ထရမ့္နဲ႔ ကင္ဂ်ဳံးအြန္ တို႔ၾကား နက္ရႈိင္းတဲ့ သံေယာဇဥ္ ရွိေၾကာင္း အေမရိကန္စာအုပ္ထုတ္ေဝေရးေျပာ

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံးအြန္ဟာ သူ႔နဲ႔ သမၼတ ထရမ့္တို႔ရဲ႕ မိတ္ေဆြျဖစ္မႈဟာ စိတ္ကူးယဥ္႐ုပ္ရွင္ထဲက အတိုင္းပဲလို႔ ေဖာ္ၫႊန္းခဲ့တယ္လို႔ သိရပါတယ္။ႏွစ္ဦးသား အျပန္အလွန္ ေရးသားတဲ့ စာ ၂၅ ေစာင္က တစ္ေစာင္မွာ ခုလို ေဖာ္ျပခဲ့တာ ျဖစ္ေၾကာင္း အေမရိကန္ Simon & Schuster စာအုပ္ ထုတ္ေဝေရးက ဗုဒၶဟူးေန႔မွာ ေျပာတာပါ။

အဲဒီ စာေတြကို ဂ်ာနယ္ လစ္ေဟာင္း Bob Woodward ေရးသားတဲ့ ထုတ္ေဝေတာ့မယ့္ စာအုပ္မွာ ထည့္သြင္းေဖာ္ျပမယ္လို႔ ျဖည့္စြက္ဆိုပါတယ္။ လာမယ့္ လမွာ ထြက္ရွိမယ့္ Rage လို႔ နာမည္ေပးထားတဲ့ အဲဒီ စာအုပ္မွာ အရင္ တစ္ခါမွ အမ်ားျပည္သူေတြ မျမင္မေတြ႕ဘူးတဲ့ ထရမ့္နဲ႔ ကင္ဂ်ဳံးအြန္တို႔ရဲ႕ စာေတြကို အေသးစိတ္ ေဖာ္ျပ ထားပါတယ္။

ါအျပင္ ထရမ့္က ကမာၻလုံး ဆိုင္ရာ ကပ္ေဘး၊ စီးပြားေရးဆုတ္ယုတ္မႈနဲ႔ လူမ်ိဳးေရးမၿငိမ္သက္မႈေတြ ႀကဳံေတြ႕ ရင္ဆိုင္ရခ်ိန္ လုပ္ေဆာင္ခဲ့တဲ့ လုပ္ရပ္ေတြအပါအဝင္ ထရမ့္အစိုးရအဖြဲ႕အတြင္းက အျမင္သေဘာထားေတြလည္း ပါဝင္တယ္လို႔ ပုံႏွိပ္တိုက္က ေျပာပါတယ္။ ထရမ့္နဲ႔ ကင္ဂ်ဳံအြန္တို႔ဟာ စာေတြ အျပန္အလွန္ ေရးသား ခဲ့ေပမယ့္ တစ္ဦးက တစ္ျခားတစ္ဦးဆီ ဘယ္ႏွေစာင္ ေရးသားခဲ့တယ္ဆို႔တာ ရွင္းရွင္းလင္းလင္း မသိရပါတယ္။

၂၀၁၈ ဇြန္လက စင္ကာပူမွာ ထိပ္သီး အစည္းအေဝးအၿပီး တစ္လအၾကာ ကင္ဂ်ဳံးအြန္ထံက ေပးစာတစ္တစ္ေစာင္နဲ႔ ပတ္သက္ၿပီး ထရမ့္က တြစ္တာကေနၿပီး လူသိရွင္ၾကား ေရးသားခဲ့ဖူးပါတယ္။ အဲဒီစာဟာ လွပၿပီး ကင္ဂ်ဳံးအြန္ကို ႏွစ္သက္ျမတ္ႏိုးစိတ္ ျဖစ္မိတယ္လို႔ ထရမ့္က ေရးသားခဲ့ပါတယ္။

Rf; The Korea Herald
Writer_ ေမာင္သံဆင့္(YGN News)

unicode

ထရမ့်နဲ့ ကင်ဂျုံးအွန် တို့ကြား နက်ရှိုင်းတဲ့ သံယောဇဉ် ရှိကြောင်း အမေရိကန်စာအုပ် ထုတ်ဝေရေးပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ သူ့နဲ့ သမ္မတ ထရမ့်တို့ရဲ့ မိတ်ဆွေဖြစ်မှုဟာ စိတ်ကူးယဉ်ရုပ်ရှင်ထဲက အတိုင်းပဲလို့ ဖော်ညွှန်းခဲ့တယ်လို့ သိရပါတယ်။နှစ်ဦးသား အပြန်အလှန် ရေးသားတဲ့ စာ ၂၅ စောင်က တစ်စောင်မှာ ခုလို ဖော်ပြခဲ့တာ ဖြစ်ကြောင်း အမေရိကန် Simon & Schuster စာအုပ် ထုတ်ဝေရေးက ဗုဒ္ဓဟူးနေ့မှာ ပြောတာပါ။

အဲဒီ စာတွေကို ဂျာနယ် လစ်ဟောင်း Bob Woodward ရေးသားတဲ့ ထုတ်ဝေတော့မယ့် စာအုပ်မှာ ထည့်သွင်းဖော်ပြမယ်လို့ ဖြည့်စွက်ဆိုပါတယ်။ လာမယ့် လမှာ ထွက်ရှိမယ့် Rage လို့ နာမည်ပေးထားတဲ့ အဲဒီ စာအုပ်မှာ အရင် တစ်ခါမှ အများပြည်သူတွေ မမြင်မတွေ့ဘူးတဲ့ ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ရဲ့ စာတွေကို အသေးစိတ် ဖော်ပြ ထားပါတယ်။

ါအပြင် ထရမ့်က ကမ္ဘာလုံး ဆိုင်ရာ ကပ်ဘေး၊ စီးပွားရေးဆုတ်ယုတ်မှုနဲ့ လူမျိုးရေးမငြိမ်သက်မှုတွေ ကြုံတွေ့ ရင်ဆိုင်ရချိန် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအပါအဝင် ထရမ့်အစိုးရအဖွဲ့အတွင်းက အမြင်သဘောထားတွေလည်း ပါဝင်တယ်လို့ ပုံနှိပ်တိုက်က ပြောပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ စာတွေ အပြန်အလှန် ရေးသား ခဲ့ပေမယ့် တစ်ဦးက တစ်ခြားတစ်ဦးဆီ ဘယ်နှစောင် ရေးသားခဲ့တယ်ဆို့တာ ရှင်းရှင်းလင်းလင်း မသိရပါတယ်။

၂၀၁၈ ဇွန်လက စင်ကာပူမှာ ထိပ်သီး အစည်းအဝေးအပြီး တစ်လအကြာ ကင်ဂျုံးအွန်ထံက ပေးစာတစ်တစ်စောင်နဲ့ ပတ်သက်ပြီး ထရမ့်က တွစ်တာကနေပြီး လူသိရှင်ကြား ရေးသားခဲ့ဖူးပါတယ်။ အဲဒီစာဟာ လှပပြီး ကင်ဂျုံးအွန်ကို နှစ်သက်မြတ်နိုးစိတ် ဖြစ်မိတယ်လို့ ထရမ့်က ရေးသားခဲ့ပါတယ်။

Rf; The Korea Herald
Writer_ မောင်သံဆင့်(YGN News)

Add a Comment

Your email address will not be published. Required fields are marked *

two × one =