ျမန္မာႏိုင္ငံ မွာ အေရး ကိစၥ ေပၚလာတိုင္း ေရွ႕တန္းက ကူညီဖို႔ အသင့္ရွိေနတဲ့ မိတ္ေဆြ ေကာင္း ပီသတဲ့ ဂ်ပန္

ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္‌ေန႔ ၌ က်င္းပရန္ စီစဥ္ထားသည့္ အေထြေထြေ႐ြးေကာက္ပြဲ ကို တရားမွ်တၿပီး ပြင့္လင္းျမင္သာမႈရွိသည့္ ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစေရး ဂ်ပန္ႏိုင္ငံက ယန္း ၁၈၁ သန္းတန္းဖိုးရွိ “ေ႐ြးေကာက္ပြဲ အကူအညီေပးေရး စီမံကိန္း” တစ္ရပ္ကို UNDP ႏွင့္ခ်ိတ္ဆက္၍ ေထာက္ပံ့ ေပးအပ္လိုက္ေၾကာင္းသိရသည္။

အဆိုပါစီမံကိန္းေပးအပ္ေရး အတြက္ စာခြၽန္လႊာလက္မွတ္ေရးထိုးလဲလွယ္ျခင္းကို မေန႔က ရန္ကုန္ၿမိဳ႕ တြင္ ျမန္မာႏိုင္ငံသို႔ ေပးအပ္သည့္ “ ေ႐ြးေကာက္ပြဲ အကူအညီေပးေရး စီမံကိန္း” အေထာက္အပံ့ႏွင့္ ပတ္သက္သည့္ စာခြၽန္လႊာလက္မွတ္ေရးထိုးလဲလွယ္ျခင္းအစီအစဥ္တစ္ရပ္ကို ယမန္ေန႔က ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ သံအမတ္ Mr. MARUYAMA Ichiro ႏွင့္ ကုလသ မဂၢဖြံ႕ၿဖိဳးမႈ အစီအစဥ္( United Nations Development Programme, UNDP) ျမန္မာႏိုင္ငံ႐ုံး၏ တာဝန္ခံအရာရွိ၊ ဒုတိယဌာေန ကိုယ္ စားလွယ္ Ms. Dawn Del Rio တို႔က
စာခြၽန္လႊာလက္မွတ္ေရးထိုး လဲလွယ္ခဲ့ေၾကာင္း ဂ်ပန္သံ႐ုံး၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထုတ္ျပန္ခ်က္တြင္ လက္ရွိဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ယခုႏွစ္ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ၌ တတိယအႀကိမ္ ေျမာက္ အေထြေထြ ေ႐ြးေကာက္ပြဲကို က်င္းပရန္စီစဥ္ထားၿပီး တရားမွ်တၿပီး ပြင့္လင္းျမင္သာမႈရွိ သည့္ ေ႐ြးေကာက္ပြဲကို က်င္းပျခင္းသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီစနစ္ တည္တံ့ခိုင္ၿမဲေရး အတြက္ အေရးႀကီးေသာေျခလွမ္းျဖစ္ေၾကာင္း ပါရွိသည္။ ထိုကဲ့သိုေသာ အေျခအေနမ်ားတြင္ ဤစီမံကိန္း အရ UNDP ႏွင့္ ခ်ိတ္ဆက္၍ ျမန္မာႏိုင္ငံ တစ္ ဝန္းရွိ မဲ႐ုံမ်ားအတြက္ အလြယ္တကူ ဖ်က္ပစ္၍မရေသာ မင္ရည္မ်ား ေပးအပ္ၿပီး မဲဆႏၵရွင္မ်ား တစ္ႀကိမ္ထပ္ပို၍မဲေပးျခင္းကို ကာကြယ္တားဆီးႏိုင္ရန္ အသုံးျပဳျခင္းျဖင့္ တရားမွ်တၿပီး ပြင့္ လင္းျမင္သာမႈရွိေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္အတြက္ အေထာက္အကူ ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္ႏိုင္ငံအစိုးရသည္ ယခင္တစ္ေခါက္ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ လည္း ေ႐ြးေကာက္ပြဲက်င္းပရာတြင္ လိုအပ္သည့္ ပစၥည္းမ်ား ေထာက္ပံ့ေပးအပ္ျခင္း၊ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာအေရးအဖြဲ႕မ်ား ေစလႊတ္ျခင္းကို ေဆာင္႐ြက္ခဲ့ၿပီး ယခု ဒုတိယအႀကိမ္ ေျမာက္ ပံ့ပိုးကူညီျခင္းျဖစ္ပါသည္။ ယခုတစ္ေခါက္ ေထာက္ပံ့သည့္ စီမံကိန္းမွတစ္ဆင့္ လြတ္ လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ ပံ့ပိုးကူညီၿပီး ေနာက္ပိုင္းတြင္လည္း ျမန္မာ ႏိုင္ငံ၏ ဒီမိုကေရစီႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ားကို အစြမ္းကုန္ ဘက္ေပါင္းစုံမွ ဆက္ လက္ ပံ့ပိုးကူညီသြားပါမည္ျဖစ္ေၾကာင္း သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

source : ပန္ပန္

unicode

မြန်မာနိုင်ငံ မှာ အရေး ကိစ္စ ပေါ်လာတိုင်း ရှေ့တန်းက ကူညီဖို့ အသင့်ရှိနေတဲ့ မိတ်ဆွေ ကောင်း ပီသတဲ့ ဂျပန်

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်‌နေ့ ၌ ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ ကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဂျပန်နိုင်ငံက ယန်း ၁၈၁ သန်းတန်းဖိုးရှိ “ရွေးကောက်ပွဲ အကူအညီပေးရေး စီမံကိန်း” တစ်ရပ်ကို UNDP နှင့်ချိတ်ဆက်၍ ထောက်ပံ့ ပေးအပ်လိုက်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းပေးအပ်ရေး အတွက် စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းကို မနေ့က ရန်ကုန်မြို့ တွင် မြန်မာနိုင်ငံသို့ ပေးအပ်သည့် “ ရွေးကောက်ပွဲ အကူအညီပေးရေး စီမံကိန်း” အထောက်အပံ့နှင့် ပတ်သက်သည့် စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းအစီအစဉ်တစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် Mr. MARUYAMA Ichiro နှင့် ကုလသ မဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်( United Nations Development Programme, UNDP) မြန်မာနိုင်ငံရုံး၏ တာဝန်ခံအရာရှိ၊ ဒုတိယဌာနေ ကိုယ် စားလှယ် Ms. Dawn Del Rio တို့က
စာချွန်လွှာလက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ တတိယအကြိမ် မြောက် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန်စီစဉ်ထားပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲကို ကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေး အတွက် အရေးကြီးသောခြေလှမ်းဖြစ်ကြောင်း ပါရှိသည်။ ထိုကဲ့သိုသော အခြေအနေများတွင် ဤစီမံကိန်း အရ UNDP နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ တစ် ဝန်းရှိ မဲရုံများအတွက် အလွယ်တကူ ဖျက်ပစ်၍မရသော မင်ရည်များ ပေးအပ်ပြီး မဲဆန္ဒရှင်များ တစ်ကြိမ်ထပ်ပို၍မဲပေးခြင်းကို ကာကွယ်တားဆီးနိုင်ရန် အသုံးပြုခြင်းဖြင့် တရားမျှတပြီး ပွင့် လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် အထောက်အကူ ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရသည် ယခင်တစ်ခေါက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လည်း ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာအရေးအဖွဲ့များ စေလွှတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခု ဒုတိယအကြိမ် မြောက် ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။ ယခုတစ်ခေါက် ထောက်ပံ့သည့် စီမံကိန်းမှတစ်ဆင့် လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပံ့ပိုးကူညီပြီး နောက်ပိုင်းတွင်လည်း မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ဘက်ပေါင်းစုံမှ ဆက် လက် ပံ့ပိုးကူညီသွားပါမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

source : ပန်ပန်

Add a Comment

Your email address will not be published. Required fields are marked *

12 + nine =