ဖေကြီးအောင်သူ ရဲ့မွေးနေ့ ကို အိမ်မှာပဲ သားလေး နဲ့ အတူတူ SURPRISE လုပ်ပေးခဲ့တဲ့ မေမေ ပိုးအိအိခန့်

ဖေကြီးအောင်သူ ရဲ့မွေးနေ့ ကို အိမ်မှာပဲ သားလေး နဲ့ အတူတူ SURPRISE လုပ်ပေးခဲ့တဲ့ မေမေ ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်ကတော့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူ နဲ့ လက်ထပ် ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ ပိုးအိအိခန့်က လက်တလောမှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုအရေးကိစ္စတွေ ကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မိသားစုလေးကို ချစ်တဲ့ ပိုးအိအိခန့်က မနေ့က မေလ (၂၂) ရက်နေ့ မှာ ကျရောက်တဲ့ ခင်ပွန်းဖြစ်သူ အောင်သူရဲ့ မွေးနေ့လေးကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ ပါတယ်။

ပိုးအိအိခန့်က “🎂🎂Happy Birthday Koe Koe’s Daddy 🎂🎂❤️ ကိုးလေးက ပူစီပေါင်း မမြင်ဖူးလို့ ကြောက်နေတာ 😂😂😂 ကျွန်မရဲ့ အိမ်နေရင်းအလှတော့ သည်းခံပေး ပါရှင်။ အဝတ်အစားလဲ ထားရင် ရိပ်မိမှာဆိုးလို့ပါ 😅😅😅” ဆိုပြီး သူမတို့ မိသားစုရဲ့ ပျော်ရွှင်ဖွယ်အမှတ်တရ ပုံရိပ်လေးတွေ ကို မျှဝေပေး ထားပါတယ်။

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ အောင်သူအတွက် အိမ်မှာပဲ သားလေး နဲ့အတူတူ Surprise လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး ကြင်နာမှုတွေ နဲ့ လွှမ်းခြုံထားတဲ့ ပိုးအိအိခန့်တို့ မိသားစုလေးကို အားကျနေပြီ ထင်ပါတယ်နော်။

Source: Poe Ei Ei Khant’ s fb