



TNO

unicode

အမြန်လမ်း မှာ ကားမောင်းတဲ့သူတွေ အထူးသတိထား ရမယ့် နေရာ (၁၆) ခု ကို ထုတ် ပြန် လိုက်ပြီ

အမြန်လမ်း တစ်လျှောက် ယာဉ်မတော်တဆ မှု အများဆုံး ဖြစ်သည့် နေရာ ၁၆ နေရာရှိပြီး ယင်းနေရာ များ အရောက်တွင် သတိထား မောင်းနှင်းရန် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် လိုက်ပါတယ်။

ယာဉ်မတော် တဆမှု အများဆုံး ဖြစ်သည့် နေရာများမှာ အမှတ် ၃ လမ်းဆုံ၊ ဘောနတ်ကြီး ၊ ဘောနီ၊ အုတ်ရှစ်ကုန်း၊ မြို့ချောင်း၊ ဖြူး၊ ဗောဓိကုန်း၊ ဇီးပင်သာ ၊ သာဂရ ၊ ပလွေး၊ ပန်းတင် ၊ ဘုရားတောင်၊ ပေပင်လေး၊ သီးကုန်း၊ ပြင်စည် နှင့် စကားအင်း အနီး မိုင်တိုင် အချို့နေရာများသည် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွား လေ့ရှိသည့် နေရာများဖြစ်ခြင်းကြောင့် သတိပြု မောင်းနှင်ကြရန် သတိချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယင်းအပြင်အမြန်လမ်း မကြီး တစ်လျှောက်အသုံးပြုသွားလာလျက် ရှိသည့်ခရီးသွားပြည်သူများအနေ ဖြင့်မိုးအခါ ရေဝပ်ခြင်း၊ လမ်းချော်ခြင်းမြင်ကွင်း မရှင်းခြင်းစသည် တို့ကြောင့် လမ်းခရီး တစ်လျှောက် အန္တရာယ် ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ အချိန်မီ ရောက်ရှိစေရေး အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ ကျွမ်းကျင်သူ ပညာရှင်များ၏တိုင်းတာတွက်ချက် သတ်မှတ်ထားသော အမြန်နှုန်း အတွင်းမှ သာမောင်းနှင်ကြပါရန်နှင့် အမြန် လမ်းမကြီး တစ်လျှောက် ရဲစခန်းအပိုင်နယ်မြေအလိုက် ယာဉ်တော်တဆမှုအများဆုံးဖြစ်ပွားတတ်သည့် တည်နေရာမိုင်တိုင်များအားသိရှိဂရုပြုမောင်းနှင်နိုင် သတိပေးထားပါတယ်။

TNO

Add a Comment

Your email address will not be published. Required fields are marked *

seven + 7 =