အနုပညာသက်တမ်း ကိုးနှစ်တိုင်အောင် ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုတွေ ကို သိမ်းပိုက် ရရှိထား သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာ မျိုးရိုးရှိသူမဟုတ်ဘဲ ဝါရင့် အနုပညာရှင်စီနီယာတွေရဲ့ သင်ကြားပြသပေးမှုတွေကြောင့် အခုလို ပြည်သူချစ်တဲ့ မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် လာနိုင်တာပဲ ဖြစ်ပါတယ်။ စူစူရဲ့ အမိုက်စား ကောက်ကြောင်း အလှမှာ ပုရိသတွေ အားလုံး ကြွေနေကြတာလည်း ဖြစ်ပါတယ်။
စူစူဟာ လတ်တလော မှာတော့ ကြော်ငြာ လေးတွေ ဆက်တိုက် ရိုက်ကူး နေပြီပဲ ဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုတွေတိုင်း ကိုလည်း ပရိသတ်တွေထံ အမြဲဝေမျှပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ Tik Tok လေးတွေလည်း ရံဖန်ရံခါ ဆော့ကစားလေ့ရှိပြီး သူမရဲ့ အမူအရာလေးတွေကို ကြည့်ပြီး အားလုံးကလည်း ချစ်မဝ ဖြစ်နေကြတာပါ။ မနေ့ညကလည်း စူစူ ရဲ့ Facebook Story မှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ကြီးမား ကျယ်ဝန်းပြီး နေချင်စရာ ကောင်းလှတဲ့ သူမ ရဲ့ ကိုယ်ပိုင်ခြံလေး ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအိမ်လေးထဲမှာ စူစူချစ်ရတဲ့ မိသားစုဝင်များနဲ့အတူ နေထိုင်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီပုံလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Ei Chaw Po’s Facebook Account