



Nyan Win Phyo

unicode

ကမ္ဘာပေါ် မှာ ရှားပါး စာရင်းဝင်ဖြစ် လို့ တွေ့တဲ့ လူတိုင်း က တအံ့တသြ ယူကြည့်ရတဲ့ မြန်မာ့ မှတ်ပုံတင်

အာဆီယံ မှာ (၁၀) နိုင်ငံ ရှိတယ်။ ဒုတိယတန်း ကို ထပ်ခွဲရင် ၄ နိုင်ငံ ကျန် တယ်။ CLMV လို့ခေါ်တယ် အက္ခရာစဉ်အရ ကမ္ဘောဒီးယား လာအို မြန်မာ ဗီယက်နမ်၊ တတိယတန်း ဝင်ငွေအနည်းဆုံး ဆို ၃နိုင်ငံကျန်တယ် မြန်မာ လာအို တီမော၊

ဝင်ငွေအနည်းဆုံးဆို မြန်မာပဲ ကျန်တယ်။ လူတယောက်ရဲ့ တနှစ်လုံး ဝင်ငွေက ဒေါ်လာ ၁၂၀၀ ပျော့ပျော့ ပဲရတယ် လျော့ မတွက် နဲ့ ဂုဏ်ယူစရာ ရှိသေးတယ်။ စက္ကူ မှတ်ပုံတင် ကိုင်တာ မြန်မာ တနိုင်ငံပဲကျန်တော့တယ် ဒေါက်တာဉာဏ် ၂၀၀၉ အမေရိကားသွားချိန် မိုင်ယာမီလေဆိပ် မှာ ကိုယ့်ပတ်စ်ပို့က အခုလို barcode အသားဓာတ်ပုံ မပါဘူး။ ဓာတ်ပုံက ကပ်ခွာလုပ်လို့ရတယ် အမေရိကန် home land security ကဝန်ထမ်းတွေ တအံ့တဩ နဲ့ ဘေးလူ တွေပါခေါ်ပြတာ သူတို့ မမြင်ဘူးတဲ့ ရှားပါး ပတ်စ်ပို့။

ဂုဏ်ယူလိုက်တာလေ သူများနဲ့မတူ လို့ အခုထိလည်း ထိုင်းတွေကို မြန်မာမှတ်ပုံတင်ပြရင် ဂုဏ်ယူတုန်း စက္ကူကို ရိုရိုသေသေကိုင်တတ်တဲ့အမျိုး အဖြစ် ဒါပေမဲ့ ကိုင်ရတာပျင်းသွားပြီ Biometric စနစ်ပါတဲ့ စမတ်ကဒ် လုပ်ပေးနိုင်တဲ့ပါတီ ကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်။ လုပ်ပေးမယ်ပြောပြီး ကတိမတည်တဲ့ ပါတီတွေမပါ။ မှတ်ချတ် တိုင်းပြည်က အာဆီယံမှာ ဒုတိယ အကြီးဆုံး သူပုန်အထူဆုံး မြေလွတ်တွေအပေါဆုံး အိုးမဲ့အိမ်မဲ့ မှတ်ပုံတင်မဲ့ နိုင်ငံမဲ့ တွေ အများဆုံး ကြံဖန်ဂုဏ်ယူလို့ရသေးတယ်

Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *

3 × four =