ငါးမန္းေတြ ဟာ လင္းပိုင္ေတြ ကို ဘာေၾကာင့္ေၾကာက္႐ြံ႕ၾက ပါသလဲ??

ငါးမန္းေတြ ဟာ လင္းပိုင္ေတြ ကို ဘာေၾကာင့္ေၾကာက္႐ြံ႕ၾက ပါသလဲ??

လင္းပိုင္ေတြဟာ အုပ္စုဖြဲ႕စုေပါင္းေနထိုင္ၾကၿပီး ဉာဏ္ေကာင္းတဲ့ ေရေနႏို႔တိုက္ သတၱဝါ အမ်ိဳးအစားျဖစ္ပါတယ္။ ငါးမန္းေတြရဲ႕သဘာဝက တစ္ေကာင္တည္းေနတတ္ၾကၿပီး သားရဲတိရစာၦန္အမ်ိဳးအစားပါ။ ငါးမန္းေတြဟာ လင္းပိုင္အုပ္ကိုျမင္တဲ့အခါမွာ ေရွာင္သြားတတ္ၾကၿပီး အထူး သျဖင့္ Grampus dolphin နဲ႔ Killer whales မ်ားကို ပိုၿပီးေၾကာက္ၾက ပါတယ္။

ဘာေၾကာင့္ ရက္စက္ တတ္တဲ့ ငါးမန္းေတြက ႏွစ္လိုဖြယ္အသြင္ နဲ႔ လင္းပိုင္ေတြကို ေၾကာက္ရတာလဲ လင္းပိုင္ေတြ ဟာ ငါးမန္း ကိုေတြ႕တာနဲ႔ ခ်က္ခ်င္းဆိုသလို အုပ္စုလိုက္တိုက္ခိုက္ၾကပါတယ္။ ဒါက ငါးမန္းေတြက လင္းပိုင္ေတြကိုေရွာင္ရွားၾကတဲ့အဓိကအခ်က္ပါပဲ။ လင္းပိုင္ေတြဟာ ဉာဏ္ရည္ျမင့္မားတဲ့ အျပင္ သူတို႔ရဲ႕ ခႏၶာကိုယ္ တည္ေဆာက္ပုံေၾကာင့္ အျခားေသာ အားသာခ်က္ေတြလည္း ရွိပါတယ္။ လင္းပိုင္ေတြရဲ႕ အေပၚဖက္ေရယပ္ဟာ ႏႉးညံ့တဲ့အေရျပားနဲ႔

ဖြဲ႕စည္းထားတာေၾကာင့္ သားေကာင္ကို တိုက္ခိုက္တဲ့အခါမွာ အေတာ္ျမန္ပါတယ္။ လင္းပိုင္ေတြရဲ႕ ေဒါင္လိုက္အၿမီးေၾကာင့္ ေရကူးတဲ့အခါမွာ ျမန္ဆန္ေစၿပီး direction ေျပာင္းတဲ့အခ်ိန္မွာလည္း ျမန္ေစပါတယ္။ ေခါင္းဖက္မွာရွိတဲ့အေရျပားဟာ ထူၿပီး သန္မာတာေၾကာင့္ ငါးမန္းကိုျမင္တဲ့အခါမွာ သူတို႔ရဲ႕ႏႈတ္သီးနဲ႔ အရင္ဆုံး ငါးမန္းရဲ႕ ပါးဟပ္ကို တိုက္လိုက္ပါတယ္။ ေနာက္မွ ငါးမန္းရဲ႕ ဝမ္းဗိုက္ကို အားျပင္းျပင္းတိုက္ခိုက္တတ္ၾကပါတယ္။ ထိုကဲ့သို႔တိုက္ခိုက္ျခင္းဟာ ငါးမန္းကို ေသေစႏိုင္ေလာက္တဲ့အတြင္းဒဏ္ရာကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ လင္းပိုင္းအမ်ိဳးအစားေတြထဲမွာ အပါအဝင္ျဖစ္တဲ့ Killer whale ေတြဟာ စားစရာရွားတဲ့အခါမွာ white shark ေတြကို အမဲလိုက္တတ္ၾကပါေသးတယ္။

လင္းပိုင္ေတြ႕ အၿမဲအုပ္စုနဲ႔သြားလာေနထိုင္ၾကၿပီး အခ်င္းခ်င္းစည္းလုံးပါတယ္။ တစ္ေကာင္နဲ႔တစ္ေကာင္ ကူညီတတ္ၾကတဲ့သဘာဝလည္းရွိပါတယ္။ ငါးမန္းေတြဟာ အေကာင္ႀကီးတဲ့ လင္းပိုင္ေတြထက္ အေကာင္ေသးတဲ့ လင္းပိုင္ငယ္ေလးေတြကို ပစ္မွတ္ထားကာ တိုက္ခိုက္ခ်င္ၾကပါတယ္။ မ်ားေသာအားျဖင့္ လင္းပိုင္ငယ္ေလးေတြ ကို တိုက္ခိုက္တဲ့ အခါမွာ အျခားေသာလင္းပိုင္အုပ္က ဝိုင္းဝန္းတိုက္ခိုက္တာေၾကာင့္ မလြတ္ႏိုင္ပါဘူး။ လင္းပိုင္ေတြရဲ႕အႀကီးဆုံးအားသာခ်က္ကေတာ့ ဉာဏ္ေကာင္းေနတာပါပဲ။ ေရထဲက ငါးမန္းရဲ႕ အသံလႈိင္းေ႐ြ႕လ်ားတာကို အာ႐ုံခံၿပီး ေရွာင္သြားတာ၊တိုက္ခိုက္တာေတြကို ျပဳလုပ္ပါတယ္။

ငါးမန္းေတြကပဲ လင္းပိုင္ေတြကိုေၾကာက္ရတာမ်ိဳးမဟုတ္ပါဘူး။ Florida မွာေနထိုင္တဲ့ လင္းပိုင္ေတြ ရဲ႕ကိုယ္ေပၚမွာ ငါးမန္းနဲ႔ တိုက္ခိုက္ထားတဲ့ ဒဏ္ခ်က္ေတြကို ေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္ လင္းပိုင္ေတြအတြက္လည္း ငါးမန္းေတြက ႀကီးမားတဲ့ၿခိမ္းေျခာက္မႈ တစ္ခုပါပဲ။

crd : panpyoelat

unicode

ငါးမန်းတွေ ဟာ လင်းပိုင်တွေ ကို ဘာကြောင့်ကြောက်ရွံ့ကြ ပါသလဲ??

လင်းပိုင်တွေဟာ အုပ်စုဖွဲ့စုပေါင်းနေထိုင်ကြပြီး ဉာဏ်ကောင်းတဲ့ ရေနေနို့တိုက် သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။ ငါးမန်းတွေရဲ့သဘာဝက တစ်ကောင်တည်းနေတတ်ကြပြီး သားရဲတိရစ္ဆာန်အမျိုးအစားပါ။ ငါးမန်းတွေဟာ လင်းပိုင်အုပ်ကိုမြင်တဲ့အခါမှာ ရှောင်သွားတတ်ကြပြီး အထူး သဖြင့် Grampus dolphin နဲ့ Killer whales များကို ပိုပြီးကြောက်ကြ ပါတယ်။

ဘာကြောင့် ရက်စက် တတ်တဲ့ ငါးမန်းတွေက နှစ်လိုဖွယ်အသွင် နဲ့ လင်းပိုင်တွေကို ကြောက်ရတာလဲ လင်းပိုင်တွေ ဟာ ငါးမန်း ကိုတွေ့တာနဲ့ ချက်ချင်းဆိုသလို အုပ်စုလိုက်တိုက်ခိုက်ကြပါတယ်။ ဒါက ငါးမန်းတွေက လင်းပိုင်တွေကိုရှောင်ရှားကြတဲ့အဓိကအချက်ပါပဲ။ လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင် သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အခြားသော အားသာချက်တွေလည်း ရှိပါတယ်။ လင်းပိုင်တွေရဲ့ အပေါ်ဖက်ရေယပ်ဟာ နှူးညံ့တဲ့အရေပြားနဲ့

ဖွဲ့စည်းထားတာကြောင့် သားကောင်ကို တိုက်ခိုက်တဲ့အခါမှာ အတော်မြန်ပါတယ်။ လင်းပိုင်တွေရဲ့ ဒေါင်လိုက်အမြီးကြောင့် ရေကူးတဲ့အခါမှာ မြန်ဆန်စေပြီး direction ပြောင်းတဲ့အချိန်မှာလည်း မြန်စေပါတယ်။ ခေါင်းဖက်မှာရှိတဲ့အရေပြားဟာ ထူပြီး သန်မာတာကြောင့် ငါးမန်းကိုမြင်တဲ့အခါမှာ သူတို့ရဲ့နှုတ်သီးနဲ့ အရင်ဆုံး ငါးမန်းရဲ့ ပါးဟပ်ကို တိုက်လိုက်ပါတယ်။ နောက်မှ ငါးမန်းရဲ့ ဝမ်းဗိုက်ကို အားပြင်းပြင်းတိုက်ခိုက်တတ်ကြပါတယ်။ ထိုကဲ့သို့တိုက်ခိုက်ခြင်းဟာ ငါးမန်းကို သေစေနိုင်လောက်တဲ့အတွင်းဒဏ်ရာကို ဖြစ်စေပါတယ်။ ဒါ့အပြင် လင်းပိုင်းအမျိုးအစားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ Killer whale တွေဟာ စားစရာရှားတဲ့အခါမှာ white shark တွေကို အမဲလိုက်တတ်ကြပါသေးတယ်။

လင်းပိုင်တွေ့ အမြဲအုပ်စုနဲ့သွားလာနေထိုင်ကြပြီး အချင်းချင်းစည်းလုံးပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ကူညီတတ်ကြတဲ့သဘာဝလည်းရှိပါတယ်။ ငါးမန်းတွေဟာ အကောင်ကြီးတဲ့ လင်းပိုင်တွေထက် အကောင်သေးတဲ့ လင်းပိုင်ငယ်လေးတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်ချင်ကြပါတယ်။ များသောအားဖြင့် လင်းပိုင်ငယ်လေးတွေ ကို တိုက်ခိုက်တဲ့ အခါမှာ အခြားသောလင်းပိုင်အုပ်က ဝိုင်းဝန်းတိုက်ခိုက်တာကြောင့် မလွတ်နိုင်ပါဘူး။ လင်းပိုင်တွေရဲ့အကြီးဆုံးအားသာချက်ကတော့ ဉာဏ်ကောင်းနေတာပါပဲ။ ရေထဲက ငါးမန်းရဲ့ အသံလှိုင်းရွေ့လျားတာကို အာရုံခံပြီး ရှောင်သွားတာ၊တိုက်ခိုက်တာတွေကို ပြုလုပ်ပါတယ်။

ငါးမန်းတွေကပဲ လင်းပိုင်တွေကိုကြောက်ရတာမျိုးမဟုတ်ပါဘူး။ Florida မှာနေထိုင်တဲ့ လင်းပိုင်တွေ ရဲ့ကိုယ်ပေါ်မှာ ငါးမန်းနဲ့ တိုက်ခိုက်ထားတဲ့ ဒဏ်ချက်တွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် လင်းပိုင်တွေအတွက်လည်း ငါးမန်းတွေက ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ခုပါပဲ။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

16 − 5 =