(၃၅)ႏွစ္ၾကာ ခ်ဳပ္ေႏွာင္ခံထားခဲ့ရသည့္ ကမာၻ႔အထီးက်န္ဆုံး ဆင္ကို ေဘးမဲ့လႊတ္ေပးၿပီ

ကမာၻ႔အထီးက်န္ဆုံးဆင္လို႔အမည္ေပးခံထားရတဲ့ ပါကစၥတန္ႏိုင္ငံ ကဆင္ေလး ကာဗန္က ၃၅ႏွစ္ၾကာခ်ဳပ္ေႏွာင္ခံရမႈကေန လြတ္ေျမာက္ခြင့္ရသြားခဲ့ၿပီျဖစ္ကာ သူရဲ႕သဘာဝေနအိမ္ဆီကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္ခြင့္ရသြားခဲ့ပါၿပီ။အစၥလာမာဘတ္ၿမိဳ႕က မာရာဂါဇာတိရစာၦန္ဥယ်ာဥ္မွာပဲ သူရဲ႕ဘဝေနဝင္ခ်ိန္ထိ တစ္ကိုယ္တည္းအထီးက်န္စြာနဲ႔ ေနထိုင္ကုန္ဆုံးရမယ့္ ကံၾကမၼာဆိုးႀကီး ကေန လြတ္ေျမာက္ခြင့္ရသြားခဲ့ၿပီျဖစ္တာေၾကာင့္ ဆင္ေလး ကာဗန္ကို ခ်စ္ခင္ၾကသူေတြက ဝမ္းသာေပ်ာ္႐ႊင္ေနၾကပါတယ္။အရင္က ဆာဟီလီလို႔အမည္ရတဲ့ အေပါင္းအေဖာ္ဆင္တစ္ေကာင္ရွိခဲ့ေပမယ့္ ဆာဟီလီက ၂၀၁၂ခုႏွစ္မွာ ေသဆုံးသြားခဲ့ၿပီးတဲ့ေနာက္ ကာဗန္တစ္ေကာင္တည္းက်န္ေနခဲ့ၿပီး ကမာၻ႔အထီး က်န္ဆုံးဆင္အျဖစ္ အမည္ရလာခဲ့တာျဖစ္ပါတယ္။

ကာဗန္က စိတ္ပိုင္းဆိုင္ရာထိခိုက္တဲ့လကၡဏာေတြလည္းျပလာခဲ့ၿပီး ပိုၿပီးရန္လိုလာခဲ့တယ္လို႔လည္း ေတာ႐ိုင္းတိရစာၦန္ပညာရွင္ေတြက သုံးသပ္ခဲ့ၾကပါတယ္။ ၁၉၈၅ခုႏွစ္မွာ သီရိလကၤာအစိုးရကေန ဆင္ေပါက္ေလးကာဗန္ကို ပါကစၥတန္ႏိုင္ငံဆီ ေပးပို႔ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကာဗန္က အသက္ ၃၅ႏွစ္ရွိၿပီျဖစ္ပါတယ္။

ကာဗန္ကိုခ်စ္ခင္စာနာသူေတြက သူ႔ကိုလႊတ္ေပးဖို႔ေတာင္းဆိုတဲ့လႈပ္ရွားမႈေတြလုပ္လာခဲ့ၾကတာ ငါးႏွစ္ေလာက္ၾကာျမင့္လာခ်ိန္မွာေတာ့ ကမာၻ႔အထီးက်န္ဆုံးဆင္ အျဖစ္ ကာဗန္အေၾကာင္းကို ပိုၿပီးလူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ကာဗန္ကိုျပန္လႊတ္ေပးဖို႔လက္မွတ္ထိုးေတာင္းဆိုလာသူ ၄၀၀၀၀၀ေက်ာ္ရွိလာခဲ့ၿပီးတဲ့ေနာက္ ပါကစၥတန္ တရား႐ုံးက ကာဗန္ကို ျပန္လႊတ္ေပးဖို႔ခြင့္ျပဳေၾကာင္း ဆုံးျဖတ္ေပးလိုက္တာျဖစ္ပါတယ္။ေနာက္ဆုံးမွာေတာ့ ပါကစၥတန္ႏိုင္ငံကေန ကေမာၻဒီယားႏိုင္ငံဆီက ေဘးမဲ့ေတာကို ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ၿပီျဖစ္ကာ ဒီေဘးမဲ့ေတာမွာ အေပါင္းအေဖာ္သစ္ေတြနဲ႔ လြတ္လပ္ေပ်ာ္႐ႊင္တဲ့ ဘဝသစ္ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ကာဗန္ကို ဆုေတာင္းေပးေနၾကပါတယ္။

Credit Pyi Myanmar

unicode

(၃၅)နှစ်ကြာ ချုပ်နှောင်ခံထားခဲ့ရသည့် ကမ္ဘာ့အထီးကျန်ဆုံး ဆင်ကို ဘေးမဲ့လွှတ်ပေးပြီ

ကမ္ဘာ့အထီးကျန်ဆုံးဆင်လို့အမည်ပေးခံထားရတဲ့ ပါကစ္စတန်နိုင်ငံ ကဆင်လေး ကာဗန်က ၃၅နှစ်ကြာချုပ်နှောင်ခံရမှုကနေ လွတ်မြောက်ခွင့်ရသွားခဲ့ပြီဖြစ်ကာ သူရဲ့သဘာဝနေအိမ်ဆီကို ပျော်ပျော်ရွှင်ရွှင်ပြန်ခွင့်ရသွားခဲ့ပါပြီ။အစ္စလာမာဘတ်မြို့က မာရာဂါဇာတိရစ္ဆာန်ဥယျာဉ်မှာပဲ သူရဲ့ဘဝနေဝင်ချိန်ထိ တစ်ကိုယ်တည်းအထီးကျန်စွာနဲ့ နေထိုင်ကုန်ဆုံးရမယ့် ကံကြမ္မာဆိုးကြီး ကနေ လွတ်မြောက်ခွင့်ရသွားခဲ့ပြီဖြစ်တာကြောင့် ဆင်လေး ကာဗန်ကို ချစ်ခင်ကြသူတွေက ဝမ်းသာပျော်ရွှင်နေကြပါတယ်။အရင်က ဆာဟီလီလို့အမည်ရတဲ့ အပေါင်းအဖော်ဆင်တစ်ကောင်ရှိခဲ့ပေမယ့် ဆာဟီလီက ၂၀၁၂ခုနှစ်မှာ သေဆုံးသွားခဲ့ပြီးတဲ့နောက် ကာဗန်တစ်ကောင်တည်းကျန်နေခဲ့ပြီး ကမ္ဘာ့အထီး ကျန်ဆုံးဆင်အဖြစ် အမည်ရလာခဲ့တာဖြစ်ပါတယ်။

ကာဗန်က စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့လက္ခဏာတွေလည်းပြလာခဲ့ပြီး ပိုပြီးရန်လိုလာခဲ့တယ်လို့လည်း တောရိုင်းတိရစ္ဆာန်ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ၁၉၈၅ခုနှစ်မှာ သီရိလင်္ကာအစိုးရကနေ ဆင်ပေါက်လေးကာဗန်ကို ပါကစ္စတန်နိုင်ငံဆီ ပေးပို့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကာဗန်က အသက် ၃၅နှစ်ရှိပြီဖြစ်ပါတယ်။

ကာဗန်ကိုချစ်ခင်စာနာသူတွေက သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့လှုပ်ရှားမှုတွေလုပ်လာခဲ့ကြတာ ငါးနှစ်လောက်ကြာမြင့်လာချိန်မှာတော့ ကမ္ဘာ့အထီးကျန်ဆုံးဆင် အဖြစ် ကာဗန်အကြောင်းကို ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။ကာဗန်ကိုပြန်လွှတ်ပေးဖို့လက်မှတ်ထိုးတောင်းဆိုလာသူ ၄၀၀၀၀၀ကျော်ရှိလာခဲ့ပြီးတဲ့နောက် ပါကစ္စတန် တရားရုံးက ကာဗန်ကို ပြန်လွှတ်ပေးဖို့ခွင့်ပြုကြောင်း ဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ပါကစ္စတန်နိုင်ငံကနေ ကမ္ဘောဒီယားနိုင်ငံဆီက ဘေးမဲ့တောကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကာ ဒီဘေးမဲ့တောမှာ အပေါင်းအဖော်သစ်တွေနဲ့ လွတ်လပ်ပျော်ရွှင်တဲ့ ဘဝသစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ကာဗန်ကို ဆုတောင်းပေးနေကြပါတယ်။

Credit Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *

eight − seven =