ေတာင္တ႐ုတ္ ပင္လယ္အေရးက ေပးလိုက္ တဲ့ သခ္န္းစာ… 👇👇👇 ( လင္းယုံနဲ႔ နဂါး စစ္မ်ား ကစားခဲ့ ရင္ အျမတ္ထြက္မယ့္ ျမန္မာအေျခအေန )

လင္းယုံနဲ႔ နဂါး စစ္မ်ား ကစားခဲ့ရင္… က်ဳပ္တို႔ႏိုင္ငံအေနနဲ႔ အေနတတ္ရင္ျမတ္မယ္ဆိုၿပီး.. ကိုယ့္ႏိုင္ငံ အက်ိဳးစီးပြားအတြက္ ႀကိဳတြက္ပီး ျပခဲ့ ဘူးတယ္။ဒီလို နဲ႔ ရက္ေတြၾကာလာေတာ့…. Usတို႔အုပ္စု အသာစီးရေနၿပီလို႔ ထင္ရေပမဲ့.. တေျဖးေျဖးနဲ႔ ႐ုပ္လုံးေပၚလာတာက… ကမာၻ႔ႏိုင္ငံေရးမွာ.. ထာဝရမိတ္ေဆြဆိုတာ မရွိသလို… ထာဝရရန္သူ ဆိုတာ လည္း မရွိဘဲ ထာဝရ အက်ိဳးစီးပြားကိုသာ ေရွးရႈလာတာကို ျမင္လာရတယ္….အေၾကာင္း ကေတာ့.. ဒီရက္ပိုင္းအတြင္းမွာပဲ … ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သတ္လို႔.. အေျပာင္းလဲႀကီး ေျပာင္းလဲသြားတဲ့ ႏိုင္ငံေတြ နဲ႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ရဲ႕ စကားေတြေၾကာင့္ပါ။

အေမရိကန္အုပ္စုဟာ သူတို႔သတ္မွတ္ထားတဲ့ … အင္ဒိုပစိဖိတ္ မူအရ ေတာင္တ႐ုတ္ ပင္လယ္မွာ တ႐ုတ္ေတြရဲ႕ စြက္ဖက္ျခင္း၊ ေႏွာက္ယွက္ျခင္း၊ က်ဴးေက်ာ္ျခင္း စတဲ့ လုပ္ရပ္ေတြအတြက္ ….စစ္ေရးအရ ပိတ္ဆို႔ႏိုင္ဖို႔အတြက္… အေမရိကန္၏ဦးေဆာင္မႈႏွင့္အတူ. ဂ်ပန္၊ ၿဗိတိန္၊ ဩစေၾတးလ်၊ အိႏၵိယ စတဲ့ႏိုင္ငံေတြနဲ႔အတူ မဟာမိတ္ဖြဲ႕ၿပီး စစ္ေရးေလ့က်င့္ေနတာ ကိုေတာ့ အားလုံးအသိပါ။တကယ္ေတာ့… ေတာင္တ႐ုတ္ပင္လယ္ အေရးဟာ.. Usနဲ႔တိုက္႐ိုက္ပတ္သတ္ျခင္းမရွိေပမဲ့.. မတရားအႏိုင္က်င့္ က်ဴးေက်ာ္ေနတဲ့ တ႐ုတ္ရဲ႕ လုပ္ရပ္ေတြေၾကာင့္ ဝင္ပါရတာျဖစ္သလို.. ေက်ာင္းေတာ္က ရန္ေႂကြးေၾကာင့္ဆိုရင္လည္း.. မမွားပါဘူး။

အဓိက ပတ္သတ္သူေတြကေတာ့.. ေဒသအတြင္းႏိုင္ငံေတြ ျဖစ္တဲ့ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဗီယက္နမ္၊ ဘ႐ူႏိုင္း၊ ဂ်ပန္ စတဲ့ႏိုင္ငံေတြနဲ႔ တ႐ုတ္တို႔ရဲ႕ ပိုင္ဆိုင္မႈ အျငင္းပြားေနၾကတဲ့ျပသနာကိုအေမရိကန္က ဝင္ကူညီေပးရင္း.. အင္အားႀကီးႏိုင္ငံႀကီးပီပီ ဦးေဆာင္ၿပီး ကန႔္ကြက္ ပယ္ခ်ထားသလို.. စစ္ေရး ျပင္ဆင္မႈေတြမွာပါ ကူညီေပးခဲ့တာပါ။အားလုံးသိတဲ့အတိုင္း… ေတာင္တ႐ုတ္ပင္လယ္ အေရးနဲ႔ပတ္သတ္လို႔.. လူအား ေငြအား လက္နက္အင္အားက အစစအရာရာ အကုန္က်ခံၿပီးလုပ္ေဆာင္ေပးခဲ့ေသာ္လည္း… Usက တကယ္တိုက္ဖို႔အတြက္ အရွိန္အဟုန္ ျမႇင့္လာေနခ်ိန္မွာပဲ.. မဟာမိတ္ေတြႏိုင္ငံအခ်ိဳ႕ဟာ အျပည့္အဝ ပါဝင္ လာျခင္းမရွိတာကို.. ဒီရက္ပိုင္းထဲမွာ ေတြ႕လာရပါၿပီ။ပထမဆုံး သစၥာေဖာက္လိုက္သူကေတာ့… ဒူတာေတး(ဖီလစ္ပိုင္) ပါ။ ျပည္သူေတြရဲ႕ မေက်နပ္တဲ့ အသံေတြထြက္လာေပမဲ့ တကယ္လက္ေလွ်ာင္လိုက္ၿပီလို႔..ေျပာလို႔ရပါတယ္။ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္ …. တ႐ုတ္ရဲ႕ ပါဝါနဲ႔ ၾသဇာဟာ USတို႔တြက္ထားတာထက္ ေၾကာက္ဖို႔ေကာင္းသလို… Covid-19 အေရးကို ႏိုင္ငံငယ္ေတြ ေၾကာက္ေနတယ္ စိုးရိမ္ေနတယ္ ဆိုတာကိုလည္း စဥ္းစားမိမယ္လို႔ ထင္ပါတယ္။ဒူတာေတးဟာ..ပင္လယ္ပိုင္နက္နဲ႔ ကာကြယ္ေဆး လဲသင့္ရင္ လဲမယ္ ဆိုတဲ့ ပုံစံျဖစ္ေနလို႔ပါ။

ဘာလို႔ဆို… ဘယ္ဘက္ကိုမွ မလိုက္ဘူး လို႔ ဒူတာေတးကိုယ္တိုင္ ေျပာလိုက္ တဲ့စကားက တခုခုကို ေၾကာက္ေနလို႔ပါ။ေနာက္ တစ္ေယာက္.. ကိုယ့္အက်ိဳး စီးပြားကို ထိခိုက္လာေစမယ့္ အရာေတြကို လုပ္ဖို႔အတြက္ စိတ္ကူးမရွိေတာ့ဘူး ဆိုတဲ့ စကားကို ဒီရက္ထဲမွာေျပာလိုက္တာက… #ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးပါ။တကယ္တိုက္ေတာ့မယ္… တကယ္ျဖစ္ေတာ့မယ္ ဆိုၿပီး အရွိန္ျမႇင့္လာခ်ိန္မွာမွ ရက္ပိုင္းအတြင္း ေျပာင္းလဲသြားၾကတဲ့ ကမာၻ႔ႏိုင္ငံေတြရဲ႕ ရပ္တည္ခ်က္ေတြ သိရတဲ့အခါ.. ႏိုင္ငံေရးမွာ… ထာဝရမိတ္ေဆြ ထာဝရရန္သူဆိုတာမ်ိဳး မရွိပဲ…တကယ္ ျဖစ္လာရင္.. မိမိႏိုင္ငံႏွင့္မိမိအက်ိဳးစီးပြားကိုပဲ ၾကည့္ၾကတာပါလားဆိုၿပီး ေတြးမိတဲ့အခါ… သူတို႔ေတြလည္း ကိုယ့္လိုပါပဲလား..တိုင္းျပည္ေတာ့ အနာမခံဘူး အက်ိဳးျမတ္ပဲ ရရင္ယူမယ္ဆိုသူေတြလို႔ ေတြးရင္း.. တ႐ုတ္နဲ႔ အေမရိကန္အေရးမွာ … ဘယ္ဘက္ကိုမွ လိုက္မွာမဟုတ္ပဲ … ကိုယ့္မူနဲ႔ကိုယ္ေနမယ္လို႔ ေျပာထားတဲ့ ျမန္မာအစိုးရကို ပိုၿပီးေလးစားမိတယ္။ဒါပဲေလ….. သူတို႔ေတြ ျဖစ္ပါေစလို႔ ဆုေတာင္းေနေပမဲ့… ႏိုင္ငံကို မထိပဲ မနာပဲ ရလာမဲ့ အက်ိဳးအျမတ္ဆိုရင္ေတာ့ လိုခ်င္ ရခ်င္တာက… ေတာင္တ႐ုတ္ပင္လယ္အေရးက ေပးလိုက္တဲ့… သခ္န္းစာေတြ ေၾကာင့္ပါဗ်ာ။

unicode

တောင်တရုတ် ပင်လယ်အရေးက ပေးလိုက် တဲ့ သခ်န်းစာ… 👇👇👇 ( လင်းယုံနဲ့ နဂါး စစ်များ ကစားခဲ့ ရင် အမြတ်ထွက်မယ့် မြန်မာအခြေအနေ )

လင်းယုံနဲ့ နဂါး စစ်များ ကစားခဲ့ရင်… ကျုပ်တို့နိုင်ငံအနေနဲ့ အနေတတ်ရင်မြတ်မယ်ဆိုပြီး.. ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ကြိုတွက်ပီး ပြခဲ့ ဘူးတယ်။ဒီလို နဲ့ ရက်တွေကြာလာတော့…. Usတို့အုပ်စု အသာစီးရနေပြီလို့ ထင်ရပေမဲ့.. တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာတာက… ကမ္ဘာ့နိုင်ငံရေးမှာ.. ထာဝရမိတ်ဆွေဆိုတာ မရှိသလို… ထာဝရရန်သူ ဆိုတာ လည်း မရှိဘဲ ထာဝရ အကျိုးစီးပွားကိုသာ ရှေးရှုလာတာကို မြင်လာရတယ်….အကြောင်း ကတော့.. ဒီရက်ပိုင်းအတွင်းမှာပဲ … တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သတ်လို့.. အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ နိုင်ငံတွေ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ စကားတွေကြောင့်ပါ။

အမေရိကန်အုပ်စုဟာ သူတို့သတ်မှတ်ထားတဲ့ … အင်ဒိုပစိဖိတ် မူအရ တောင်တရုတ် ပင်လယ်မှာ တရုတ်တွေရဲ့ စွက်ဖက်ခြင်း၊ နှောက်ယှက်ခြင်း၊ ကျူးကျော်ခြင်း စတဲ့ လုပ်ရပ်တွေအတွက် ….စစ်ရေးအရ ပိတ်ဆို့နိုင်ဖို့အတွက်… အမေရိကန်၏ဦးဆောင်မှုနှင့်အတူ. ဂျပန်၊ ဗြိတိန်၊ ဩစတြေးလျ၊ အိန္ဒိယ စတဲ့နိုင်ငံတွေနဲ့အတူ မဟာမိတ်ဖွဲ့ပြီး စစ်ရေးလေ့ကျင့်နေတာ ကိုတော့ အားလုံးအသိပါ။တကယ်တော့… တောင်တရုတ်ပင်လယ် အရေးဟာ.. Usနဲ့တိုက်ရိုက်ပတ်သတ်ခြင်းမရှိပေမဲ့.. မတရားအနိုင်ကျင့် ကျူးကျော်နေတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေကြောင့် ဝင်ပါရတာဖြစ်သလို.. ကျောင်းတော်က ရန်ကြွေးကြောင့်ဆိုရင်လည်း.. မမှားပါဘူး။

အဓိက ပတ်သတ်သူတွေကတော့.. ဒေသအတွင်းနိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ တရုတ်တို့ရဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ပြသနာကိုအမေရိကန်က ဝင်ကူညီပေးရင်း.. အင်အားကြီးနိုင်ငံကြီးပီပီ ဦးဆောင်ပြီး ကန့်ကွက် ပယ်ချထားသလို.. စစ်ရေး ပြင်ဆင်မှုတွေမှာပါ ကူညီပေးခဲ့တာပါ။အားလုံးသိတဲ့အတိုင်း… တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သတ်လို့.. လူအား ငွေအား လက်နက်အင်အားက အစစအရာရာ အကုန်ကျခံပြီးလုပ်ဆောင်ပေးခဲ့သော်လည်း… Usက တကယ်တိုက်ဖို့အတွက် အရှိန်အဟုန် မြှင့်လာနေချိန်မှာပဲ.. မဟာမိတ်တွေနိုင်ငံအချို့ဟာ အပြည့်အဝ ပါဝင် လာခြင်းမရှိတာကို.. ဒီရက်ပိုင်းထဲမှာ တွေ့လာရပါပြီ။ပထမဆုံး သစ္စာဖောက်လိုက်သူကတော့… ဒူတာတေး(ဖီလစ်ပိုင်) ပါ။ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေထွက်လာပေမဲ့ တကယ်လက်လျှောင်လိုက်ပြီလို့..ပြောလို့ရပါတယ်။ဒီအချက်ကိုကြည့်ခြင်းအားဖြင့် …. တရုတ်ရဲ့ ပါဝါနဲ့ သြဇာဟာ USတို့တွက်ထားတာထက် ကြောက်ဖို့ကောင်းသလို… Covid-19 အရေးကို နိုင်ငံငယ်တွေ ကြောက်နေတယ် စိုးရိမ်နေတယ် ဆိုတာကိုလည်း စဉ်းစားမိမယ်လို့ ထင်ပါတယ်။ဒူတာတေးဟာ..ပင်လယ်ပိုင်နက်နဲ့ ကာကွယ်ဆေး လဲသင့်ရင် လဲမယ် ဆိုတဲ့ ပုံစံဖြစ်နေလို့ပါ။

ဘာလို့ဆို… ဘယ်ဘက်ကိုမှ မလိုက်ဘူး လို့ ဒူတာတေးကိုယ်တိုင် ပြောလိုက် တဲ့စကားက တခုခုကို ကြောက်နေလို့ပါ။နောက် တစ်ယောက်.. ကိုယ့်အကျိုး စီးပွားကို ထိခိုက်လာစေမယ့် အရာတွေကို လုပ်ဖို့အတွက် စိတ်ကူးမရှိတော့ဘူး ဆိုတဲ့ စကားကို ဒီရက်ထဲမှာပြောလိုက်တာက… #သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးပါ။တကယ်တိုက်တော့မယ်… တကယ်ဖြစ်တော့မယ် ဆိုပြီး အရှိန်မြှင့်လာချိန်မှာမှ ရက်ပိုင်းအတွင်း ပြောင်းလဲသွားကြတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေ သိရတဲ့အခါ.. နိုင်ငံရေးမှာ… ထာဝရမိတ်ဆွေ ထာဝရရန်သူဆိုတာမျိုး မရှိပဲ…တကယ် ဖြစ်လာရင်.. မိမိနိုင်ငံနှင့်မိမိအကျိုးစီးပွားကိုပဲ ကြည့်ကြတာပါလားဆိုပြီး တွေးမိတဲ့အခါ… သူတို့တွေလည်း ကိုယ့်လိုပါပဲလား..တိုင်းပြည်တော့ အနာမခံဘူး အကျိုးမြတ်ပဲ ရရင်ယူမယ်ဆိုသူတွေလို့ တွေးရင်း.. တရုတ်နဲ့ အမေရိကန်အရေးမှာ … ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ပဲ … ကိုယ့်မူနဲ့ကိုယ်နေမယ်လို့ ပြောထားတဲ့ မြန်မာအစိုးရကို ပိုပြီးလေးစားမိတယ်။ဒါပဲလေ….. သူတို့တွေ ဖြစ်ပါစေလို့ ဆုတောင်းနေပေမဲ့… နိုင်ငံကို မထိပဲ မနာပဲ ရလာမဲ့ အကျိုးအမြတ်ဆိုရင်တော့ လိုချင် ရချင်တာက… တောင်တရုတ်ပင်လယ်အရေးက ပေးလိုက်တဲ့… သခ်န်းစာတွေ ကြောင့်ပါဗျာ။

Add a Comment

Your email address will not be published. Required fields are marked *

six + sixteen =