စကၤာပူ မွာ ၾကက္ေၾကာ္ကို ဒ႐ုန္းနဲ႔ Foodpanda စမ္းသပ္ ပို႔ေဆာင္

အနာဂတ္မွာ ပစၥည္း ပို႔သမားေတြရဲ႕ေနရာကို ဒ႐ုန္းေတြနဲ႔ အစားထိုးမယ္ဆိုတာ တစ္ကယ္ျဖစ္လာပါၿပီ။ စကၤာပူႏိုင္ငံက Foodpanda ကုမၸဏီဟာ မာရီနာေတာင္ပိုင္းကေန ဆိပ္ကမ္းသေဘၤာဆီကို ၾကက္ေၾကာ္ ၅ ဘူးကို ဒ႐ုန္းနဲ႔စမ္းသပ္ေပးပို႔ခဲ့တာ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ အနာဂတ္ ကြၽန္ေတာ္တို႔ရဲ႕ေကာင္းကင္ ေပၚမွာ ၾကက္ေၾကာ္ေတြ ပ်ံဝဲေတာ့ မွာျဖစ္ပါတယ္။

ကိုဗစ္ကာလအတြင္း စကၤာပူ ဆိပ္ကမ္းေတြကို ဂ်ဴတီလဲဖို႔ေရာက္လာတဲ့ သေဘၤာသားေတြအတြက္ ကုမၸဏီေတြက အခုလိုအစားအေသာက္ေတြ မွာယူေပးခဲ့ျခင္းျဖစ္ပါတယ္။ Foodpanda ကုမၸဏီဟာ ယခုလို ဒ႐ုန္းနဲ႔ပစၥည္းပို႔ႏိုင္ဖို႔ စကၤာပူနည္းပညာကုမၸဏီ ST ရဲ႕ Dronet ဒ႐ုန္းကြန္ယက္ကို စာခ်ဳပ္ခ်ဳပ္ဆိုအသုံးျပဳ ခဲ့ရပါတယ္။ ဒ႐ုန္းတစ္ခုမွာ ၂ ကီလိုသယ္ႏိုင္ၿပီး ၁၅ မိနစ္အတြင္း အေရာက္ပို႔ႏိုင္တယ္လို႔ သိရပါတယ္။ PandaFly လို႔ အမည္ေပးထားတဲ့ အဆိုပါပူးေပါင္းေဆာင္ ႐ြက္မႈဟာ စကၤာပူတစ္ႏိုင္ငံလုံးကို ပို႔ေဆာင္ေနတဲ့ အလုပ္သမား ၁၂၀၀၀ ကို အစားထိုးဖို႔ ပထမဆုံး ေျခလွမ္းျဖစ္လာခဲ့ပါတယ္။

အစားအေသာက္ျဖန႔္ျဖဴးတဲ့စနစ္ကို ဒ႐ုန္းနဲ႔ျဖန႔္တာ Food Panda ပထမဆုံးစလုပ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ဘာလင္အေျခစိုက္ကုမၸဏီတစ္ခုကလည္း အရင္က ဒ႐ုန္းေတြနဲ႔ပါဆယ္ပို႔ခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း Uber နဲ႔ KFC ကုမၸဏီေတြကလည္း စကၤာပူမွာ ဒ႐ုန္းနဲ႔ပစၥည္းပို႔စနစ္ကို စမ္းသပ္ခဲ့ဖူးပါတယ္။ စကၤာပူ Food Panda စီမံခန႔္ခြဲေရးအရာရွိ အက္ဒရီယာနီက ဒ႐ုန္းနဲ႔ပစၥည္းပို႔တာသာေအာင္ျမင္ရင္ ေဖာက္သည္ေတြအေနနဲ႔ ေ႐ြးခ်ယ္ခြင့္ပိုရလာမွာျဖစ္တယ္လို႔ ေျပာပါတယ္။ အစားအစာေတြကို ဆိုင္ကယ္နဲ႔ပို႔တဲ့အခါ ဝန္ထမ္းခ၊ ဆီဖိုးအျပင္ အစားအေသာက္ပူပူေႏြးေႏြးမရတာေတြႀကဳံရတယ္လို႔ ၎က ေျပာပါတယ္။

unicode

စင်္ကာပူ မှာ ကြက်ကြော်ကို ဒရုန်းနဲ့ Foodpanda စမ်းသပ် ပို့ဆောင်

အနာဂတ်မှာ ပစ္စည်း ပို့သမားတွေရဲ့နေရာကို ဒရုန်းတွေနဲ့ အစားထိုးမယ်ဆိုတာ တစ်ကယ်ဖြစ်လာပါပြီ။ စင်္ကာပူနိုင်ငံက Foodpanda ကုမ္ပဏီဟာ မာရီနာတောင်ပိုင်းကနေ ဆိပ်ကမ်းသင်္ဘောဆီကို ကြက်ကြော် ၅ ဘူးကို ဒရုန်းနဲ့စမ်းသပ်ပေးပို့ခဲ့တာ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် အနာဂတ် ကျွန်တော်တို့ရဲ့ကောင်းကင် ပေါ်မှာ ကြက်ကြော်တွေ ပျံဝဲတော့ မှာဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း စင်္ကာပူ ဆိပ်ကမ်းတွေကို ဂျူတီလဲဖို့ရောက်လာတဲ့ သင်္ဘောသားတွေအတွက် ကုမ္ပဏီတွေက အခုလိုအစားအသောက်တွေ မှာယူပေးခဲ့ခြင်းဖြစ်ပါတယ်။ Foodpanda ကုမ္ပဏီဟာ ယခုလို ဒရုန်းနဲ့ပစ္စည်းပို့နိုင်ဖို့ စင်္ကာပူနည်းပညာကုမ္ပဏီ ST ရဲ့ Dronet ဒရုန်းကွန်ယက်ကို စာချုပ်ချုပ်ဆိုအသုံးပြု ခဲ့ရပါတယ်။ ဒရုန်းတစ်ခုမှာ ၂ ကီလိုသယ်နိုင်ပြီး ၁၅ မိနစ်အတွင်း အရောက်ပို့နိုင်တယ်လို့ သိရပါတယ်။ PandaFly လို့ အမည်ပေးထားတဲ့ အဆိုပါပူးပေါင်းဆောင် ရွက်မှုဟာ စင်္ကာပူတစ်နိုင်ငံလုံးကို ပို့ဆောင်နေတဲ့ အလုပ်သမား ၁၂၀၀၀ ကို အစားထိုးဖို့ ပထမဆုံး ခြေလှမ်းဖြစ်လာခဲ့ပါတယ်။

အစားအသောက်ဖြန့်ဖြူးတဲ့စနစ်ကို ဒရုန်းနဲ့ဖြန့်တာ Food Panda ပထမဆုံးစလုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဘာလင်အခြေစိုက်ကုမ္ပဏီတစ်ခုကလည်း အရင်က ဒရုန်းတွေနဲ့ပါဆယ်ပို့ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Uber နဲ့ KFC ကုမ္ပဏီတွေကလည်း စင်္ကာပူမှာ ဒရုန်းနဲ့ပစ္စည်းပို့စနစ်ကို စမ်းသပ်ခဲ့ဖူးပါတယ်။ စင်္ကာပူ Food Panda စီမံခန့်ခွဲရေးအရာရှိ အက်ဒရီယာနီက ဒရုန်းနဲ့ပစ္စည်းပို့တာသာအောင်မြင်ရင် ဖောက်သည်တွေအနေနဲ့ ရွေးချယ်ခွင့်ပိုရလာမှာဖြစ်တယ်လို့ ပြောပါတယ်။ အစားအစာတွေကို ဆိုင်ကယ်နဲ့ပို့တဲ့အခါ ဝန်ထမ်းခ၊ ဆီဖိုးအပြင် အစားအသောက်ပူပူနွေးနွေးမရတာတွေကြုံရတယ်လို့ ၎င်းက ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

15 + 3 =