ျပည္သူေတြ စိတ္ႀကိဳက္ ျဖစ္လာ ေစမယ့္ ပဲခူး-က်ိဳက္ထို အျမန္လမ္း

ဤ လမ္းၿပီးစီးပါက ယိုးဒယား ျမန္မာ ကုန္သြယ္ ေရး ပိုမို ျမန္ဆန္ ေခ်ာေမြ႕လာႏိုင္သလို၊ ယိုးဒယား ႏိုင္ငံသား ဗုဒၶဘာသာဝင္မ်ား ေ႐ႊတိဂုံဘုရားႏွင့္ က်ိဳက္ထီး႐ိုးဘုရားမ်ားသို႔ လာေရာက္ ဖူးေမွ်ာ္လိုသူမ်ားအတြက္ အဆင္ေျပၿပီး ပိုမိုဝင္ေရာက္လာႏိုင္ပါတယ္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေက်ာ္လင္း ရဲ႕ လႊတ္ေတာ္တြင္း ျပန္လည္ရွင္းလင္းတင္ျပမႈကို မွီျငမ္း၍ အတိုခ်ဳပ္ တင္ျပပါရေစ။ ADB ေခ်းေငြ အေမရိကန္ေဒၚလာ ၄၈၃.၈ သန္း လ်ာထား သတ္မွတ္ တဲ့ ပဲခူး-က်ိဳက္ထို အျမန္လမ္း ကလမ္းတေလွ်ာက္ တံတားႀကီး/ေသး မ်ိဳးစုံ ၃၅၁ စင္းနဲ႔ လမ္းေျပာင္း လမ္းလြဲ ေလးခု ပါဝင္ပါတယ္။

လမ္းတာ‌ေဘာင္ အျမင့္ ပ်မ္းမွ်အၾကမ္း ၁၅ ေပ ရွိၿပီး အခ်ိဳ႕ေနရာမ်ားမွာ ၃၆ ေပအထိ ျမင့္ႏိုင္ပါတယ္။ လုပ္ငန္းအတြက္ ျဖစ္ႏိုင္ေခ် ဆန္းစစ္မႈနဲ႔ အၾကမ္း ကုန္က်စရိတ္ တြက္ခ်က္မႈကိုေတာ့ (၂၀၁၇ ~ ၂၀၁၉) ခုႏွစ္အတြင္း ၾသစေတးလ် ကုမၸဏီမွ ေဆာင္႐ြက္ခဲ့ပါတယ္။ ADB, World Bank, JICA ေခ်းေငြေတြနဲ႔ တည္ေဆာက္ တဲ့ လုပ္ငန္းေတြမွာ ေခ်းယူသူေတြက တြက္ခ်က္တင္ျပလို႔ မရပါ။ သူတို႔ရဲ႕ ေပၚလစီအရ သူတို႔ရဲ႕ ယုံၾကည္မႈရွိတဲ့ ႏိုင္ငံတကာ ကုမၸဏီေတြကပဲ လုပ္ခြင့္ရွိတာပါ။ အိႏၵဳ-ေကာကရိတ္လမ္း၊ မအူပင္-ဖ်ာပုံလမ္း ေတြကေတာ့ ကုန္က်စရိတ္ နည္းပါတယ္။ အေၾကာင္းကႏွစ္လမ္းသြား ၃၂ ေပ အက်ယ္ ျဖစ္ၿပီး မူလ လမ္းေဟာင္း ရွိၿပီးသားအေပၚ အဆင့္ျမႇင့္တင္ျခင္း ျဖစ္ပါတယ္။

ယခု လမ္းကေတာ့ ေလး လမ္းသြား ၇၀ ေပ က်ယ္ၿပီး ယခုမွ အသစ္စက္စက္ လုပ္ရမဲ့ လမ္းျဖစ္ေနေတာ့ Risk လည္း မ်ားပါတယ္။ ဥပမာ ႏြံ အိုင္ထဲ တည့္တည့္ လမ္းအူေၾကာင္း ေရာက္ရင္ ပိုင္႐ိုက္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ လမ္းကေတာ့ ႏိုင္ငံတကာစံခ်ိန္မွီ Fully Access Control လို႔ ဆိုပါတယ္။ PPP စနစ္ကို ဘာေၾကာင့္ မက်င့္သုံးသလည္း ဆိုေတာ့ အက်ိဳးအျမတ္ ရရွိမႈကို တြက္ခ်က္ တင္ျပရာမွာေတာ့တိုက္႐ိုက္ ေငြသားေတြခ်ည္းပဲ ရရွိမႈကို တြက္ခ်က္ျခင္းမဟုတ္ပဲ အက်ိဳးဆက္ ျဖစ္ေပၚလာမဲ့ ပါတ္ဝန္းက်င္ အက်ိဳးအျမတ္ေတြကိုလည္း ထည့္သြင္း စဥ္းစားျခင္းေၾကာင့္ ႏိုင္ငံေတာ္မွ တိုက္႐ိုက္ ေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

အိႏၵဳ – ေကာ့ကရိတ္ ၄၂% သက္သာၿပီး မအူပင္ – ဖ်ာပုံ လမ္း ၃၈% သက္သာသြားျခင္းကေတာ့ လုပ္ငန္းတင္ဒါ ေခၚယူခ်ိန္ တန္ဘိုးနည္းသြားျခင္းနဲ႔ Contigency တန္ဘိုးေတြ ထည့္သုံးဘို႔ မလိုျခင္းေၾကာင့္ပါ။ ဒါေၾကာင့္ ေခ်းေငြလည္း ေလ်ာ့သြားပါတယ္။ လုပ္ငန္းတစ္ခုခ်င္းအေပၚ ေခ်းျခင္း ျဖစ္တာေၾကာင့္ အပို ထုတ္ယူခြင့္ မရွိပါ။ ADB ရဲ႕ လုပ္ငန္းေသခ်ာေစေရး စနစ္ေၾကာင့္ ကုန္က်ေငြ ခန႔္မွန္း တြက္ခ်က္မႈထက္ ေလွ်ာ့ ျပလို႔ မရပါ။ေခ်းေငြ ေလွ်ာ့ျပၿပီးကာမွ မေမွ်ာ္မွန္းႏိုင္ေသာအေၾကာင္းတစ္စုံတစ္ရာ ေပၚေပါက္လာပါက ေငြ လိုအပ္ခ်က္ မျဖစ္ေစရန္ပါ။

ယခု လုပ္ငန္းတြင္လည္း ADB ရဲ႕ ေပၚလစီအရ ႏိုင္ငံ တကာအႀကံေပးအဖြဲ႕ရဲ႕ စီစဥ္ဆုံးျဖတ္ခ်က္နဲ႔အတူ ႏိုင္ငံတကာအေတြ႕အႀကဳံရွိ တည္ေဆာက္ေရး ကုမၸဏီမ်ားကို တင္ဒါ ေခၚယူ ေ႐ြးခ်ယ္မွာပါ။ ေဈးေပါ႐ုံနဲ႔ အလုပ္အပ္မွာ မဟုတ္ပဲ သတ္မွတ္အရည္အခ်င္းေတြနဲ႔လည္း ျပည့္စုံရပါလိမ့္ မယ္။ ျပည္တြင္းကုမၸဏီႀကီးမ်ား အေနနဲ႔ကေတာ့ မိန္းကန္ထ႐ိုက္ရဘို႔ နည္းပညာ လိုအပ္ခ်က္ေၾကာင့္ အလွမ္းေဝးေနဦးမွာပါဘဲ။ ကုန္က်စရိတ္အေနနဲ႔ကေတာ့ အျမင့္ဆုံးခန႔္မွန္းခ်က္ ျဖစ္တာေၾကာင့္ အမွန္တစ္ကယ္ ကုန္က်စရိတ္ နည္းႏိုင္ၿပီး။ ျမန္မာျပည္သူမ်ားအတြက္ ဂုဏ္ယူစရာ လမ္းတစ္ခု ျဖစ္ ေပၚလာႏိုင္ေၾကာင္းပါ။

Kyaw_Nyein_Than

unicode

ပြည်သူတွေ စိတ်ကြိုက် ဖြစ်လာ စေမယ့် ပဲခူး-ကျိုက်ထို အမြန်လမ်း

ဤ လမ်းပြီးစီးပါက ယိုးဒယား မြန်မာ ကုန်သွယ် ရေး ပိုမို မြန်ဆန် ချောမွေ့လာနိုင်သလို၊ ယိုးဒယား နိုင်ငံသား ဗုဒ္ဓဘာသာဝင်များ ရွှေတိဂုံဘုရားနှင့် ကျိုက်ထီးရိုးဘုရားများသို့ လာရောက် ဖူးမျှော်လိုသူများအတွက် အဆင်ပြေပြီး ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ရဲ့ လွှတ်တော်တွင်း ပြန်လည်ရှင်းလင်းတင်ပြမှုကို မှီငြမ်း၍ အတိုချုပ် တင်ပြပါရစေ။ ADB ချေးငွေ အမေရိကန်ဒေါ်လာ ၄၈၃.၈ သန်း လျာထား သတ်မှတ် တဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်း ကလမ်းတလျှောက် တံတားကြီး/သေး မျိုးစုံ ၃၅၁ စင်းနဲ့ လမ်းပြောင်း လမ်းလွဲ လေးခု ပါဝင်ပါတယ်။

လမ်းတာ‌ဘောင် အမြင့် ပျမ်းမျှအကြမ်း ၁၅ ပေ ရှိပြီး အချို့နေရာများမှာ ၃၆ ပေအထိ မြင့်နိုင်ပါတယ်။ လုပ်ငန်းအတွက် ဖြစ်နိုင်ချေ ဆန်းစစ်မှုနဲ့ အကြမ်း ကုန်ကျစရိတ် တွက်ချက်မှုကိုတော့ (၂၀၁၇ ~ ၂၀၁၉) ခုနှစ်အတွင်း သြစတေးလျ ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ပါတယ်။ ADB, World Bank, JICA ချေးငွေတွေနဲ့ တည်ဆောက် တဲ့ လုပ်ငန်းတွေမှာ ချေးယူသူတွေက တွက်ချက်တင်ပြလို့ မရပါ။ သူတို့ရဲ့ ပေါ်လစီအရ သူတို့ရဲ့ ယုံကြည်မှုရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကပဲ လုပ်ခွင့်ရှိတာပါ။ အိန္ဒု-ကောကရိတ်လမ်း၊ မအူပင်-ဖျာပုံလမ်း တွေကတော့ ကုန်ကျစရိတ် နည်းပါတယ်။ အကြောင်းကနှစ်လမ်းသွား ၃၂ ပေ အကျယ် ဖြစ်ပြီး မူလ လမ်းဟောင်း ရှိပြီးသားအပေါ် အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်။

ယခု လမ်းကတော့ လေး လမ်းသွား ၇၀ ပေ ကျယ်ပြီး ယခုမှ အသစ်စက်စက် လုပ်ရမဲ့ လမ်းဖြစ်နေတော့ Risk လည်း များပါတယ်။ ဥပမာ နွံ အိုင်ထဲ တည့်တည့် လမ်းအူကြောင်း ရောက်ရင် ပိုင်ရိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ လမ်းကတော့ နိုင်ငံတကာစံချိန်မှီ Fully Access Control လို့ ဆိုပါတယ်။ PPP စနစ်ကို ဘာကြောင့် မကျင့်သုံးသလည်း ဆိုတော့ အကျိုးအမြတ် ရရှိမှုကို တွက်ချက် တင်ပြရာမှာတော့တိုက်ရိုက် ငွေသားတွေချည်းပဲ ရရှိမှုကို တွက်ချက်ခြင်းမဟုတ်ပဲ အကျိုးဆက် ဖြစ်ပေါ်လာမဲ့ ပါတ်ဝန်းကျင် အကျိုးအမြတ်တွေကိုလည်း ထည့်သွင်း စဉ်းစားခြင်းကြောင့် နိုင်ငံတော်မှ တိုက်ရိုက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒု – ကော့ကရိတ် ၄၂% သက်သာပြီး မအူပင် – ဖျာပုံ လမ်း ၃၈% သက်သာသွားခြင်းကတော့ လုပ်ငန်းတင်ဒါ ခေါ်ယူချိန် တန်ဘိုးနည်းသွားခြင်းနဲ့ Contigency တန်ဘိုးတွေ ထည့်သုံးဘို့ မလိုခြင်းကြောင့်ပါ။ ဒါကြောင့် ချေးငွေလည်း လျော့သွားပါတယ်။ လုပ်ငန်းတစ်ခုချင်းအပေါ် ချေးခြင်း ဖြစ်တာကြောင့် အပို ထုတ်ယူခွင့် မရှိပါ။ ADB ရဲ့ လုပ်ငန်းသေချာစေရေး စနစ်ကြောင့် ကုန်ကျငွေ ခန့်မှန်း တွက်ချက်မှုထက် လျှော့ ပြလို့ မရပါ။ချေးငွေ လျှော့ပြပြီးကာမှ မမျှော်မှန်းနိုင်သောအကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငွေ လိုအပ်ချက် မဖြစ်စေရန်ပါ။

ယခု လုပ်ငန်းတွင်လည်း ADB ရဲ့ ပေါ်လစီအရ နိုင်ငံ တကာအကြံပေးအဖွဲ့ရဲ့ စီစဉ်ဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံတကာအတွေ့အကြုံရှိ တည်ဆောက်ရေး ကုမ္ပဏီများကို တင်ဒါ ခေါ်ယူ ရွေးချယ်မှာပါ။ ဈေးပေါရုံနဲ့ အလုပ်အပ်မှာ မဟုတ်ပဲ သတ်မှတ်အရည်အချင်းတွေနဲ့လည်း ပြည့်စုံရပါလိမ့် မယ်။ ပြည်တွင်းကုမ္ပဏီကြီးများ အနေနဲ့ကတော့ မိန်းကန်ထရိုက်ရဘို့ နည်းပညာ လိုအပ်ချက်ကြောင့် အလှမ်းဝေးနေဦးမှာပါဘဲ။ ကုန်ကျစရိတ်အနေနဲ့ကတော့ အမြင့်ဆုံးခန့်မှန်းချက် ဖြစ်တာကြောင့် အမှန်တစ်ကယ် ကုန်ကျစရိတ် နည်းနိုင်ပြီး။ မြန်မာပြည်သူများအတွက် ဂုဏ်ယူစရာ လမ်းတစ်ခု ဖြစ် ပေါ်လာနိုင်ကြောင်းပါ။

Kyaw_Nyein_Than

Add a Comment

Your email address will not be published. Required fields are marked *

20 − twelve =