“Pre-wedding ပံုထဲ က ဂါ၀န္လွလွေ လးတွေ နဲ့ ပြုံးနေတဲ့ ပုံလေးေ တွလောက်ကြည့်ပြီး အားမကျ မိစေနဲ့”

“Pre-wedding ပုံထဲ က ဂါဝန်လှလှေ လးတွေ နဲ့ ပြုံးနေတဲ့ ပုံလေးေ တွလောက်ကြည့်ပြီး အားမကျ မိစေနဲ့”

လင်မ ယူပါနဲ့…..

ဒီအဖွားကြီး သူ ကျတော့ ယူပြီးလို့ မငြိုငြင်ပါနဲ့နော်။ ယူပြီးမှ ပြောလို့ရတဲ့ စကားပါ။

ယောက်ျားမရသေးရင် အသက်၃၀လည်း ကလေး ပါပဲ။ ၄၀လည်း ကလေးပါပဲ။ ယောက်ျားမို့ ယူပြီးရင်တော့ ၁၆နှစ်တစ်ရက်လျော့လည်း လူကြီး ဖြစ်ပါပြီ။ လူကြီးအလုပ် လုပ်ပြီဆိုရင် ကလေးဆန်ချင်နေလို့ မရပါဘူး။ လူကြီးဖြစ်ပါပြီ။

လူကြီးဖြစ်ပြီဆိုတာနဲ့ လူကြီးလို တွေးရပါမယ်။ လူကြီးလို လုပ်ရပါမယ်။ မနက်စာ စားဖို့သောက် ဖို့ကအစ ညအိပ်ရာခင်းတဲ့အထိ ကိုယ့်အလုပ်ပါ။ ငွေကြေးအဆင်ပြေလို့ အိမ်အကူရှိရင်တောင် ကိုယ့်Management အောက်ကပဲ ရှိရပါမယ်။

သမီးကလေ ကြက်ဥတောင် ဖြောင့်အောင် မကြော်တတ်ဘူး… အဟင်းဟင်းဆိုတာ မိဘ နဲ့ နေတုန်းမှာပဲ ပြောလို့ကောင်းတာပါ။ မချက်တတ်ရင် ဝယ်စားမှာပေါ့ အချစ်ရယ်ဆိုတာ မယုံပါနဲ့။ အိမ်ထမင်းအိမ်ဟင်းလေး စားချင်လိုက်တာ၊ အချစ်ချက်ကျွေးတာလေးမှ စားချင်တာဆိုပြီး မကြာခင်ဂျင်းတော့မှာပါ။

Anniversary နေ့တွေလည်း မေ့ချင်မေ့နေပါလိမ့်မယ်။ မကောက်မိပါနဲ့… ကောက် မိရင် အိမ်ထောင် ကျတာတောင် မရင့်ကျက်တဲ့၊ အိမ်ထောင်ဖက်အပေါ် နားလည်မှုမရှိတဲ့မိန်းမ အော်တို ဖြစ်သွားပါလိမ့်မယ်။ ပျော်ပျော်ကြီး ကောက်ချင်ရင် ရည်းစားပဲ ထားပါ… လင်မယူပါနဲ့။

မိဘအိမ်မှာ အဆူခံရတယ်ဆိုတာ တော်ပါသေးတယ်။ ယွကျားဆူရင် မျက်ရည်တွေ ဘူးသီးလုံးလောက် ကျပါ လိမ့်မယ်။ မိဘရိုက်တယ်ဆိုတာ မကောင်းပေမယ့် သတ်တော့မပစ်ပါဘူး။ ရိုက်တတ်တဲ့ ယောက်ျား ရရင်တော့ အခန့်မသင့်ရင် အသတ်ပါခံရနိုင်ပါတယ်။ မတော်တဆ ကိုယ်က ပြန်သတ်မိနိုင်ပါတယ်။

ကလေးများ ရလာရင်တော့ ပိုခြေချုပ်မိပါပြီ။ ညည ကလေးကငို၊ သေးကစို။ ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျား ဆို တော်သေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး။

အိမ်ထောင်သည်ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရ ပါလိမ့်မယ်။ အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။ ဗိုက်ခေါက်တွေ ထွက်လာမယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီးရင်လည်း ဗိုက်က ချက်ချင်းပိန်မသွားပါဘူး။ ပူစီပေါင်း လေလျှော့ လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ်ရာတွေနဲ့ လှချင်တိုင်းတွေ လှလာလိမ့်မယ်။

အိမ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေး မသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။ ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရတဲ့ကြား ငွေကြေးပါ အဆင်မပြေရင်တော့ ဒုက္ခနဲ့လှလှနဲ့ တွေ့ပါလိမ့်မယ်။

ဘဝဆိုတာ ဖြတ်သန်းရခြင်း တစ်ခုမျှသာပဲ။အချို့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော် ရတတ်ပါတယ်။ မဖြစ်မနေ တစ်ယောက်ယောက်ကို လိုအပ်မနေပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ အိတ်ပိတ်ကံစမ်းရသလိုပါပဲ။ အပြင်ပန်း ကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာ ပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ဟောင်းကြီးနဲ့ လက်ထပ်ရသလို ဖြစ်နိုင်သေးတယ်။

တစ်ယောက်တည်းနေရတာ တခါတရံ အထီးကျန်ချင် ကျန်နိုင် ပါတယ်။ ဒါပေမယ့် အဲ့တခါတရံဟာ အိမ်ထောင်ရေးအဆင်ပြေပါတယ်ဆိုတဲ့ မိန်းမတွေတောင် စိတ်ညစ်ရတဲ့ တခါတရံထက်တော့ နည်းပါသေးတယ်။

မယုံမရှိနဲ့….လင်မရလို့ နှိမ်ခံရလှ စောင်FAတွေပါကွာလို့ တစ်ခုပဲ။ စောင်RSတွေ ခဗျာ အဲဗားဒွတ်ခများနေတာ…

ခြေပေါ်ခြေချိတ်ပြီး အပူမရှာဘူး ဖျန့်ဆိုပြီးသာ ချေမိုးနေလိုက်ပါ။ လင်ယူချင်ရင် နာရီဝက် နဲ့ ကိစ္စပြတ်တယ်။ ပြန်ပျိုချင်ရင် နောက်တစ်ဘဝ စောင့်ရမှာ….

Pre Wedding ပုံထဲ ဂါဝန်လှလှလေးတွေနဲ့ ပြုံးနေပျော်နေတာလောက် ကြည့်ပြီး အား မကျမိနဲ့။ ပျားရည်ဆမ်းထားတဲ့ အီးပုံးကြီးကို စဖွင့်နေကြပြီလို့သာ မှတ်…

မကြာခင် … အီးစော်နံလာကြတာ့မှာ..ငိ 😝😝

Just Kidding 😂😂

Add a Comment

Your email address will not be published. Required fields are marked *

twenty + 20 =