




Crd-Dw.shweyoe

unicode

အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေ တင်ပေးလိုက်တဲ့ သံသာမိုးသိမ့်

ပရိသတ်ကြီးရေ တက်သစ်စသရုပ်ဆောင် မင်းသမီးချော သံသာမိုးသိမ့် ကတော့ Mrtv-4ဇာတ်လမ်းတွဲတွေမှာ စတင် သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ ကျွန်မက မဟေသီဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ဗီလိန်ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို များစွာ လုပ်လာတာလဲ တွေ့ရပါတယ်.။ မကြာသေးမီကမှ ဇာတ်သိမ်း သွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲမှာလည်း ထက်မြတ်ပြီး စိတ်ထားကောင်းတဲ့ မေပျိုဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်………။

လတ်တလော မှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်က အနုပညာ လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာ ပရိသတ်တွေကို အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်။ မကြာခဏ ဆိုသလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြပေးလေ့ ရှိတဲ့ သံသာက ယနေ့မှာလည်း တီးလုံးလေးရဲ့ စည်းချက်ညီညီ လိုက်က ထားတဲ့ Tiktok ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်…….။

ယခုအခါ မှာတော့ အရမ်းလှတဲ့ ပုံလေးတွေကို တင်ပေးတာပဲဖြစ်ပါတယ်။ မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက် ပါနဲ့အုန်းနော်။ ဒါ့အပြင် သံသာမိုးသိမ့်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးကြမယ်မလား………။

Photo credit – Than Thar Moe Theint’s FB account

Crd-Dw.shweyoe

Add a Comment

Your email address will not be published. Required fields are marked *

15 − nine =