“ကိုဗစ္ေဆး” ကို ဘဂၤလားေဒ့ရွ္ ပထမဆုံး စထုတ္

“ကိုဗစ္ေဆး” ကို ဘဂၤလားေဒ့ရွ္ ပထမဆုံး စထုတ္

ကိုဗစ္-၁၉ လူနာေတြ ေရာဂါ ျပန္ သက္သာခ်ိန္ ျမန္ဆန္ေစ တဲ့ ရမ္ဒက္စ္ ဆီဗီယာ Remdesivir ေဆးရဲ႕ အလားတူ ေဆးဝါးကို ဘဂၤလားေဒ့ရွ္ ေဆးကုမၸဏီတစ္ခုက ကမာၻ႔ႏိုင္ငံေတြထဲမွာ ပထမဆုံးအျဖစ္ စထုတ္ေတာ့မွာ ျဖစ္ပါတယ္။ဒီေဆးကို အေမရိကန္ ေဆးကုမၸဏီႀကီး Gilead ဂိလိယတ္က မူရင္း ထုတ္လုပ္တာ ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ အေျခစိုက္ Beximco ေဆးကုမၸဏီကေန ဒီေဆးနဲ႔ ပါဝင္ပစၥည္းေတြတူညီတဲ့ အလားတူ အမ်ိဳးအစားေဆးကို ဒီလထဲမွာ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ဒီေဆးက ကိုဗစ္လူနာေတြကို ေရာဂါ ျပန္သက္သာခ်ိန္ ပိုျမန္ေစ တာကို ႏိုင္ငံတကာက ေဆး႐ုံေတြ မွာ စမ္းသပ္မႈအရ ေတြ႕ရ ပါတယ္။

ဒီေဆးမသုံး သူေတြက ၁၅ ရက္မွာ ျပန္သက္ သာတာကို ေတြ႕ရၿပီး ဒီေဆးနဲ႔ ဆိုရင္ ၁၁ ရက္ ၾကာတာကို စမ္းသပ္မႈေတြမွာ ေတြ႕ခဲ့ရပါတယ္။ တကယ္ေတာ့ ဒီ ဗိုင္းရပ္စ္ကုသေဆးကို အီဘိုလာေရာဂါကို ကုသဖို႔အတြက္ ထုတ္လုပ္ထားခဲ့တာပါ။ဒီေဆးက ကိုယ္ထဲက ဆဲလ္ေတြမွာ ဗိုင္းရပ္စ္ ပြားေအာင္လုပ္ႏိုင္ တဲ့ အင္ဇိုင္း ကို တားေပးပါတယ္။ ဒီေဆးက ေရာဂါသက္လာခ်ိန္ ပိုျမန္တာေတြ႕ရေပမဲ့ ေသဆုံးမႈႏႈန္း မွာေတာ့ သိသာတဲ့ အက်ိဳးသက္ေရာက္မႈ မေတြ႕ရပါဘူး။ ဒီေဆးနဲ႔ ကုသခံရသူေတြရဲ႕ ေသဆုံးႏႈန္းက ၈ ရာခိုင္ႏႈန္းရွိၿပီး ဒီေဆးမေပးသူေတြ မွာေတာ့ ၁၁ ရာခိုင္ႏႈန္းေက်ာ္ ရွိပါတယ္။ ဒါေၾကာင့္ ပညာရွင္ေတြက ဒီေဆးကို ကို႐ိုနာ ဗိုင္းရပ္စ္အတြက္ အစြမ္းထက္ေမွာ္ေဆးလုံး လို႔ မျမင္ၾကနဲ႔လို႔ ေျပာထားပါတယ္။

ဒါေပမဲ့ အခုေလာေလာဆယ္ မွာ ကိုဗစ္ကို ထိထိေရာက္ေရာက္ကုႏိုင္တဲ့ေဆး ဘာမွ မရွိေသးလို႔ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ားက ဒီေဆးကို စမ္းသပ္ၾကည့္ခ်င္ေနၾက ပါတယ္။ Beximco က ထုတ္မယ့္ေဆး ကို အေရွ႕ေတာင္အာရွ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဆီ ျမန္ျမန္ဆန္ဆန္ ျဖန္႔ႏိုင္မွာ ျဖစ္ပါတယ္။အတည္မျပဳရေသးတဲ့ သတင္းတခ်ိဳ႕ကေတာ့ ဒီကုမၸဏီဟာ အိႏၵိယနဲ႔ ပါကစၥတန္ ႏိုင္ငံက ေဆးကုမၸဏီႀကီးေတြနဲ႔ ပူးေပါင္းလုပ္ဖို႔ ႀကိဳးစားေနတယ္ လို႔လည္း သိရပါတယ္။အိႏၵိယနဲ႔ ပါကစၥတန္ ကုမၸဏီ ငါးခုတို႔က ျမန္မာအပါအဝင္ ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြနဲ႔ ဝင္ေငြအလယ္အလတ္ေအာက္နိမ့္တဲ့ ႏိုင္ငံ ၁၂၇ ခု အတြက္ အဲဒီ ကိုဗစ္ေဆးေတြ ထုတ္ဖို႔ အေမရိကန္ေဆးကုမၸဏီႀကီး ဂိလိယတ္ နဲ႔ သေဘာတူခဲ့ၾကတယ္ လို႔ ေမလလယ္မွာ ေၾကညာထားခဲ့ပါတယ္။ေဆးစထုတ္မယ့္အခ်ိန္နဲ႔ ေစ်းႏႈန္းေတြ ေျပာဖို႔ ေစာလြန္းေသးတယ္လို႔ အဲဒီထဲမွာ ပါဝင္တဲ့ အိႏၵိယေဆး ကုမၸဏီတစ္ခုက ေျပာၿပီး ဇြန္ လေလာက္က်ရင္ ဒီအေျခအေနေတြကို သိႏိုင္မယ္လို႔ အဲဒီေဆးကုမၸဏီက ေျပာပါတယ္။

Credit Burmese BBC

unicode

“ကိုဗစ်ဆေး” ကို ဘင်္ဂလားဒေ့ရှ် ပထမဆုံး စထုတ်

ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန် သက်သာချိန် မြန်ဆန်စေ တဲ့ ရမ်ဒက်စ် ဆီဗီယာ Remdesivir ဆေးရဲ့ အလားတူ ဆေးဝါးကို ဘင်္ဂလားဒေ့ရှ် ဆေးကုမ္ပဏီတစ်ခုက ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံးအဖြစ် စထုတ်တော့မှာ ဖြစ်ပါတယ်။ဒီဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ်က မူရင်း ထုတ်လုပ်တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Beximco ဆေးကုမ္ပဏီကနေ ဒီဆေးနဲ့ ပါဝင်ပစ္စည်းတွေတူညီတဲ့ အလားတူ အမျိုးအစားဆေးကို ဒီလထဲမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေ တာကို နိုင်ငံတကာက ဆေးရုံတွေ မှာ စမ်းသပ်မှုအရ တွေ့ရ ပါတယ်။

ဒီဆေးမသုံး သူတွေက ၁၅ ရက်မှာ ပြန်သက် သာတာကို တွေ့ရပြီး ဒီဆေးနဲ့ ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင် တဲ့ အင်ဇိုင်း ကို တားပေးပါတယ်။ ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်း မှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေ မှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါကြောင့် ပညာရှင်တွေက ဒီဆေးကို ကိုရိုနာ ဗိုင်းရပ်စ်အတွက် အစွမ်းထက်မှော်ဆေးလုံး လို့ မမြင်ကြနဲ့လို့ ပြောထားပါတယ်။

ဒါပေမဲ့ အခုလောလောဆယ် မှာ ကိုဗစ်ကို ထိထိရောက်ရောက်ကုနိုင်တဲ့ဆေး ဘာမှ မရှိသေးလို့ နိုင်ငံတော်တော် များများက ဒီဆေးကို စမ်းသပ်ကြည့်ချင်နေကြ ပါတယ်။ Beximco က ထုတ်မယ့်ဆေး ကို အရှေ့တောင်အာရှ နိုင်ငံတော်တော်များများဆီ မြန်မြန်ဆန်ဆန် ဖြန့်နိုင်မှာ ဖြစ်ပါတယ်။အတည်မပြုရသေးတဲ့ သတင်းတချို့ကတော့ ဒီကုမ္ပဏီဟာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံက ဆေးကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ဖို့ ကြိုးစားနေတယ် လို့လည်း သိရပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် အဲဒီ ကိုဗစ်ဆေးတွေ ထုတ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီး ဂိလိယတ် နဲ့ သဘောတူခဲ့ကြတယ် လို့ မေလလယ်မှာ ကြေညာထားခဲ့ပါတယ်။ဆေးစထုတ်မယ့်အချိန်နဲ့ ဈေးနှုန်းတွေ ပြောဖို့ စောလွန်းသေးတယ်လို့ အဲဒီထဲမှာ ပါဝင်တဲ့ အိန္ဒိယဆေး ကုမ္ပဏီတစ်ခုက ပြောပြီး ဇွန် လလောက်ကျရင် ဒီအခြေအနေတွေကို သိနိုင်မယ်လို့ အဲဒီဆေးကုမ္ပဏီက ပြောပါတယ်။

Credit Burmese BBC