



unicode

ဆယ်တန်း မှာ နှစ်ပေါင်း (၂၀) ကြာ ဂုဏ်ထူးရှင် မပေါ်ခဲ့တဲ့ ဘာသာရပ် ကို ပထမဆုံး ရရှိခဲ့တဲ့ ကျောင်းသား

မြန်မာတစ် နိုင်ငံလုံး မှာ နှစ်ပေါင်း(၂၀)ခန့်ကြာသည် တိုင်အောင် ဂုဏ်ထူး မထွက် ရှိခဲ့သည့် “စိတ်ကြိုက်မြန်မာစာ ဘာသာ” ကို ဂုဏ်ထူးရရှိခဲ့သည့် ရခိုင်ပြည်နယ် မှ ကျောင်းသား တစ်ဦး

ပညာရေးဝန်ကြီး ဌာနမှ မြန်မာ တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း အောင်စာရင်း အား သြဂုတ်လ ၉ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ထုတ်ပြန် ကြေငြာပေး ခဲ့ရာ မြန်မာနိုင်ငံ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းသမိုင်း တစ်လျှောက်လုံး နှစ်ပေါင်း (၂၀)ခန့် ကြာသည် တိုင်အောင် ဂုဏ်ထူးမထွက် ရှိခဲ့ သည့် “စိတ်ကြိုက်မြန်မာစာ ဘာသာ” ကို

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ဂုဏ်ထူး ရရှိခဲ့ သည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင့်ကြီး မြို့ဇာတိ ရွှေစေတီကျောင်းတိုက် ဆရာတော်ကြီး၏ တပည့်သား မောင်ပိုင်နိုင်ဖြိုးကျော်မှ မြန်မာတစ်နိုင်ငံလုံး “စိတ်ကြိုက်မြန်မာစာဘာသာ” ဂုဏ်ထူးထွက် ရှိခဲ့သည့် တစ်ဦးတည်းသော ဂုဏ်ထူးဆောင် ကျောင်းသား တစ်ဦးအဖြစ် ပေါ်ထွန်းလာခဲ့ပါပြီ။

Add a Comment

Your email address will not be published. Required fields are marked *

ten − 9 =