ထိုင္းေရာက္ျမန္မာေတြ သတိ ထားရမဲ့ ကိုဗစ္ အေရးေပၚ ထပ္မံ ထုတ္ျပန္လိုက္ရတဲ့ ထိုင္းအစိုးရ

ထိုင္းေရာက္ျမန္မာေတြ သတိ ထားရမဲ့ ကိုဗစ္ အေရးေပၚ ထပ္မံ ထုတ္ျပန္လိုက္ရတဲ့ ထိုင္းအစိုးရ

ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါ ဆိုင္ရာ အေရးေပၚ အေျခအေန စည္းမ်ဥ္းစည္းကမ္းမ်ားကို ထိုင္းႏိုင္ငံက ေသာၾကာေန႔က ေနာက္ထပ္ တစ္လ ထပ္မံသက္တမ္းတိုးခဲ့သည္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယုဒ္ ခ်န္အိုခ်ာ ဉီးေဆာင္ သည့္ ကိုဗစ္-၁၉ အေျခအေန စီမံခန႔္ခြဲေရးဗဟိုဌာနက (CCSA) အေရးေပၚအေျခအေနဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ဇြန္လကုန္အထိ ထပ္မံသက္တမ္းတိုးရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ဒုတိယဝန္ႀကီးခ်ဳပ္ ဆြမ္ကစ္ ဂ်ာတူဆရီပီတက္က အတည္ျပဳေျပာၾကားသည္။ အေရးေပၚအေျခအေန ဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းႏွင့္ ညမထြက္ရအမိန႔္တို႔ကို ေစာေစာပိုင္းက ေမလကုန္တြင္ အဆုံးသတ္ရန္ စီစဥ္ခဲ့သည္။

အစိုးရအိမ္ေတာ္၌ ယေန႔ျပဳ လုပ္သည့္ ကိုဗစ္-၁၉ အေျခအေန စီမံခန႔္ခြဲေရးဗဟိုဌာန၏ အစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္က အေရးေပၚအျခအေနဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား ထပ္မံသက္တမ္းတိုးျခင္းႏွင့္ ပတ္သက္၍ ၎၏ စိုးရိမ္ပူပန္မႈမ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ကိုဗစ္-၁၉ အေျခအေန စီမံခန႔္ခြဲေရး ဗဟိုဌာနသည္ လက္ရွိ ခ်မွတ္ထားသည့္ ည ၁၁ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ကို ည ၁၂ နာရီမွ နံနက္ ၄ နာရီအထိ ေလွ်ာ့ခ်ျခင္း အပါအဝင္ ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါ တိုက္ဖ်က္ေရး အစီအမံမ်ားကို ထပ္မံေလွ်ာ့ခ်ရန္ မစဥ္းစားရေသးေပ။

ကိုးကား- ဆင္ဟြာ

unicode

ထိုင်းရောက်မြန်မာတွေ သတိ ထားရမဲ့ ကိုဗစ် အရေးပေါ် ထပ်မံ ထုတ်ပြန်လိုက်ရတဲ့ ထိုင်းအစိုးရ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုင်ရာ အရေးပေါ် အခြေအနေ စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံက သောကြာနေ့က နောက်ထပ် တစ်လ ထပ်မံသက်တမ်းတိုးခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ဉီးဆောင် သည့် ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနက (CCSA) အရေးပေါ်အခြေအနေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဇွန်လကုန်အထိ ထပ်မံသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတက်က အတည်ပြုပြောကြားသည်။ အရေးပေါ်အခြေအနေ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့် ညမထွက်ရအမိန့်တို့ကို စောစောပိုင်းက မေလကုန်တွင် အဆုံးသတ်ရန် စီစဉ်ခဲ့သည်။

အစိုးရအိမ်တော်၌ ယနေ့ပြု လုပ်သည့် ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာန၏ အစည်းအဝေးတွင် ဝန်ကြီးချုပ်က အရေးပေါ်အခြအနေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထပ်မံသက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

သို့သော်လည်း ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာနသည် လက်ရှိ ချမှတ်ထားသည့် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ လျှော့ချခြင်း အပါအဝင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများကို ထပ်မံလျှော့ချရန် မစဉ်းစားရသေးပေ။

ကိုးကား- ဆင်ဟွာ

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =