unicode
ဘင်္ဂလားပင်လယ်အော် အတွင်းရှိ လေဖိအားနည်း ရပ်ဝန်း အခြေအနေ နောက်ဆုံးရ သတင်း
ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ လေဖိအားနည်း ရပ်ဝန်း အခြေအနေ နောက်ဆုံး ရသတင်း (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
“ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်း ထွာချက် များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်း ကမ်းလွန်- အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ) တို့တွင် ဖြစ်ပေါ်ေ နသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဆက်လက် တည်ရှိနေပါသည်။”
လက်ရှိမှာ မုတ်သုန် လေအားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းမှာ နေရာကွက်ကြား မိုးကြီးနိုင်တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်မိုးဦး ကပြောပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းက သူတွေအနေနဲ့ သတိထား သင့် တဲ့ အချက်တွေကို ဒေါက်တာ ကျော်မိုးဦးက ခုလိုပဲ ရှင်းပြပါတယ်။
“အဓိက ကမြစ်ငယ် ချောင်းငယ်တွေမှာ ရေပြည့် ရေလျှံမှုတွေဖြစ်မှာ ဒါမျိုးတွေကို သတိပြုဖို့ လိုမယ်နောက် တစ်ခုက တောင်ကုန်းတောင်းတန်းတွေမှာ ရှိတဲ့သူတွေ အတွက်တော့ မြေပြို့မှုဘေးအန္တာရာယ် ဒါမျိုးတွေ သတိပြုဖို့ လိုတယ်နောက်တစ်ခု ကတော့ ပင်လယ်ပြင်ထွက်မုတ်သုန်လေ အားကောင်းရာကနေ အားအလွန်း ကောင်း နေတဲ့ အတွက်ကြောင့်မို တစ်ခါတစ်ရံမှာ မိုးသက်လေပြင်းကျမယ် ပင်လယ်ပြင်မှာပေါ့နော် မိုးသက်လေပြင်ကျချိန် လေတိုက်နှုန်းကတော့ ၃၅ မိုင်ကနေ ၄၀ လောက်ထိရှိ နိုင်တယ်ပေါ့နော် ရှိနိုင်တဲ့အတွက်ကြောင့် ပင်လယ်ပြင်ထွက်မယ် သူတွေအနေနဲ့ မိုးလေဝသ အခြေအနေ ကြည်သင့်ပါတယ်နောက်ပြီး ပင်လယ်ပြင်တာဝန်ရှိ သူတွေရဲ့ ထုတ်ပြန်ချက်တွေ ကိုလိုက်နာသင့်တယ်လို့ ကျွန်တော်အနေနဲ့ အကြံပြုချင်တယ်ပေါ့နော်” လို့ ဒေါက်တာကျော်မိုးဦး က ဆိုပါတယ်။
မိုးရေချိန် ၃ လက်မနဲ့ အထက်ရှိ နေတာကြောင့် ရခိုင်၊ ဧရာဝတီ ၊ ပဲခူး ၊ တနင်္သာရီတိုင်း ၊ မွန်ပြည်နယ် တို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ကလည်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ဒီ့အပြင် မြန်မာ့ပင်လယ်ပြင်နဲ့ကမ်းရိုးတမ်း တစ်လျှောက် မှာလည်း တစ်ခါတစ်ရံမိုး သက်လေပြင်းများ ကြရောက်ပြီးလှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်မြေပြင် လေဟာ တစ်နာရီ ကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိတိုက်ခိုက်နိုင်ပြီး ၊ လှိုင်းအမြင့်မှာ ၆ ပေမှ ၁၀ ပေအထိမြင့်တက်နိုင်တယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘင်္ဂလား ပင်လယ်အော် အတွင်း ရှိ လေဖိအားနည်း ရပ်ဝန်း အခြေ အနေ နောက်ဆုံးရ သ
Add a Comment
Your email address will not be published. Required fields are marked *
eleven + 19 =