တကၠ သိုလ္ ဝင္တန္း စာေမးပြဲေအာင္စာရင္း မ်ား ထြက္ရွိမယ့္ အခ်ိန္ ထုတ္ျပန္

တကၠ သိုလ္ ဝင္တန္း စာေမးပြဲေအာင္စာရင္း မ်ား ထြက္ရွိမယ့္ အခ်ိန္ ထုတ္ျပန္

တကၠသိုလ္ ဝင္တန္း စာေမးပြဲေအာင္ စာရင္းမ်ားကို ၾသဂုတ္လ လယ္ေလာက္ မွ သာထြက္ရွိနိုင္ မွာျဖစ္ၿပီး ဇြန္လ( ၅ )ရက္ေန႕ကစတင္ကာ အေျဖလႊာေတြ ကို စစ္ေတာ့မယ္ လို႔ သိ ရပါတယ္ ။

စာေမးပြဲေျဖလႊာ စစစ္တဲ့ ေန႕ကစလို႔ ေအာင္စာရင္းျပဳစုတဲ့ အခ်ိန္ထိ အခ်ိန္ကာလ (၆၃)ရက္အခ်ိန္ယူၿပီး ဒီႏွစ္မွာေတာ့ (၅၅)ရက္နဲ႕ (၆၀)ရက္ၾကားမွာ အၿပီးလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အခုမွ ေျဖလႊာစစ္ေဆးမႈ ကို စတင္ေဆာင္႐ြက္ေနတာျဖစ္ လို႔ ေအာင္စာရင္း ထုတ္ျပန္မယ့္ရက္ ကိုေတာ့ အစိုးရကပဲ တရားဝင္ထုတ္ျပန္မွာျဖစ္တယ္ လို႔ အေျခခံပညာ ဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ေမာင္ဝင္း က ေျပာပါတယ္။

“ တကၠသိုလ္ဝင္ တန္းေအာင္ စာရင္းထုတ္ျပန္မယ့္ ရက္ ကို အစိုးရက တရားဝင္ေၾကညာ ပါလိမ့္မယ္ ။ အခုမွ ေျဖလႊာစစ္ေဆးမႈ အပိုင္းေတြ စတင္ လုပ္ေဆာင္မွာဆိုေတာ့ အခ်ိန္ကာလအားျဖင့္ (၂)လေက်ာ္ေလာက္ၾကာ ပါတယ္။ အားလုံး စစ္ေဆးၿပီးရင္ေတာင္ အထက္က တာဝန္ရွိသူေတြျပန္လည္ စိစစ္တာ နဲ႕ ေအာက္ကိုျပန္လည္ၫႊန္ၾကား တာနဲ႕ဆို ဆရာတို႔ခန႔္မွန္းေျခအရ ဆိုရင္ေတာ့ ၾသဂုတ္လ လယ္ေလာက္မွထြက္နိုင္မွာပါ ” လို႔ ဦးတင္ေမာင္ဝင္းကေျပာ ပါတယ္ ။

စာစစ္က႑အပိုင္း မွာေတာ့ ယခင္ႏွစ္ေတြက အတိုင္း ဆရာ၊ဆရာမ အင္အား ကို ပုံမွန္သုံးသြား မွာျဖစ္တယ္ လို႔ သိရပါတယ္ ။

၂၀၁၉-၂၀၂၀ပညာသင္ႏွစ္ ရဲ႕ တကၠသိုလ္ဝင္ စာေမးပြဲႀကီး ကို မတ္လ(၁၁)ရက္ေန႕ကေန (၂၀)ရက္ေန႕ထိ က်င္းပခဲ့တာျဖစ္ၿပီး ေက်ာင္းသား၊ေက်ာင္းသူ (၇)သိန္းေက်ာ္ဝင္ေရာက္ေျဖဆိုခဲ့တာလည္းျဖစ္ ပါတယ္ ။

ပုံမွန္အားျဖင့္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ စာရင္ေတြ ကို ဇြန္လ အတြင္း မွာ ထြက္ရွိေလ့ ရွိၿပီး COVID -19ကပ္ေရာဂါေၾကာင့္ ဒီႏွစ္မွာ အေျခခံေက်ာင္းေတြ လည္း ဖြင့္ရက္ေနာက္က်ခဲ့ သလို တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္းထြက္ ရွိတဲ့ ရက္ပါ ေနာက္က်ခဲ့တာျဖစ္ ပါတယ္ ။

ဓူ၀ံ

unicode

တက္က သိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်း များ ထွက်ရှိမယ့် အချိန် ထုတ်ပြန်

တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင် စာရင်းများကို သြဂုတ်လ လယ်လောက် မှ သာထွက်ရှိနိုင် မှာဖြစ်ပြီး ဇွန်လ( ၅ )ရက်နေ့ကစတင်ကာ အဖြေလွှာတွေ ကို စစ်တော့မယ် လို့ သိ ရပါတယ် ။

စာမေးပွဲဖြေလွှာ စစစ်တဲ့ နေ့ကစလို့ အောင်စာရင်းပြုစုတဲ့ အချိန်ထိ အချိန်ကာလ (၆၃)ရက်အချိန်ယူပြီး ဒီနှစ်မှာတော့ (၅၅)ရက်နဲ့ (၆၀)ရက်ကြားမှာ အပြီးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုမှ ဖြေလွှာစစ်ဆေးမှု ကို စတင်ဆောင်ရွက်နေတာဖြစ် လို့ အောင်စာရင်း ထုတ်ပြန်မယ့်ရက် ကိုတော့ အစိုးရကပဲ တရားဝင်ထုတ်ပြန်မှာဖြစ်တယ် လို့ အခြေခံပညာ ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း က ပြောပါတယ်။

“ တက္ကသိုလ်ဝင် တန်းအောင် စာရင်းထုတ်ပြန်မယ့် ရက် ကို အစိုးရက တရားဝင်ကြေညာ ပါလိမ့်မယ် ။ အခုမှ ဖြေလွှာစစ်ဆေးမှု အပိုင်းတွေ စတင် လုပ်ဆောင်မှာဆိုတော့ အချိန်ကာလအားဖြင့် (၂)လကျော်လောက်ကြာ ပါတယ်။ အားလုံး စစ်ဆေးပြီးရင်တောင် အထက်က တာဝန်ရှိသူတွေပြန်လည် စိစစ်တာ နဲ့ အောက်ကိုပြန်လည်ညွှန်ကြား တာနဲ့ဆို ဆရာတို့ခန့်မှန်းခြေအရ ဆိုရင်တော့ သြဂုတ်လ လယ်လောက်မှထွက်နိုင်မှာပါ ” လို့ ဦးတင်မောင်ဝင်းကပြော ပါတယ် ။

စာစစ်ကဏ္ဍအပိုင်း မှာတော့ ယခင်နှစ်တွေက အတိုင်း ဆရာ၊ဆရာမ အင်အား ကို ပုံမှန်သုံးသွား မှာဖြစ်တယ် လို့ သိရပါတယ် ။

၂၀၁၉-၂၀၂၀ပညာသင်နှစ် ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲကြီး ကို မတ်လ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ (၇)သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့တာလည်းဖြစ် ပါတယ် ။

ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်တွေ ကို ဇွန်လ အတွင်း မှာ ထွက်ရှိလေ့ ရှိပြီး COVID -19ကပ်ရောဂါကြောင့် ဒီနှစ်မှာ အခြေခံကျောင်းတွေ လည်း ဖွင့်ရက်နောက်ကျခဲ့ သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက် ရှိတဲ့ ရက်ပါ နောက်ကျခဲ့တာဖြစ် ပါတယ် ။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *

14 − 14 =