ဖုန္းကိုင္ခြင့္ မရွိ အျပင္ထြက္ခြင့္ မရွိေသာ ျမန္မာႏိုင္ငံ ရဲ႕ အႀကီးမားဆုံး သီလရွင္စာသင္တိုက္

စစ္ကိုင္း သက် ဓီတာ (ဗုဒၶသမီးေတာ္မ်ား) စာသင္တိုက္ ျဖစ္ပါတယ္။ စည္းကမ္းအရမ္းႀကီးတယ္လို႔ နာမည္ႀကီးပါတယ္။ စာသင္သူ သီလရွင္( သိကၡာရွင္) ေပါင္း အပါး ( ၂၅၀) ေက်ာ္ရွိတယ္။ ဖုန္းကိုင္ခြင့္မရွိဘူး။ အျပင္ထြက္ခြင့္ မရွိဘူး…။

တိုက္ထဲမွာ ဓမၼာစရိယ ဘြဲ႕ရ ေတြ အမ်ားႀကီး ပါပဲ။ ဝိနယဝိဒူ ေတြလည္း ရွိတယ္။ ပါဠိပါရဂူနဲ႔ လကၤာရေတြလည္း ရွိတယ္။ ေအာက္ပါ ပုံမ်ားကေတာ့ စာခ်ဆရာႀကီးမွ ပါဠိသဒၵါ ပို႔ခ်ေနပုံပါ။

မိန္းကေလးေတြလည္း ရဟန္းေတာ္ေတြ လို ခက္ခဲ နက္နဲတဲ့ ဗုဒၶစာေပေတြကို သင္ေနၾကတာ အမ်ားႀကီး ရွိေသးပါလားလို႔ အံ့ၾသမိပါတယ္။

( ေအာက္က ကဗ်ာေလး ဖတ္ၿပီး မ်က္ရည္ ဝဲမိပါတယ္ )

မိန္းကေလးပဲေလမိန္းကေလးပဲေလ… လွခ်င္ ရက္ စက္စက္ယို၊ ကပိုက႐ို ကႏြဲ႕ကလ်ေနခ်င္ေပမယ့္၊ ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊ ဓမၼနဲ႔ ေလွ်ာက္ခဲ့ၾကသူေတြေပါ့ မိန္းကေလးပဲေလ… ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊ ၿဖီးလိမ္းပန္းပန္ ေခတ္ပ်ိဳေမေတြလိုလန္းခ်င္ေပမယ့္၊

စိန္နားကပ္ႀကီး နားမွာပန္၊ ေ႐ႊေငြကား အၿခံအရံေတြ နဲ႔ မေမာ္ဘဲ၊ ဣေျႏၵတရားနဲ႔ ေပ်ာ္ခဲ့ၾကသူေတြေပါ့ မိန္းကေလးပဲေလ… ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊ အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊ အႏုသယ နီဝရဏတရားေတြကိုပယ္၊ ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူေတြေပါ့။

မိန္းမတို႔ရဲ႕ သိကၡာတရား ၊ ဆံေကသာနဲ႔ သနပ္ခါး ကိုပယ္၊ လမ္းတကာ အလယ္ ဆြမ္းဆန္ရပ္၊ လူတကာရဲ႕ ပါးစပ္က ကဲ့ရဲ႕သံေတြျဖတ္ရင္း၊ ျမတ္ဗုဒၶသာသနာ့လမ္းစဥ္ကိုရႈ၊ က်င့္ႀကံအားထုတ္ရင္း သာသနာျပဳၾကသူေတြေပါ့။

သက်ဓီတာသီလရွင္ စာသင္ တိုက္၊ နန္းဦးၿမိဳ႕သစ္၊ စစ္ကိုင္းၿမိဳ႕ Ph -092130606၊ 09792130606၊ 09791119777

သုခိႏ္(ဗုဒၶတကၠသိုလ္)

Writer ; Kwee (Jeeptoolay)

Source ; Ashinvanni Ssara

unicode

ဖုန်းကိုင်ခွင့် မရှိ အပြင်ထွက်ခွင့် မရှိသော မြန်မာနိုင်ငံ ရဲ့ အကြီးမားဆုံး သီလရှင်စာသင်တိုက်

စစ်ကိုင်း သကျ ဓီတာ (ဗုဒ္ဓသမီးတော်များ) စာသင်တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင်( သိက္ခာရှင်) ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရ တွေ အများကြီး ပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။

မိန်းကလေးတွေလည်း ရဟန်းတော်တွေ လို ခက်ခဲ နက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြမိပါတယ်။

( အောက်က ကဗျာလေး ဖတ်ပြီး မျက်ရည် ဝဲမိပါတယ် )

မိန်းကလေးပဲလေမိန်းကလေးပဲလေ… လှချင် ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊

စိန်နားကပ်ကြီး နားမှာပန်၊ ရွှေငွေကား အခြံအရံတွေ နဲ့ မမော်ဘဲ၊ ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ချစ်သူရင်ခွင် ခိုဝင်ယုယ၊ အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ အနုသယ နီဝရဏတရားတွေကိုပယ်၊ ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။

မိန်းမတို့ရဲ့ သိက္ခာတရား ၊ ဆံကေသာနဲ့ သနပ်ခါး ကိုပယ်၊ လမ်းတကာ အလယ် ဆွမ်းဆန်ရပ်၊ လူတကာရဲ့ ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ မြတ်ဗုဒ္ဓသာသနာ့လမ်းစဉ်ကိုရှု၊ ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူတွေပေါ့။

သကျဓီတာသီလရှင် စာသင် တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့ Ph -092130606၊ 09792130606၊ 09791119777

သုခိႏ္(ဗုဒၶတကၠသိုလ္)

Writer ; Kwee (Jeeptoolay)

Source ; Ashinvanni Ssara

Add a Comment

Your email address will not be published. Required fields are marked *

eighteen − nine =