အချစ်ဆုံးသူငယ်ချင်း ဇေယျာသော် တစ်ချိန်ကပေးထားတဲ့ပစ္စည်းလေးတစ်ခုကိုကြည့်ရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် “ငယ်ငယ်”

ပရိတ်သတ်ကြီးရေ…တစ်ခေတ်တစ်ခါက လူငယ်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ACID အဖွဲ့နဲ့ ငယ်ငယ်၊ R ဇာနည်၊ ယုဇန၊ ဖြိုးကြီးတို့ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ACID အဖွဲ့ရဲ့ အဆိုတော် ဇေယျာသော်ကတော့ ပြီးခဲ့တဲ့စနေနေ့ကပဲပြစ်ဒဏ်ပေးမှုနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော်ကွယ်လွန်သွားတဲ့အတွက် အနုပညာ အသိုင်းအဝိုင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပရိတ်သတ်တွေက ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

အဆိုတော်ငယ်ငယ်ဟာဆိုရင်လည်း တစ်ချိန်ကသူချင်းတွေအတူတူဆို ခရီးတွေ အတူတူသွားခဲ့တဲ့ သူငယ်ချင်း ဇေယျာသော်ကို သတိရနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း အဆိုတော်ငယ်ငယ်က ဇေယျာသော်လက်ဆောင်ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို တင်ရင်း ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းကို သတိရတမ်းတနေခဲ့တာပဲဖြစ်ပါတယ်။

ငယ်ငယ်နဲ့ဇေယာသော်က အနုပညာမောင်နှမတွေဖြစ်သလို သီချင်းတွေအတူတူ သီဆိုဖူးခဲ့ကြတာဖြစ်ပြီး သီချင်းတွေမှာလည်း အတူတူသရုပ်ဆောင်ဖူးခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဇေယျာသော်ပေးခဲ့တဲ့ ငယ်ငယ်ရဲ့ ဓာတ်ပုံလေးကိုမြင်ပြီး ငယ်ငယ်နဲ့ထပ်တူစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

Source: Nge Nge ‘s fb