Credit Kap Khen Pau
unicode
မုဆိုးမမိခင် နှင့် မီးမရှိတဲ့ရွာမှာနေပြီး မြန်မာနိုင်ငံ သမိုင်းမှာ မရှိဘူး‌သေးတဲ့ ဝိဇ္ဇာဘာသာတွဲ၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ဝေယံလင်းကျော်
မြန်မာနိုင်ငံ သမိုင်းမှာ မရှိဘူး‌သေးတဲ့ ဝိဇ္ဇာဘာသာတွဲ၊ ၆ ဘာသာဂုဏ်ထူး၊ အမှတ်ပေါင်း ၅၂၀ နှင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း​အောင် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး Top 1 ကို ချင်းတိုင်းရင်းသားလေး မောင်ဝေယံလင်းကျော်၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မှ ၁၆ မိုင်​ဝေးတဲ့ ​ရေနံ​တောင်​ကျေးရွာ ကဆွတ်ခူး ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို၊ အထူးသဖြင့် ချင်းလူမျိုး အတွက် သူရဲကောင်းတစ်ဦး မွေးဖွားလာတာဖြစ်ပါတယ်။သူငယ်ငယ်တုန်းက သူ့ဖခင် မြွေကိုက်လို့ဆုံးပါးခဲ့ပြီး၊မုဆိုးမမိခင်နှင့် နေရပါတယ်။မီးမရှိတဲ့ရွာမှာနေပြီး၊ခုထိ တယ်လီဖုန်းတောင်မရှိပါ။
တို့ချင်းတိုင်းရင်းသားများ သူ့ဖခင်နေရာမှာ နေပေးကြရင် မကောင်းဘူးလား။သူတာဝန်ကျေခဲ့ပြီ။ တို့လည်းတာဝန်ယူကြပါစို့လားခင်ဗျား။ချင်းပြည်နယ် ကုန်သည်စက်မှုအသင်းနှင့် ဆက်သွယ်ပေးကြပါခင်ဗျား။သတင်းစုံပြောပြပေးသော မြန်မာ့အသံက မမြသင်းကို ကျေးဇူးတင်ပါတယ်။ 09779370345 ဆရာမကြီး ​ဒေါ်ကြည်ကြည်စိန် ကနေလည်းဆက်သွယ် လို့ရပါတယ်ခင်ဗျား။
Credit Kap Khen Pau
Add a Comment
Your email address will not be published. Required fields are marked *
3 × five =