ္ႏိုင္သည့္အေပၚလိုေလေသးမရွိေအာင္ ကူညီေပးခဲ့တဲ့ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီးဦးဘိုဘိုေဝေမာင္၊ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနမွ ခြဲစိတ္အထူးကုဆရာဝန္ႀကီးႏွင့္ ဆရာဝန္မ်ား၊သူနာျပဳမ်ားအားလုံးကို အစဥ္ က်န္းမာခ်မ္းသာေစေၾကာင္းလက္ဆယ္ျဖာထိပ္မွာမိုး၍ သမီး မစႏၵာဝင္းမွ ႐ိုက်ိဳးရွိခိုးကန္ေတာ့ပါတယ္၊အေမစု က်န္းမာပါေစ၊ အေမစုေအာင္ျမင္ပါေစ၊

သမီး မစႏၵာဝင္း

အမွတ္(၂)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း၊ ဝင္းႀကီးရပ္၊ ေကာ့ကရိတ္ၿမိဳ႕၊ ကရင္ျပည္နယ္၊

@Dawna Aungtoe

@Thetdwe Aung

unicode

အမေစု ရဲ့ ကူညီမှုကြောင့် သမီးလေး အသက်ကို ကယ်တင်ပေးနိုင် ခဲ့သည့် ကောကရိတ်က ဖအေတစ်ယောက် ရဲ့ ကျေးဇူးတင်လွှာ

ကြည်နူးပီတိဖြစ်ရပါသည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊(၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှ

ကျွန်တော်၏ သမီးလေး မစန္ဒာဝင်း(ဒုနှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန် စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီး ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင် မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည်။

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

ယခုဓါတ်ပုံအရ သမီးလေး အောင်မြင်စွာ ခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။

ဦးမောင်ဝင်း၊ ကော့ကရိတ်မြို့

သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှ ရိုကျိုးရှိခိုးကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊

သမီး မစန္ဒာဝင်း

အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဝင်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

@Dawna Aungtoe

@Thetdwe Aung

Add a Comment

Your email address will not be published. Required fields are marked *

five × three =