




crd : panpyoelat

unicode

ယနေ့ထပ်တိုး ကူးစက်ခံရသူ (၈၈၄) ဦးဖြင့် ကူးစက် ခံရသူဦးရေ (၂၄,၆၇၁) အထိ ရှိလာတဲ့ စင်ကာပူ

မေလ ၁၂ ရက်နေ့ နေ့လည်ခင်းထုတ်ပြန်ချက် အရ စင်ကာပူနိုင်ငံ တွင် ထပ်တိုးကူးစက်ခံရသူ ၈၈၄ ဦးရှိခဲ့ကာ စုစုပေါင်းကူးစက်ခံရသူ ၂၄,၆၇၁ ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်။အများဆုံးကူးစက်ခံရတာကတော့ နိုင်ငံခြားသားဆောက်လုပ်ရေး အလုပ်သမားအဆောင်တွေကပဲဖြစ်ပြီး စင်ကာပူနိုင်ငံသား နဲ့ အမြဲတမ်းနေထိုင်ခွင့် ရသူတွေထဲက ၃ ဦးသာပါဝင်တာဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါ သက်သာပျောက်ကင်းသူ ၃၂၂၅ ဦးနဲ့ သေဆုံးသူ ၂၁ ဦးအထိရှိပြီလဲဖြစ်ကာ နောက်ဆုံးသေဆုံးသူကတော့ အသက် ၆၈ နှစ်အရွယ် စင်ကာပူနိုင်ငံသားအမျိုးသားတစ်ဦးဖြစ်ပါတယ်။မနေ့က ၄၈၆ ဦးသာတွေ့ရှိပေမဲ့ အစိုးရက ၎င်းကဲ့သို့ ကူးစက်ခံရသူရုတ်တရက် နည်းပါးသွားခြင်းဟာ စစ်ဆေးမှုတွေပြုလုပ်နေတဲ့ ဓာတ်ခွဲခန်း တစ်ခု မွန်းမံမှုတွေလုပ်နေရတာကြောင့်လို့ ထုတ်ပြန်ထားတာပါ။

FILE PHOTO: Customers queue up to have their haircut outside a hairdressing salon as they reopen for business amid the coronavirus disease (COVID-19) outbreak in Singapore May 12, 2020. REUTERS/Edgar Su

အကြောင်းကတော့ ၎င်းဓာတ်ခွဲခန်းမှ စစ်ဆေးချက် ရလဒ်အမှားတွေထွက်ပေါ်ခဲ့တာကြောင့် လို့လည်း သိရပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

10 − 7 =