အသည္းကြဲရင္ ေပ်ာက္တယ္ဆိုတဲ့ ေဆးက တကယ္ ရွိပါတယ္….

ငါဒီအခ်ိန္ႀကီးကိုရေအာင္ေက်ာ္ျဖတ္မယ္ ဆိုတဲ့ “ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္” ရယ္၊ ဘာအခက္အခဲပဲ ရွိရွိတကယ္ကိုႀကိဳးစားမယ္ဆိုတဲ့ “သတၱိ” ရယ္ရွိရင္ရၿပီ။

ႀကိဳးစားေနတဲ့အခ်ိန္မွာ “သူျပန္မလာခဲ့ရင္တို႔၊ သူျပန္လာပါ့မလား” တို႔ဆိုတဲ့အေတြးေတြထက္ “ငါဘယ္လိုေနရင္ ပိုအဆင္ေျပလာမလဲ” ဆိုတဲ့အေတြးေတြ ကိုပိုၿပီးေတြးၾကည့္ပါ။

လူတစ္ေယာက္ကိုေမ့ဖို႔က ခ်က္ခ်င္းႀကီး ဝုန္းခနဲ ဒိုင္းခနဲမေမ့သြားဘူး။ သူ႔ကိုကိုယ္ဘယ္ေလာက္ခ်စ္ခဲ့သလဲဆိုတာရယ္၊ အခ်ိန္ဘယ္ေလာက္ၾကာၾကာခ်စ္ခဲ့ရလဲဆိုတာရယ္ ေပၚမွာမူတည္ၿပီး healing လုပ္ရတဲ့အခ်ိန္ကြာသြားတာေတာ့ရွိမွာေပါ့။

အဲ့လိုႀကိဳးစားေနတဲ့အခ်ိန္ေတြအတြင္းမွာ ခဏခဏ အေႏွာင့္အယွက္ေပၚလာလိမ့္မယ္။

ဥပမာ – တစ္လ ေလာက္၊ ႏွစ္လေလာက္အဆက္အသြယ္မလုပ္ဘဲအဆင္ေျပေနရာကေန ဖုန္းထဆက္ခ်င္လာတာတို႔၊ သူ႔အေကာင့္ကိုဝင္ၾကည့္မိတာတို႔၊ သူရည္းစားရတာပဲျဖစ္ျဖစ္၊ တျခားလူေတြနဲ႔ေပ်ာ္ေနတဲ့သတင္းေတြၾကားရတာတို႔လိုမ်ိဳးေပါ့။

အဲ့လိုေတြျဖစ္လာခဲ့ရင္ စိတ္ကို ေလွ်ာ့မခ်ပစ္လိုက္နဲ႔။

အေပၚမွာေျပာခဲ့သလိုပဲ…သတၱိရွိရွိ နဲ႔ ဆက္အားတင္းၿပီးရေအာင္ ေက်ာ္ျဖတ္ရင္ တစ္ေန႔ထက္တစ္ေန႔ ပိုအဆင္ေျပလာလိမ့္မယ္ဆိုတာကို ယုံၾကည္ေပးပါ။

အမလည္း တစ္ခ်ိန္က အဲ့ဒီအသည္းကြဲတယ္ဆိုတဲ့ကာလႀကီးကို ေက်ာ္ျဖတ္ခဲ့ဖူးလို႔ အမေျပာတဲ့ စကားကိုယုံ‌ပါ…”တစ္ေန႔ေန႔ မွာေတာ့…တကယ္ အဆင္ေျပသြားမွာပါ” ❤

#Met

unicode

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ ဆေးက တကယ် ရှိပါတယ်….

ငါဒီအချိန်ကြီးကိုရအောင်ကျော်ဖြတ်မယ် ဆိုတဲ့ “ခိုင်မာတဲ့ ဆုံးဖြတ်ချက်” ရယ်၊ ဘာအခက်အခဲပဲ ရှိရှိတကယ်ကိုကြိုးစားမယ်ဆိုတဲ့ “သတ္တိ” ရယ်ရှိရင်ရပြီ။

ကြိုးစားနေတဲ့အချိန်မှာ “သူပြန်မလာခဲ့ရင်တို့၊ သူပြန်လာပါ့မလား” တို့ဆိုတဲ့အတွေးတွေထက် “ငါဘယ်လိုနေရင် ပိုအဆင်ပြေလာမလဲ” ဆိုတဲ့အတွေးတွေ ကိုပိုပြီးတွေးကြည့်ပါ။

လူတစ်ယောက်ကိုမေ့ဖို့က ချက်ချင်းကြီး ဝုန်းခနဲ ဒိုင်းခနဲမမေ့သွားဘူး။ သူ့ကိုကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာရယ်၊ အချိန်ဘယ်လောက်ကြာကြာချစ်ခဲ့ရလဲဆိုတာရယ် ပေါ်မှာမူတည်ပြီး healing လုပ်ရတဲ့အချိန်ကွာသွားတာတော့ရှိမှာပေါ့။

အဲ့လိုကြိုးစားနေတဲ့အချိန်တွေအတွင်းမှာ ခဏခဏ အနှောင့်အယှက်ပေါ်လာလိမ့်မယ်။

ဥပမာ – တစ်လ လောက်၊ နှစ်လလောက်အဆက်အသွယ်မလုပ်ဘဲအဆင်ပြေနေရာကနေ ဖုန်းထဆက်ချင်လာတာတို့၊ သူ့အကောင့်ကိုဝင်ကြည့်မိတာတို့၊ သူရည်းစားရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ပျော်နေတဲ့သတင်းတွေကြားရတာတို့လိုမျိုးပေါ့။

အဲ့လိုတွေဖြစ်လာခဲ့ရင် စိတ်ကို လျှော့မချပစ်လိုက်နဲ့။

အပေါ်မှာပြောခဲ့သလိုပဲ…သတ္တိရှိရှိ နဲ့ ဆက်အားတင်းပြီးရအောင် ကျော်ဖြတ်ရင် တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေလာလိမ့်မယ်ဆိုတာကို ယုံကြည်ပေးပါ။

အမလည်း တစ်ချိန်က အဲ့ဒီအသည်းကွဲတယ်ဆိုတဲ့ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့ စကားကိုယုံ‌ပါ…”တစ်နေ့နေ့ မှာတော့…တကယ် အဆင်ပြေသွားမှာပါ” ❤

#Met

Add a Comment

Your email address will not be published. Required fields are marked *

3 × four =