facebook သုံးေနတဲ့ မိန္းကေလးမ်ားဖတ္ရန္ တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ

fb သုံးေနတဲ့ မိန္းကေလးမ်ား ဖတ္ရန္ျဖစ္ရပ္မွန္ကို အနည္းငယ္သာေျပာင္း၍ေရးပါသည္

တစ္ေန႔႐ုပ္ေျဖာင့္ေျဖာင့္လူလတ္ပိုင္းဓာတ္ပုံတင္ထားတဲ့ အေကာင့္တစ္ခု မက္ဆင္ဂ်ာကေနညီမေလး အစ္ကိုစကားနည္းနည္းေျပာခ်င္လို႔ ရလား “ဆိုၿပီးစာဝင္လာတယ္။ အကူအညီတစ္ခုေတာင္းခ်င္လို႔ပါတဲ့ဟုတ္ကဲ့ လို႔ေရးမိလိုက္တာနဲ႔ဗြီဒီယိုေကာ ေခၚတာခံလိုက္ရတယ္။

႐ုပ္ေျဖာင့္သေလာက္ အေျပာေကာင္းလြန္းလွတဲ့သူ႔ စကားေတြ ၾကားမွာဖုန္းကို ပိတ္မပစ္ရက္ေအာင္ျဖစ္ခဲ့ရပါတယ္။”အပ်ိဳလား” ဆိုတဲ့သူ႔စကားကက်မကို နည္းနည္း တုန္လႈပ္ေစခဲ့တယ္။ခနေလာက္ငိုင္ေနၿပီးမွက်မေယာက်ၤားနဲ႔ က်မ အတူတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေလး တစ္ပုံ ပို႔ေပးလိုက္တယ္ ။

“ညီမတို႔ ခ်စ္သူေတြလား “ဆိုတဲ့ ေမးခြန္းေလးက က်မကိုၾကည္ႏူးသြားေစပါတယ္ေဘးနားမွာ အိပ္ေပ်ာ္ေနရွာတဲ့သားေလးကိုမလုံမလဲ ၾကည့္လိုက္မိတယ္က်မေယာက်ား လူ႐ိုးႀကီးကေတာ့ယာေတာကျပန္မလာေသးပါဘူး

က်မ ထင္လိုက္တာကတစ္ခါတည္းနားေအးေအာင္ဆိုၿပီးအမွန္ကိုခ်ျပလိုက္တာမွ ပိုဆိုးသြားပါတယ္ တိုတိုနဲ႔လိုရင္းကိုေျပာရရင္က်မ တို႔ ေန႔တိုင္းဖုန္းေျပာျဖစ္ခဲ့ပါတယ္။သူ႔ဖုန္းမလာရင္က်မကစေခၚတတ္ေနပါၿပီက်မေယာက္်ား လူ႐ိုးႀကီးကေတာဘာမွမသိရွာပါဘူး။

သူ႔ကေတာ့ က်မကိုသိပ္ၿပီးဂ႐ုမစိုက္ႏိုင္ပါဘူးယာေတာနဲ႔အိမ္ ကူးေနတာနဲ႔သူ႔ကြၽဲေတြနဲ႔တင္ အခ်ိန္ကုန္ေနရွာတာပါ။ ထင္ထားတဲ့အတိုင္းေမွ်ာ္လင့္ထားတဲ့အတိုင္းသူက က်မကို သိပ္ခ်စ္ေၾကာင္းေတြေျပာလာပါေတာ့တယ္။

က်မအေျဖကိုေတာ့မေျပာေတာ့ပါဘူးသူက တစ္ဆင့္တက္လာပါတယ္ကန္ေတာ့ပါ ရွင္လင္မယားေတြၾကားမွေျပာရမဲ့စကားေတြကိုတစ္တစ္ခြခြေျပာလာပါတယ္။ အစကနားမေထာင္ရဲေပမဲ့ေနာက္ေတာ့စြဲလမ္းလာပါေတာ့တယ္။ ေနာက္ဆုံးေတာ့အျပင္မွာေတြ႕ခ်င္တယ္တဲ့။

က်မေယာက္်ားနဲ႔သားေလးမ်က္ႏွာကိုျဖတ္ကနဲ ျမင္ေယာင္မိတယ္။ က်မေယာက်္ားကက်မကိုသိပ္ခ်စ္ရွာပါတယ္။ သူရွာေဖြထားသမွ် က်မကိုအကုန္အပ္တယ္။ က်မပ်င္းေနမွာစိုးလို႔ဆိုၿပီးဖုန္းကိုေတာင္သူမကိုင္ဘဲက်မကိုပဲေပးကိုင္ရွာတာပါ။

ေငြဆိုလည္းမစားရက္ မေသာက္ရက္နဲ႔ သိန္းႏွစ္ဆယ္ေလာက္စုမိေနပါၿပီ။ ဒါနဲ႔ပဲမျဖစ္ႏိုင္ဘူးထင္ပါတယ္ရွင္ ဆိုၿပီးျငင္းဆန္လိုက္မိပါတယ္။ သူကစိတ္မဆိုးတဲ့အျပင္မိန္းကေလးပီသလို႔ ပိုေတာင္တန္ဖိုးထားမိပါတယ္ဆိုၿပီးေျပာလာပါတယ္။

တစ္ေန႔မွေတာ့က်မေယာက်္ားဝါး ေတာသြားတဲ့ေန႔သူ႔ ဖုန္းဝင္လာပါတယ္။ သူ က်မတို႔႐ြာထိပ္မွာေရာက္ေနတယ္တဲ့ေတြ႕ခ်င္လြန္းလို႔ အေဝးႀကီးက လာခဲ့ရတာပါတဲ့ခနေလးေတြ႕ပါရေစတဲ့မဆြတ္ခင္ကၫြတ္မေႁခြခင္က ေႂကြခ်င္ေနတဲ့က်မသားေလးအိပ္ေမာက်ခ်ိန္မွာသြားေတြ႕ျဖစ္ခဲ့ပါတယ္။

ဘယ္လိုမွျပင္မရေတာ့တဲ့အမွားပါပဲမ က်မ္းေက် လြန္းလွတဲ့ သူ႔လက္တြင္းမွာသူျပသမွ် ႏုခဲ့မိပါေတာ့တယ္။ လင္ေမ့ သားေမ့နဲ႔မိုးလင္းခါနီးမွ အိမ္ျပန္ဖို႔သတိရပါေတာ့တယ္။သူမ ကိုသူက “ကေလး”က်မကသူကို “ေမာင္”ဆိုၿပီးအေခၚအေဝၚေတြ ေျပာင္းကုန္တဲ့အထိပါပဲ။

က်မ ေနာင္တမရပါဘူးအိမ္ကဟာႀကီးလည္း အားမနာေတာ့ပါဘူးက်မဘဝမွာ ေမာင္မွေမာင္ပါပဲ ေနာက္တစ္ေန႔ေမာင္က မက္ဆင္ဂ်ာကေနက်မကေမာင့္ပါးေလးကို နမ္းေနတဲ့ ပုံ ေလးတစ္ပုံပို႔တယ္။ေနာက္တစ္ပုံ ေမာင္က က်မ ႏႈတ္ခမ္းေလးကို နမ္းေနတဲ့ ပုံ ထပ္ပို႔အၿပီးမွာ က်မအံ့ၾသသြားတယ္ေမာင္ဘယ္အခ်ိန္႐ိုက္ထားပါလိမ့္ေနာက္တစ္ခုက ဗြီဒီယိုေမာင္နဲ႔က်မနဲ႔ဘုရား,…. ဘုရားရွက္လိုက္တာရွင္ …

ေနာက္တစ္ခါထပ္ေတြ႕အၿပီးမွာေတာ့က်မေလက်မေမာင့္လက္ခုပ္တြင္းကေရ ျဖစ္သြားပါၿပီဆားငံရည္ေသာက္မိတဲ့က်မလူ႐ိုးႀကီးနဲ႔သားေလးကိုရွိတယ္ေတာင္မထင္ေတာ့ပါဘူး က်မဘဝကေမာင္မွေမာင္ပါပဲ ..

က်မေမွ်ာ္လင့္ခဲ့ရတဲ့တစ္ေန႔ဆိုက္ဆိုက္ေရာက္လာခဲ့ရပါၿပီေမာင္က ဘဝသစ္ထူေထာင္ၾကမယ္တဲ့ဒီေန႔ည လာခိုးမယ္တဲ့အရင္းအႏွီးနဲ႔လုပ္ကိုင္စားေသာက္ဖို႔ရွိသမွ်ေငြ ယူခဲ့ပါတဲ့ေကာင္းလိုက္တဲ့အႀကံလက္စြပ္၊လက္ေကာက္၊ဆြဲႀကိဳး ရွိရွိသမွ်မခ်န္သားေလးလည္ပင္းကခမည္းေပးထားတဲ့ဆြဲႀကိဳးေလးေတာင္အ သာေလးဆြဲျဖဳတ္ေမာင္နဲ႔ဘဝသစ္တစ္ခုဖန္တီးဖို႔ဘယ္သူ႔မွမညႇာႏိုင္ေပါင္အေပ်ာ္ဆုံးညေမာင္ကကိုယ္ပိုင္ကားေလးနဲ႔က်မေနတဲ့႐ြာအထိ လာခိုးမွာတဲ့ေမွ်ာ္တုန္းေမွ်ာ္စဲမွာပဲကိုယ္ပိုင္ကားေလးနဲ႔ေမာင္ေရာက္လာခဲ့ပါတယ္။

ေပ်ာ္႐ႊင္ျခင္းမ်ားစြာနဲ႔ေမာင္ေခၚရာ လိုက္ခဲ့မိပါၿပီ။ ကားေလးေပၚမွာပဲက်မ ဆႏၵေတြျပည့္ဝခဲ့ရပါၿပီ မနက္လင္းေတာ့ၿမိဳ႕တစ္ၿမိဳ႕တည္းေမာင္းဝင္ခဲ့ၾကတယ္။ ေမာင္ကေမာင္တို႔ႏွစ္ေယာက္ဒီကားေလးနဲ႔ဆက္သြားရင္ေနာက္ကလိုက္လာတဲ့ သူေတြရိပ္မိသြားႏိုင္တယ္အဲဒီေတာ့ေမာင္တို႔ကားေျပာင္းစီးၾကမယ္တဲ့ရန္ကုန္ကလူလိမ္လူရႈပ္ေတြမ်ားတယ္တဲ့ကေလးစီကေ႐ႊေငြပစၥည္းေတြဖုန္းနဲ႔ေငြေတြေမာင့္စီေပးထားတဲ့ေမာင့္ပစၥည္းေတြနဲ႔ေပါင္းထားမယ္တဲ့အရာရာေမာင့္သေဘာပါေမာင္

တစ္ေနရာေရာက္ေတာ့လူတစ္ေယာက္ကက်မနဲ႔ေမာင္စီးလာတဲ့ကားေလးကိုလာယူသြားတယ္။ ကားဂိတ္ ကိုေျခလ်င္ေလ်ာက္ၾကတယ္ကားဂိတ္ေရာက္ေတာ့ကားတစ္စီးေပၚမွာေနရာယူလိုက္ၾကတယ္ေမာင္ကလူေတြရိပ္မိမွာစိုးလိုတဲ့သူ႔ကိုယ္သူ ဦးထုပ္ကို မ်က္ႏွာမေပၚေအာင္ခပ္ငိုက္ငိုက္ေဆာင္းထားၿပီးက်မေခါင္းကို ပုဝါၿခဳံခိုင္းထားတယ္ေမာင္ကက်မကိုခပ္တိုးတိုးေလးေျပာတယ္ကေလးတဲ့ ေမာင္တို႔တစ္ညလုံးဘာမွမစားရေသးဘူးတဲ့ေမာင္အစားအစာေတြသြားဝယ္အုန္းမယ္တဲ့

လိုက့္ခဲ့မယ္ဆိုေတာ့လူေတြရိပ္မိမယ္တဲ့ကားေနရာေပ်ာက္မယ္တဲ့… ဆိုၿပီးတစ္ေယာက္တည္းထြက္သြားတယ္။ ေတာ္ေတာ္ နဲ႔ျပန္မလာဘူးစိုးရိမ္လို႔ဖုန္းဆက္မယ္လုပ္ေတာ့ဖုန္းကေမာင့္စီပါသြားၿပီကားကထြက္ေတာ့မယ္ေမာင္ကေပၚမလာ။

ကားဆရာႀကီးကိုေတာင္းပန္ၿပီးဆက္ေစာင့္ၾကတယ္။၁၅မိနစ္ထိေမာင္ကေပၚမလာေတာ့ခရီးသည္ေတြကတင္းၿပီကားဆရာႀကီးလည္းမတတ္သာေတာ့က်မကိုခ်ထားခဲ့ၿပီးကားထြက္သြားခဲ့ၿပီက်မစိုးထိတ္စြာရပ္တည္မရစြာနဲ႔ေမာင့္ကိုဆက္ေစာင့္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့မရွက္ႏိုင္ေတာ့ပါဘူးဟိုလူ႔အကူညီေတာင္းသည္လူ႔အကူညီေတာင္းနဲ႔ရဲစခန္းေရာက္ခဲ့ပါေတာ့တယ္။ အေထာက္အထားဘာမွမရွိမွတ္မိတဲ့ေမာင့္ဖုန္းနံပါတ္က်မဖုန္းနံပါတ္ေတြဆက္ၾကည့္ၾကေတာ့တပ္ဆင္ထားျခင္းမရွိပါတဲ့

ၿမိဳအႏွံ႔ရွာၾက၊စုံစမ္းစစ္ေဆးၾကေပမဲ့ေျခရာလည္းေပ်ာက္ေရလည္းေနာက္ခဲ့ ပါၿပီေနာက္ဆုံးေတာ့သေဘာေကာင္းလြန္းတဲ့ရဲႀကီးေတြကေငြေၾကးကအစကူညီေပးၾကလို႔သာက်မ႐ြာျပန္ေရာက္ခဲ့ပါတယ္။က်မ ထင္ခဲ့တာ ဒီလိုမဟုတ္ဘူး ။ က်မ ေမွ်ာ္မွန္းခဲ့တာ တာ ဒီလိုေတြ မဟုတ္ခဲ့ဘူး။

က်မ မွားသြားၿပီ ေမာင္အထင္ႀကီးခဲ့သမွ်အားလုံး အလကားပဲ ဆိုတဲ့အေတြးေတြႏွမခ်င္းမစာနာလုပ္ရက္လိုက္တာ ဆိုတဲ့ေဒါသေတြထက္က်မ ဘယ္လို အင္အားနဲ႔႐ြာကိုဝင္ရမလဲလူ႐ိုးႀကီးနဲ႔သားေလးထံဘယ္မ်က္ႏွာနဲ႔ျပန္ရမလဲ

က်မ ဝမ္းနည္းစိတ္ေၾကာင့္ ငိုမိတယ္ . . .က်မ မိဘေတြရဲ႕ မ်က္ႏွာက်မ ေဆြမ်ိဳးေတြရဲ႕ မ်က္ႏွာက်မ ပတ္ဝန္းက်င္မွာ က်မ ဘယ္လိုမ်က္ႏွာျပရမလဲ။က်မသာ အရင္ကတည္းကလင္နဲ႔သားအေပၚကိုယ့္ခ်င္းစာစိတ္ရွိရင္က်မတို႔ မိသားစုဘဝေလးအခုလို ပ်က္စီးမွာ မဟုတ္ဘူး . . . . . .ခုေတာ့ က်မ ခေလးတစ္ဖက္နဲ႔က်မ ဘဝ ပ်က္ပါၿပီ .ကိုယ့္ေၾကာင့္မိသားစုဘဝ ပ်က္ခဲ့တာကိုယ့္ ယုံစားခဲ့တာ ။

FB က ပ႐ိုဖိုင္ေလးမွာေကာ္လံကတုံးအျဖဴေလးနဲ႔ ဆံပင္အတိုေယာပုဆိုးေလးနဲ႔ ေမာင္ကိုက်မ လူႀကီး လူေကာင္း ဆန္တယ္ဆိုၿပီး ယုံစားမိခဲ့တာအေဖ အေမ မ်က္ႏွာရယ္လင္နဲ႔သားမ်က္ႏွာရယ္တစ္သက္လုံးေစာင့္ထိန္းခဲ့တဲ့ကိုယ့္က်င့္တရားရယ္ . . . . . .ကိုယ့္ေပးဆပ္ရေတာ့မယ့္အရွက္သိကၡာ အႀကီးႀကီးရယ္ ။

ေနာက္ထပ္ သတိရတာကႏိုင္လြန္ႀကိဳးေခြ တစ္ခုအခု က်မ ဘာလုပ္သင့္လည္း . .အစ္မတို႔ ညီမတို႔ေကာအဲလို ႀကဳံႀကိဳက္ခဲ့ရင္ဘယ္လိုေျဖရွင္းမလဲအေရးႀကီးတယ္ ။လိမ္နည္းအသစ္ေတြနဲ႔ခ်ည္းကပ္တက္တယ္ ။အမ်ိဳးေကာင္းသား ပုံစံနဲ႔ခ်ဥ္းကပ္ပါလိမ့္မယ္။႐ိုးသားေယာင္ေဆာင္ခ်ိဳခ်ိဳသာသာမိန္းမႀကိဳက္ စကားေတြေျပာၿပီးဆြဲေဆာင္ပါလိမ့္မယ္။သမီးရည္းစား အဆင့္ထိ ဆြဲယူၿပီးအျပင္မွာ ခ်ိန္းေတြဓါတ္ပုံေတြ တြဲ႐ိုက္ပါလိမ့္မယ္။

အဲ့ဒီအခ်ိန္ေရာက္ၿပီဆိုရင္႐ုန္းထြက္ဖို႔ခက္ပါလိမ့္မယ္သတိထားၾကပါ။ေလလႈိင္းထဲကအခ်စ္ေတြ စိတ္သာယာမႈေတြ ေနာက္မလိုက္ၾကပါနဲ႔။မျမင္ဖူးတဲ့ လူေတြကို မယုံၾကပါနဲ႔။မသင့္ေသာအေရးအသားမ်ားပါဝင္ပါကေတာင္းပန္အပ္ပါသည္။

ခ်မ္းေျမ့ၾကပါေစ

ခင္ေမာင္ျမင့္(သာယာေျမ)

unicode

fb သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

fb သုံးနေတဲ့ မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည်

တစ်နေ့ရုပ်ဖြောင့်ဖြောင့်လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေညီမလေး အစ်ကိုစကားနည်းနည်းပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။ အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။

ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့သူ့ စကားတွေ ကြားမှာဖုန်းကို ပိတ်မပစ်ရက်အောင်ဖြစ်ခဲ့ရပါတယ်။”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ် ။

“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကိုကြည်နူးသွားစေပါတယ်ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ်ကျမယောကျား လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး

ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီးအမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့ နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။

သူ့ကတော့ ကျမကိုသိပ်ပြီးဂရုမစိုက်နိုင်ပါဘူးယာတောနဲ့အိမ် ကူးနေတာနဲ့သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။ ထင်ထားတဲ့အတိုင်းမျှော်လင့်ထားတဲ့အတိုင်းသူက ကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။

ကျမအဖြေကိုတော့မပြောတော့ပါဘူးသူက တစ်ဆင့်တက်လာပါတယ်ကန်တော့ပါ ရှင်လင်မယားတွေကြားမှပြောရမဲ့စကားတွေကိုတစ်တစ်ခွခွပြောလာပါတယ်။ အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတော့တယ်။ နောက်ဆုံးတော့အပြင်မှာတွေ့ချင်တယ်တဲ့။

ကျမယောက်ျားနဲ့သားလေးမျက်နှာကိုဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောကျ်ားကကျမကိုသိပ်ချစ်ရှာပါတယ်။ သူရှာဖွေထားသမျှ ကျမကိုအကုန်အပ်တယ်။ ကျမပျင်းနေမှာစိုးလို့ဆိုပြီးဖုန်းကိုတောင်သူမကိုင်ဘဲကျမကိုပဲပေးကိုင်ရှာတာပါ။

ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့ သိန်းနှစ်ဆယ်လောက်စုမိနေပါပြီ။ ဒါနဲ့ပဲမဖြစ်နိုင်ဘူးထင်ပါတယ်ရှင် ဆိုပြီးငြင်းဆန်လိုက်မိပါတယ်။ သူကစိတ်မဆိုးတဲ့အပြင်မိန်းကလေးပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီးပြောလာပါတယ်။

တစ်နေ့မှတော့ကျမယောကျ်ားဝါး တောသွားတဲ့နေ့သူ့ ဖုန်းဝင်လာပါတယ်။ သူ ကျမတို့ရွာထိပ်မှာရောက်နေတယ်တဲ့တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့ခနလေးတွေ့ပါရစေတဲ့မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့ကျမသားလေးအိပ်မောကျချိန်မှာသွားတွေ့ဖြစ်ခဲ့ပါတယ်။

ဘယ်လိုမှပြင်မရတော့တဲ့အမှားပါပဲမ ကျမ်းကျေ လွန်းလှတဲ့ သူ့လက်တွင်းမှာသူပြသမျှ နုခဲ့မိပါတော့တယ်။ လင်မေ့ သားမေ့နဲ့မိုးလင်းခါနီးမှ အိမ်ပြန်ဖို့သတိရပါတော့တယ်။သူမ ကိုသူက “ကလေး”ကျမကသူကို “မောင်”ဆိုပြီးအခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့အထိပါပဲ။

ကျမ နောင်တမရပါဘူးအိမ်ကဟာကြီးလည်း အားမနာတော့ပါဘူးကျမဘဝမှာ မောင်မှမောင်ပါပဲ နောက်တစ်နေ့မောင်က မက်ဆင်ဂျာကနေကျမကမောင့်ပါးလေးကို နမ်းနေတဲ့ ပုံ လေးတစ်ပုံပို့တယ်။နောက်တစ်ပုံ မောင်က ကျမ နှုတ်ခမ်းလေးကို နမ်းနေတဲ့ ပုံ ထပ်ပို့အပြီးမှာ ကျမအံ့သြသွားတယ်မောင်ဘယ်အချိန်ရိုက်ထားပါလိမ့်နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ကျမနဲ့ဘုရား,…. ဘုရားရှက်လိုက်တာရှင် …

နောက်တစ်ခါထပ်တွေ့အပြီးမှာတော့ကျမလေကျမမောင့်လက်ခုပ်တွင်းကရေ ဖြစ်သွားပါပြီဆားငံရည်သောက်မိတဲ့ကျမလူရိုးကြီးနဲ့သားလေးကိုရှိတယ်တောင်မထင်တော့ပါဘူး ကျမဘဝကမောင်မှမောင်ပါပဲ ..

ကျမမျှော်လင့်ခဲ့ရတဲ့တစ်နေ့ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီမောင်က ဘဝသစ်ထူထောင်ကြမယ်တဲ့ဒီနေ့ည လာခိုးမယ်တဲ့အရင်းအနှီးနဲ့လုပ်ကိုင်စားသောက်ဖို့ရှိသမျှငွေ ယူခဲ့ပါတဲ့ကောင်းလိုက်တဲ့အကြံလက်စွပ်၊လက်ကောက်၊ဆွဲကြိုး ရှိရှိသမျှမချန်သားလေးလည်ပင်းကခမည်းပေးထားတဲ့ဆွဲကြိုးလေးတောင်အ သာလေးဆွဲဖြုတ်မောင်နဲ့ဘဝသစ်တစ်ခုဖန်တီးဖို့ဘယ်သူ့မှမညှာနိုင်ပေါင်အပျော်ဆုံးညမောင်ကကိုယ်ပိုင်ကားလေးနဲ့ကျမနေတဲ့ရွာအထိ လာခိုးမှာတဲ့မျှော်တုန်းမျှော်စဲမှာပဲကိုယ်ပိုင်ကားလေးနဲ့မောင်ရောက်လာခဲ့ပါတယ်။

ပျော်ရွှင်ခြင်းများစွာနဲ့မောင်ခေါ်ရာ လိုက်ခဲ့မိပါပြီ။ ကားလေးပေါ်မှာပဲကျမ ဆန္ဒတွေပြည့်ဝခဲ့ရပါပြီ မနက်လင်းတော့မြို့တစ်မြို့တည်းမောင်းဝင်ခဲ့ကြတယ်။ မောင်ကမောင်တို့နှစ်ယောက်ဒီကားလေးနဲ့ဆက်သွားရင်နောက်ကလိုက်လာတဲ့ သူတွေရိပ်မိသွားနိုင်တယ်အဲဒီတော့မောင်တို့ကားပြောင်းစီးကြမယ်တဲ့ရန်ကုန်ကလူလိမ်လူရှုပ်တွေများတယ်တဲ့ကလေးစီကရွှေငွေပစ္စည်းတွေဖုန်းနဲ့ငွေတွေမောင့်စီပေးထားတဲ့မောင့်ပစ္စည်းတွေနဲ့ပေါင်းထားမယ်တဲ့အရာရာမောင့်သဘောပါမောင်

တစ်နေရာရောက်တော့လူတစ်ယောက်ကကျမနဲ့မောင်စီးလာတဲ့ကားလေးကိုလာယူသွားတယ်။ ကားဂိတ် ကိုခြေလျင်လျောက်ကြတယ်ကားဂိတ်ရောက်တော့ကားတစ်စီးပေါ်မှာနေရာယူလိုက်ကြတယ်မောင်ကလူတွေရိပ်မိမှာစိုးလိုတဲ့သူ့ကိုယ်သူ ဦးထုပ်ကို မျက်နှာမပေါ်အောင်ခပ်ငိုက်ငိုက်ဆောင်းထားပြီးကျမခေါင်းကို ပုဝါခြုံခိုင်းထားတယ်မောင်ကကျမကိုခပ်တိုးတိုးလေးပြောတယ်ကလေးတဲ့ မောင်တို့တစ်ညလုံးဘာမှမစားရသေးဘူးတဲ့မောင်အစားအစာတွေသွားဝယ်အုန်းမယ်တဲ့

လိုက့်ခဲ့မယ်ဆိုတော့လူတွေရိပ်မိမယ်တဲ့ကားနေရာပျောက်မယ်တဲ့… ဆိုပြီးတစ်ယောက်တည်းထွက်သွားတယ်။ တော်တော် နဲ့ပြန်မလာဘူးစိုးရိမ်လို့ဖုန်းဆက်မယ်လုပ်တော့ဖုန်းကမောင့်စီပါသွားပြီကားကထွက်တော့မယ်မောင်ကပေါ်မလာ။

ကားဆရာကြီးကိုတောင်းပန်ပြီးဆက်စောင့်ကြတယ်။၁၅မိနစ်ထိမောင်ကပေါ်မလာတော့ခရီးသည်တွေကတင်းပြီကားဆရာကြီးလည်းမတတ်သာတော့ကျမကိုချထားခဲ့ပြီးကားထွက်သွားခဲ့ပြီကျမစိုးထိတ်စွာရပ်တည်မရစွာနဲ့မောင့်ကိုဆက်စောင့်ခဲ့ပါတယ်။

နောက်ဆုံးတော့မရှက်နိုင်တော့ပါဘူးဟိုလူ့အကူညီတောင်းသည်လူ့အကူညီတောင်းနဲ့ရဲစခန်းရောက်ခဲ့ပါတော့တယ်။ အထောက်အထားဘာမှမရှိမှတ်မိတဲ့မောင့်ဖုန်းနံပါတ်ကျမဖုန်းနံပါတ်တွေဆက်ကြည့်ကြတော့တပ်ဆင်ထားခြင်းမရှိပါတဲ့

မြိုအနှံ့ရှာကြ၊စုံစမ်းစစ်ဆေးကြပေမဲ့ခြေရာလည်းပျောက်ရေလည်းနောက်ခဲ့ ပါပြီနောက်ဆုံးတော့သဘောကောင်းလွန်းတဲ့ရဲကြီးတွေကငွေကြေးကအစကူညီပေးကြလို့သာကျမရွာပြန်ရောက်ခဲ့ပါတယ်။ကျမ ထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး။

ကျမ မှားသွားပြီ မောင်အထင်ကြီးခဲ့သမျှအားလုံး အလကားပဲ ဆိုတဲ့အတွေးတွေနှမချင်းမစာနာလုပ်ရက်လိုက်တာ ဆိုတဲ့ဒေါသတွေထက်ကျမ ဘယ်လို အင်အားနဲ့ရွာကိုဝင်ရမလဲလူရိုးကြီးနဲ့သားလေးထံဘယ်မျက်နှာနဲ့ပြန်ရမလဲ

ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် . . .ကျမ မိဘတွေရဲ့ မျက်နှာကျမ ဆွေမျိုးတွေရဲ့ မျက်နှာကျမ ပတ်ဝန်းကျင်မှာ ကျမ ဘယ်လိုမျက်နှာပြရမလဲ။ကျမသာ အရင်ကတည်းကလင်နဲ့သားအပေါ်ကိုယ့်ချင်းစာစိတ်ရှိရင်ကျမတို့ မိသားစုဘဝလေးအခုလို ပျက်စီးမှာ မဟုတ်ဘူး . . . . . .ခုတော့ ကျမ ခလေးတစ်ဖက်နဲ့ကျမ ဘဝ ပျက်ပါပြီ .ကိုယ့်ကြောင့်မိသားစုဘဝ ပျက်ခဲ့တာကိုယ့် ယုံစားခဲ့တာ ။

FB က ပရိုဖိုင်လေးမှာကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတိုယောပုဆိုးလေးနဲ့ မောင်ကိုကျမ လူကြီး လူကောင်း ဆန်တယ်ဆိုပြီး ယုံစားမိခဲ့တာအဖေ အမေ မျက်နှာရယ်လင်နဲ့သားမျက်နှာရယ်တစ်သက်လုံးစောင့်ထိန်းခဲ့တဲ့ကိုယ့်ကျင့်တရားရယ် . . . . . .ကိုယ့်ပေးဆပ်ရတော့မယ့်အရှက်သိက္ခာ အကြီးကြီးရယ် ။

နောက်ထပ် သတိရတာကနိုင်လွန်ကြိုးခွေ တစ်ခုအခု ကျမ ဘာလုပ်သင့်လည်း . .အစ်မတို့ ညီမတို့ကောအဲလို ကြုံကြိုက်ခဲ့ရင်ဘယ်လိုဖြေရှင်းမလဲအရေးကြီးတယ် ။လိမ်နည်းအသစ်တွေနဲ့ချည်းကပ်တက်တယ် ။အမျိုးကောင်းသား ပုံစံနဲ့ချဉ်းကပ်ပါလိမ့်မယ်။ရိုးသားယောင်ဆောင်ချိုချိုသာသာမိန်းမကြိုက် စကားတွေပြောပြီးဆွဲဆောင်ပါလိမ့်မယ်။သမီးရည်းစား အဆင့်ထိ ဆွဲယူပြီးအပြင်မှာ ချိန်းတွေဓါတ်ပုံတွေ တွဲရိုက်ပါလိမ့်မယ်။

အဲ့ဒီအချိန်ရောက်ပြီဆိုရင်ရုန်းထွက်ဖို့ခက်ပါလိမ့်မယ်သတိထားကြပါ။လေလှိုင်းထဲကအချစ်တွေ စိတ်သာယာမှုတွေ နောက်မလိုက်ကြပါနဲ့။မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့။မသင့်သောအရေးအသားများပါဝင်ပါကတောင်းပန်အပ်ပါသည်။

ချမ်းမြေ့ကြပါစေ

ခင်မောင်မြင့်(သာယာမြေ)

Add a Comment

Your email address will not be published. Required fields are marked *

4 − 2 =