




unicode

G Fatt ရဲ့ ချစ်သူ အသစ်လေး လို့ နာမည်ကြီးနေတဲ့ အပေါ် ဘုံဘုံ ရှင်းပြီ (ရုပ်/သံ)

ယနေ့ပရိသတ်တွေကြား မှာ အရမ်း ကိုဟော့ဖြစ်ခဲ့တဲ့ သတင်းတစ်ခုနဲ့ ပတ်သက်ပြီး ဂျီဖက် ရဲ့ ဖန်တွေကြားမှာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ် ။

အေဲ့ဒါကတော့ ရွှေမဘုံ ဆိုတဲ့ မော်ဒယ်မလေး တစ်ယောက်က ဂျီဖက်နဲ့အတူကားပေါ်မှာ ရိုက်ကူးထားတဲ့ ပုံလေးကနေစတင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဆိုပါပုံက သူတို့ရိုးရိုးသားသားရိုက်ကူးခဲ့တာဖြစ်ကာ ယခုလောက်ထိ ပြဿနာကြီးသွားမယ်လို့မထင်ခဲ့လို့ ဘုံဘုံက သူမရဲ့ဖေ့စ်ဘုတ် my day မှာ တင်ခဲ့တာဖြစ်တယ်လို့ဆိုပြီး သူတို့ရိုက်ကူးရေးသွားနေကြတဲ့ အဖွဲ့သားတွေနဲ့အတူ Live လွှင့်ပြီးဖြေရှင်းခဲ့တာဘဲ ဖြစ်ပါတယ်။

အမှန်တကယ်ကတော့ ဘုံဘုံ တို့က ဂျီဖက်နဲ့အတူ မြို့ပြရဲ့ အဝေးဆိုတဲ့ MV ကို ရိုက်ကူးနေတာဖြစ်ပြီး ဂျီဖက်ကလဲ ” ကျွန်တော်တို့ သူငယ်ချင်းတွေ ခရီးစုထွက်တဲ့ပုံစံမျိုးနဲ့ မြို့ပြရဲ့အဝေး ဆိုတဲ့ Music Video ကို ရိုက်ကူးတာ သုံးရက်မြောက်နေ့ဖြစ်ပါတယ် ။ မြန်မာပြည်ရဲ့ အထင်ကရနေရာ တစ်ချို့ နဲ့ လူသိပ်မသိသေးတဲ့ နေရာ တစ်ချို့ ကို သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ် ဘုံဘုံ တို့ ပြန်လည်ဖြေရှင်းထားကြတဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေတွေ့မြင်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

ရိုက်ကူးရေးလုပ်နေတာ ဖြစ်တာကြောင့် ပုံတွေထပ်မံထွက်ပေါ်လာခဲ့သည်ရှိသော် အထင်မလွှဲကြပါနဲ့ဆိုကာ ဘုံဘုံက သူမရဲ့ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ပရိတ်သတ်တွေကြားမှာ အရမ်းကို ဟော့နေတဲ့ G Fatt နှင့်ကိစ္စအပါအဝင် အချစ်ရေးအနုပညာလှုပ်ရှားမှုတွေကို ဖြေကြားပေးခဲ့တဲ့ ဘုံဘုံ၏ ရုပ်သံ

Add a Comment

Your email address will not be published. Required fields are marked *

9 − 3 =