ဆယ်တန်း ကို ဂုဏ်ထူး(၄)ဘာသာ နဲ့ ထူးချွန်စွာ အောင်မြင်တဲ့ ညီမလေးမိုးမိုး ဆီသွားပြီး ဆန်၊ဆီ နဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တဲ့ ဖြူဖြူထွေး

မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အပြစ် ကင်းစင်စွာ လှနေတတ်သူလေး ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီပဲ ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင် ခဲ့ရတဲ့ ဖြူဖြူထွေးက အပြုံးမပျက်ဘဲ အလုပ်တွေကြိုးစားခဲ့တာကြောင့် အခုလို အောင်မြင်မှု ရရှိလာခဲ့တာ ဖြစ်ပါတယ် ။

အထူးသဖြင့် ဖြူဖြူထွေးက အလှူအတန်း ရက်ရောပြီး လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေး ကူညီထောက်ပံ့ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ စေတနာထက်သန်စွာ အလှူပြုလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့စိတ်ထားလေးကို အားလုံးက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ဖြူဖြူထွေးက ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်နေတဲ့ ညီမလေးမိုးမိုးဆီ သွားရောက် ခဲ့တာ ဖြစ်ပါတယ် ။

ဖြူဖြူထွေးက လေးဘာသာဂုဏ်ထူးရှင်ညီမလေးအတွက် ဆန်၊ဆီ၊ စားသောက်ကုန်တွေနဲ့အတူ အလှူငွေ ကိုလည်း ပေးအပ်ခဲ့သေးတာ ဖြစ်ပါတယ် ။ မျက်နှာထက်မှာ ပီတိအပြုံးလေးတွေ ပေါ်လွင်နေတဲ့ ဖြူဖြူထွေးကတော့ “ပျော်နေတာရော ကြည်နူးမိသော အခိုက်အတန့်” ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Phyu Phyu Htwe’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *

eight − seven =