သပိတ္က်င္းၿမိဳ႕နယ္ ေခ်ာင္းႀကီး႐ြာ ၌ လမ္းေျမခ်ဲ႕ ရာမွ ေ႐ႊေၾကာ ေတြ႕ခဲ့သျဖင့္ ေဒသခံမ်ား လာေရာက္ တူးေဖာ္ေနေၾကာင္းသိရ

မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္း ၿမိဳ႕နယ္ ေခ်ာင္းႀကီးေက်း႐ြာ သုံးထပ္ေကြ႕ အနီးတြင္ ကားလမ္း တိုးခ်ဲ႕ရန္ စက္ယႏၲရား မ်ားျဖင့္ တူးေဖာ္ရာမွ ေ႐ႊေၾကာေတြ႕သည္ဟု ဆိုကာ ေဒသခံရာႏွင့္ခ်ီ လာေရာက္၍ တူးေဖာ္ မႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရသည္။ျဖစ္စဥ္မွာ သပိတ္က်င္းၿမိဳ႕နယ္ ေခ်ာင္း ႀကီးေက်း႐ြာအုပ္စု သုံးထပ္ေကြ႕ အနီးတြင္ ၾသဂုတ္ ၁၅ ရက္က လမ္းတိုးခ်ဲ႕ရန္ ေျမသား တူးေဖာ္မႈမ်ား ေဆာင္႐ြက္ရာမွ ေ႐ႊေၾကာေပၚ သည္ဟု ဆိုကာ အဆိုပါသုံးထပ္ေကြ႕အနီး ေနရာသို႔ လူဦးေရ ရာႏွင့္ခ်ီ အလုအယက္ျဖင့္ ေရာက္ရွိလာျခင္းျဖစ္သည္ဟု ေဒသခံတစ္ ဦးက ေျပာၾကားခဲ့သည္။

“သုံးထပ္ေကြ႕ လမ္းခ်ဲ႕တာကေနၿပီး ေတာ့ ေ႐ႊေၾကာေတြ႕တယ္ ဆိုလို႔ လူေတြ အုတ္ ေအာ္ေသာင္းတင္း နဲ႔ လာရွာေနၾကတာ။သတင္းစျဖစ္တာကေတာ့ ညဦးပိုင္းေလာက္ ပဲ။ ည ၁၀ နာရီေလာက္ေရာက္ေတာ့ လူက အရမ္းမ်ားလာတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ယင္းသို႔ ေ႐ႊေၾကာအကြက္သစ္ ေပၚသည္ဟု သတင္းျဖစ္ေပၚမႈႏွင့္ပတ္သက္၍ ေခ်ာင္းႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဖိုးဆန္း က “လူဦးေရက ၆၀၀ ေလာက္ရွိမယ္။လမ္း ခ်ဲ႕တာကေန ေ႐ႊေၾကာေလးပုံစံေတြ႕တာက ေန ခါးပိုက္ေလးထဲ ထည့္ယူသြားတဲ့လူတစ္ ေယာက္ကေန စလိုက္တာ ။ ေ႐ႊက ေျပာသ ေလာက္ မပါပါဘူး ။ အဲဒီကေနမွ သုံးေယာက္စ အုပ္စု ေလးေယာက္စအုပ္စုေတြ ေရာက္လာ ၿပီး ေနာက္ပိုင္း အုန္းအုန္းက်က္က်က္ျဖစ္သြား တာ။ အဲဒီလိုလူအုပ္ကို လမ္းက သုံးထပ္ေကြ႕ ဆိုေတာ့ အႏၲရာယ္ျဖစ္မွာစိုးတဲ့အတြက္ ယာဥ္ ေၾကာကိုပဲ ရွင္းလင္းေပးေနၿပီး လူအုပ္ကို လည္း ေျပာလို႔ရသေလာက္ ေျပာဆိုၿပီး ျပန္ လႊတ္ေနပါတယ္။ အခုအေျခအေန ကို လႊတ္ ေတာ္ကိုယ္စားလွယ္၊ စသုံးလုံး ရဲတပ္ဖြဲ႕၊ ရာ အိမ္မႉးဆယ္အိမ္မႉး စတဲ့သူေတြနဲ႔ ေျဖရွင္း ေပးေနပါတယ္။ ဒီလူေတြကို မနက္မိုးလင္းတဲ့ အထိ လူစုမကြဲမခ်င္း ေစာင့္ၿပီးေတာ့ လုံၿခဳံ ေရးယူေပးမွာပါ။ ကားအသြားအလာကအစ အႏၲရာယ္မရွိေအာင္ ထိန္းေပးေနတာပါ။ လူစုကေတာ့ အစပိုင္းက ၆၀၀၊ ၁၀၀၀ ေလာက္ ထိေရာက္လာေပမယ့္ တျဖည္းျဖည္းနဲ႔ေတာ့ လူစုက ပါးလာၿပီး ကြဲစျပဳေနပါၿပီ။ သတင္းက ေကာလာဟလလိုမ်ိဳး ျပန႔္သြားတာ” ဟု ၾသဂုတ္ ၁၅ ရက္ ည ၁၂ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ေျပာၾကားခဲ့သည္။

“လမ္းနယ္ေျမခ်ဲ႕ရင္းနဲ႔ စက္ႀကီးေတြ ထိုးရာ ကေန အေပၚယံေၾကာေလးေတြ႕တာ။ ဒါကို ဘိလပ္ေျမအိတ္ေတြနဲ႔ သယ္ယူေနၾက ၿပီး ဘိလပ္ေျမအိတ္တစ္အိတ္ကို ေလးငါး ေျခာက္ေထာင္ရတဲ့သူလည္းရွိသလို ႏွစ္ ေသာင္း၊ သုံးေသာင္းရတဲ့သူလည္း ရွိတယ္ ။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ မတူၾက ဘူး” ဟု ေဒသခံ ကိုေအာင္စိုးက ေျပာၾကား သည္။ ေဒသအေခၚ ေ႐ႊေတာဟု ေခၚေဝၚေလ့ ရွိသည့္ မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္း ၿမိဳ႕နယ္တြင္ ယင္းသို႔ ေျမအေပၚယံေၾကာေပၚ မွ ေ႐ႊတူးေဖာ္ရရွိမႈမ်ား မၾကာခဏ ေတြ႕ရွိရ ေလ့ရွိေၾကာင္း သိရၿပီး ယင္းသို႔ ေတြ႕ရွိသည့္ ေနရာမ်ားတြင္ ေျမေအာက္သို႔ ဆက္လက္တူး ေဖာ္ပါက ေတြ႕ရွိမႈ မရွိသည္ မ်ားလည္းရွိ ေၾကာင္း သိရသည္။

Credit Eleven

unicode

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ ၌ လမ်းမြေချဲ့ ရာမှ ရွှေကြော တွေ့ခဲ့သဖြင့် ဒေသခံများ လာရောက် တူးဖော်နေကြောင်းသိရ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာ သုံးထပ်ကွေ့ အနီးတွင် ကားလမ်း တိုးချဲ့ရန် စက်ယန္တရား များဖြင့် တူးဖော်ရာမှ ရွှေကြောတွေ့သည်ဟု ဆိုကာ ဒေသခံရာနှင့်ချီ လာရောက်၍ တူးဖော် မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ် ချောင်း ကြီးကျေးရွာအုပ်စု သုံးထပ်ကွေ့ အနီးတွင် သြဂုတ် ၁၅ ရက်က လမ်းတိုးချဲ့ရန် မြေသား တူးဖော်မှုများ ဆောင်ရွက်ရာမှ ရွှေကြောပေါ် သည်ဟု ဆိုကာ အဆိုပါသုံးထပ်ကွေ့အနီး နေရာသို့ လူဦးရေ ရာနှင့်ချီ အလုအယက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံတစ် ဦးက ပြောကြားခဲ့သည်။

“သုံးထပ်ကွေ့ လမ်းချဲ့တာကနေပြီး တော့ ရွှေကြောတွေ့တယ် ဆိုလို့ လူတွေ အုတ် အော်သောင်းတင်း နဲ့ လာရှာနေကြတာ။သတင်းစဖြစ်တာကတော့ ညဦးပိုင်းလောက် ပဲ။ ည ၁၀ နာရီလောက်ရောက်တော့ လူက အရမ်းများလာတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ ရွှေကြောအကွက်သစ် ပေါ်သည်ဟု သတင်းဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆန်း က “လူဦးရေက ၆၀၀ လောက်ရှိမယ်။လမ်း ချဲ့တာကနေ ရွှေကြောလေးပုံစံတွေ့တာက နေ ခါးပိုက်လေးထဲ ထည့်ယူသွားတဲ့လူတစ် ယောက်ကနေ စလိုက်တာ ။ ရွှေက ပြောသ လောက် မပါပါဘူး ။ အဲဒီကနေမှ သုံးယောက်စ အုပ်စု လေးယောက်စအုပ်စုတွေ ရောက်လာ ပြီး နောက်ပိုင်း အုန်းအုန်းကျက်ကျက်ဖြစ်သွား တာ။ အဲဒီလိုလူအုပ်ကို လမ်းက သုံးထပ်ကွေ့ ဆိုတော့ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ယာဉ် ကြောကိုပဲ ရှင်းလင်းပေးနေပြီး လူအုပ်ကို လည်း ပြောလို့ရသလောက် ပြောဆိုပြီး ပြန် လွှတ်နေပါတယ်။ အခုအခြေအနေ ကို လွှတ် တော်ကိုယ်စားလှယ်၊ စသုံးလုံး ရဲတပ်ဖွဲ့၊ ရာ အိမ်မှူးဆယ်အိမ်မှူး စတဲ့သူတွေနဲ့ ဖြေရှင်း ပေးနေပါတယ်။ ဒီလူတွေကို မနက်မိုးလင်းတဲ့ အထိ လူစုမကွဲမချင်း စောင့်ပြီးတော့ လုံခြုံ ရေးယူပေးမှာပါ။ ကားအသွားအလာကအစ အန္တရာယ်မရှိအောင် ထိန်းပေးနေတာပါ။ လူစုကတော့ အစပိုင်းက ၆၀၀၊ ၁၀၀၀ လောက် ထိရောက်လာပေမယ့် တဖြည်းဖြည်းနဲ့တော့ လူစုက ပါးလာပြီး ကွဲစပြုနေပါပြီ။ သတင်းက ကောလာဟလလိုမျိုး ပြန့်သွားတာ” ဟု သြဂုတ် ၁၅ ရက် ည ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ပြောကြားခဲ့သည်။

“လမ်းနယ်မြေချဲ့ရင်းနဲ့ စက်ကြီးတွေ ထိုးရာ ကနေ အပေါ်ယံကြောလေးတွေ့တာ။ ဒါကို ဘိလပ်မြေအိတ်တွေနဲ့ သယ်ယူနေကြ ပြီး ဘိလပ်မြေအိတ်တစ်အိတ်ကို လေးငါး ခြောက်ထောင်ရတဲ့သူလည်းရှိသလို နှစ် သောင်း၊ သုံးသောင်းရတဲ့သူလည်း ရှိတယ် ။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြ ဘူး” ဟု ဒေသခံ ကိုအောင်စိုးက ပြောကြား သည်။ ဒေသအခေါ် ရွှေတောဟု ခေါ်ဝေါ်လေ့ ရှိသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ယင်းသို့ မြေအပေါ်ယံကြောပေါ် မှ ရွှေတူးဖော်ရရှိမှုများ မကြာခဏ တွေ့ရှိရ လေ့ရှိကြောင်း သိရပြီး ယင်းသို့ တွေ့ရှိသည့် နေရာများတွင် မြေအောက်သို့ ဆက်လက်တူး ဖော်ပါက တွေ့ရှိမှု မရှိသည် များလည်းရှိ ကြောင်း သိရသည်။

Credit Eleven

Add a Comment

Your email address will not be published. Required fields are marked *

18 − 6 =