
















Ps/



God Bless You.

Ah Sar Mee

unicode

အရမ်း ကောင်းတယ် လို့ နာမည် ကြီး နေ တဲ့ မိုးညှင်းမှ ကလေး အထူး ကု ဆရာဝန် ကြီး

“သိပ်တော် တဲ့ ကလေး အထူးကု ဆရာဝန်ကြီး”

ကလေး တွေကို ဆေးကုတဲ့ နည်းက အံ့မခန်းပဲ.. ဆေးရုံ ဆေးခန်း လာတဲ့ ကလေးတိုင်းကို ကြောက်စိတ် မရှိအောင် ကလေးတွေ (သမီးလေး ဆို သမီးလေးအကြိုက် သားလေး​ဆို သားလေးတွေ အကြိုက်) ကြိုက်တဲ့

အရုပ်လေး တွေနဲ့ ကြောက် စိတ် ကို အာရုံပြောင်းပေး လိုက်ပီး ရောဂါ ကုသပေးတယ်..

ဒါဘဲလား ဆိုတော့ ကလေးမိဘတွေ စိတ်ပူနေမှန်းသိလို့ အချိန်ကုန်ခံ ပင်ပန်းခံပီး ကလေးရောဂါ အခြေအနေ တွေကို မိဘတွေ နားလည်အောင် မစိုးရိမ်အောင် အစအဆုံး ရှင်းပြပီး

မိဘ တွေ အပေါ် ကိုယ်ချင်းစာ စိတ် အပြည့်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံ ပြောဆိုပေးတယ်…(ဒီအချက်က မိဘတွေ အရမ်း ကျေးဇူးတင်တဲ့ အချက်ပါ)

ဒီလို စိတ်ရင်းစေတနာ ကောင်းမွန် တဲ့ ဆရာဝန်ကြီးမျိုး ကျမ မတွေ့ဘူးဖူး တကယ်ပါ….

ဆေးရုံ(ကလေးဆောင်)တာဝန် ကျ ဆရာ ဆရာမ တွေ နဲ့ လူနာစောင့် ကလေးမိဘတွေကိုလဲ နေ့လည် နေ့ခင်းတွေဆို လက်ဘက်ရည် ကော်ဖီ တောင် ဝယ်တိုက်သေး…

လူမူကူညီရေး လုပ်ငန်းတွေ ဆိုလဲ လူမျိုး မရွေးဘူး ဘာသာ မရွေးဘူး ကူညီဖို့ အဆင်သင့်ပဲ…ဆေးရုံ ကလေးဆောင်

ဆိုရင်လဲ အပြင်ဆေးရုံတွေ ထက်တောင် သန့်ရှင်းသပ် ရပ်ပီး အဲယားကွန်း သီးသန့်ခန်းတွေနဲ့ စပါယ်ရှယ်..ဒီလို ပြည်သူတွေ အပေါ် တာဝန်ကျေပွန် ပီး နွေးနွေးထွေးထွေး မိသားစု

စိတ်ရင်း အပြည့်ရှိတဲ့ နိုင်ငံ့ ဝန်ထမ်းကောင်း ဆရာဝန်ကြီးပါ..

ဆရာအပြင် ဆေးရုံမှာ တက်ပီး ဆရာ့ဆေးခန်း ပြန်လာပြတဲ့ ကလေး မိဘတွေကို ပြောတဲ့ စကား ကျမ မှတ်မိတာရှိတယ်.(ကလေးအမေ ပိုက်ဆံ အရမ်း ချမ်းသာနေလား..အခု

အပြင်ဆေးရုံ တက်တော့ ပိုက်ဆံ ၃/၄ သိန်း ကုန်ပီ မဟုတ်လား ??ကလေး အမေကလဲ ဟုတ်တယ် ဆရာ ၄သိန်း လောက် ကုန်တယ်တဲ့.အေး ဆေးရုံကြီးသာ လာတက်ရင် အလွန်ဆုံး ကုန် မှ ၃/၄သောင်းပေါ့တဲ့…

နောက်ဆိုရင် ဆေးရုံကြီးပဲ လာတက်ကြတဲ့)အဲလို မိဘတွေရဲ့ ဒုက္ခ မှ အစ သက်သာစေချင်သော ကလေးအထူးကုဆရာဝန်ကြီးပါ..

မွေးကင်းစအဖျား ကြီးတဲ့ ကလေးတွေ ဆို ကလေးရော အမေရော အဲယားကွန်းခန်းထဲ နေခိုင်းပီး အနီးကပ် ပြုစု စောင့်ရှောက် ပေးတဲ့ ဆရာဝန်ကြီးပါ…

ကျမတို့ မိုးညှင်းမြို့လေးမှာ ဒီလို စေတနာ ကောင်းတဲ့ ဆရာဝန်ကြီး ရှိတာ ဘုရားကို ကျေးဇူးတင်မိပါတယ်..

စိတ်ရင်းစေတနာ ကောင်းတဲ့ ဆရာ ကျန်းမာ ချမ်းသာပီး အသက်ရာကျော်ရှည် ပါစေ ဆရာ..

Ps/

ကျမတွေ့ကြုံခဲ့တဲ့ ဆရာ့ စေတနာတွေကို မှတ်တမ်းတင်ရေး မိတာပါ… ကျေးဇူးလဲ အထူးတင်ပါတယ်

ဆက်ပီးတော့ မိုးညှင်း မြို့က ကလေးတွေ ရဲ့ ကျန်းမာရေး ကို ဂရုစိုက်ပေးပါဦးနော်…

God Bless You.

Ah Sar Mee

Add a Comment

Your email address will not be published. Required fields are marked *

four × two =