လက္ထပ္ခ်ိန္ လည္းတူ ကိုယ္ဝန္ေဆာင္ခ်ိန္လည္း တူတဲ့ အေမရိကန္ႏိုင္ငံ မွ အမႊာစုံတြဲ ႏွစ္တြဲ

အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယား ျပည္နယ္က အမႊာညီအစ္မ ႏွစ္ေယာက္ဟာ အမႊာညီအစ္ကိုႏွစ္ေယာက္နဲ႔ လက္ထပ္ခဲ့ၿပီး ကိုယ္ဝန္ရခ်ိန္လည္း ၿပိဳင္တူျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ အ႐ြယ္ေတြရွိၿပီျဖစ္တဲ့ ဘရစ္နီနဲ႔ ဒိန္းဟာ အသက္ ၃၅ ႏွစ္အ႐ြယ္ အမႊာညီအစ္ကိုႏွစ္ေယာက္နဲ႔ ႐ုပ္သံအစီအစဥ္တစ္ခုမွာ ေတြ႕ဆုံၿပီး ခ်စ္ႀကိဳက္ ခဲ့တာျဖစ္ပါတယ္။

ခုခ်ိန္မွာေတာ့ စုံတြဲႏွစ္တြဲလုံး ကိုယ္ဝန္ေဆာင္ေနၿပီ လို႔ မီဒီယာေတြကို ေျပာခဲ့ပါတယ္။ အမႊာစုံတြဲေတြဟာ ၂၀၁၇ မွာ လက္ထပ္ ခဲ့ၿပီး တီဗီအစီအစဥ္ေတြ နဲ႔ ေၾကာ္ျငာေတြကို ႐ိုက္ကူး ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ အမႊာေတြ ထူးထူး ျခားျခားဆုံစည္းခဲ့သလို သားသမီးေတြကိုလည္း အတူတကြရယူခ်င္ပါတယ္”လို႔ ဒိန္းက ေျပာၾကားခဲ့ပါတယ္။ အဆိုပါစုံတြဲႏွစ္တြဲဟာ အိမ္တစ္လုံးတည္းမွာ အတူတူ ေနၾကသူေတြျဖစ္ပါတယ္။

Ref – Virginia News
Credit WE Media

unicode

လက်ထပ်ချိန် လည်းတူ ကိုယ်ဝန်ဆောင်ချိန်လည်း တူတဲ့ အမေရိကန်နိုင်ငံ မှ အမွှာစုံတွဲ နှစ်တွဲ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်က အမွှာညီအစ်မ နှစ်ယောက်ဟာ အမွှာညီအစ်ကိုနှစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ကိုယ်ဝန်ရချိန်လည်း ပြိုင်တူဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ်တွေရှိပြီဖြစ်တဲ့ ဘရစ်နီနဲ့ ဒိန်းဟာ အသက် ၃၅ နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ယောက်နဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက် ခဲ့တာဖြစ်ပါတယ်။

ခုချိန်မှာတော့ စုံတွဲနှစ်တွဲလုံး ကိုယ်ဝန်ဆောင်နေပြီ လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။ အမွှာစုံတွဲတွေဟာ ၂၀၁၇ မှာ လက်ထပ် ခဲ့ပြီး တီဗီအစီအစဉ်တွေ နဲ့ ကြော်ငြာတွေကို ရိုက်ကူး ခဲ့ပါတယ်။

ကျွန်တော်တို့ အမွှာတွေ ထူးထူး ခြားခြားဆုံစည်းခဲ့သလို သားသမီးတွေကိုလည်း အတူတကွရယူချင်ပါတယ်”လို့ ဒိန်းက ပြောကြားခဲ့ပါတယ်။ အဆိုပါစုံတွဲနှစ်တွဲဟာ အိမ်တစ်လုံးတည်းမှာ အတူတူ နေကြသူတွေဖြစ်ပါတယ်။

Ref – Virginia News
Credit WE Media

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =