




unicode

လေ့ကျင့်ခန်းတွေ အပီအပြင်လုပ်ကာ ဆွဲဆောင်မှု ရှိနေတဲ့ ဖွေးစိန်လေး ရဲ့ဗီဒီယို

ပရိသတ်အချစ်တော်လေး ဖွေးဖွေး ကတော့ အကယ်ဒမီဆု သုံးဆု တိတိ ရယူပိုင်ဆိုင် ထားနိုင်တဲ့ ထိပ်တန်း အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်လည်းဖြစ်တဲ့ ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ အမြောက်အမြားရိုက်ကူးခဲ့သလို ကြော်ငြာတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မာန်မာနကင်းတဲ့ ဖွေးဖွေးက သူမချစ် တဲ့ပရိသတ်တွေ အပေါ်မှာ လည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တာ ဖြစ်ပါတယ်။

ဖွေးဖွေးက လူငယ်ဆန်ဆန် လွတ်လပ် ပေါ့ပါးတဲ့ Style လေးနဲ့ နေထိုင်တတ်ပြီး သူများတွေနဲ့မတူတဲ့ ပုံစံမျိုးလေးနဲ့လည်း မိမိုက်နေတတ်တာ ဖြစ်ပါတယ်။ အသက် (၃၀) ကျော်အရွယ်လို့ မထင်ရလောက်အောင်ကို နုပျိုလွန်းတဲ့ ဖွေးစိန်လေးက ကျန်းမာရေးလိုက်စားပြီး အားကစားပုံမှန်လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ဖွေးစိန်လေး က GYM သွားပြီး လေ့ကျင့်ခန်း လုပ်နေတဲ့ ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ်။

GYM မှာ ဖွေးစိန်လေးက Squat Jump လေ့ကျင့်ခန်းကို ကြိုးစားပမ်း စားနဲ့ အပီ အပြင်လုပ်နေတာပဲ ဖြစ်ပါတယ်။ အချိုးအစားပြေပြစ်တဲ့ အမိုက်စား Body လေးကို ပိုင်ဆိုင်ထားတဲ့ ဖွေးစိန်လေးက စွဲမက်ဖွယ်ကောင်းတဲ့အလှတရားတွေနဲ့ ပိုပိုပြီးလှလာတာ ဖြစ်ပါတယ်။ ကဲ လေ့ကျင့်ခန်းလုပ်နေတဲ့ ဖွေးစိန်လေးရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို လည်း ချစ်ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phway Phway’s FB Page Story

Add a Comment

Your email address will not be published. Required fields are marked *

4 × five =