“အပျိုစင်” နဲ့ မိန်းမ တန်ဖိုး

“အပျိုစင်” နဲ့ မိန်းမ တန်ဖိုး

ခေတ်တွေ ပြောင်းလဲ လာပါတယ်။ လက်မထပ်ရသေးခင် living togetherဆိုတဲ့ အနေအထားကို လက်ခံကျင့်သုံးသူတွေ များလာပါတယ်။

ဒါကို မနေသင့်ဘူးမြန်မာ့ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူးဆိုပြီးအများစုကို တားမြစ်နေလို့ မရတော့ပါဘူး။

ခက်နေတာကမြန်မာ့ယဉ်ကျေးမှု အရ လည်းခုထိ ဒီလိုအနေအထားကိုလက်မခံနိုင်ကြသေးပါဘူး။

ဒါကြောင့်LT ကိုလက်ခံကျင့်သုံးနေတဲ့လူငယ်တွေ နဲ့ လက်မခံနိုင်ကြတဲ့ရှေးရိုး အစဉ်အလာကြားနစ်နာသူတွေက မိန်းကလေးတွေဖြစ်နေကြပါတယ်။

ခုခေတ်မှာမိန်းကလေးတွေဟာဟိုးအရင်က မိန်းမများနဲ့မ တူယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီးပညာ အလုပ်အကိုင် လူမှုရေးလှုပ်ရှားမှုတွေမှာ ရပ်တည်နေကြပါပြီ။

ယောက်ျားတွေနဲ့တန်းတူ မရပ်တည်နိုင်သေးတာတစ်ခုက LT ပြသနာပါပဲ။

အကြောင်းမညီညွှတ်လို့လမ်းခွဲကြတဲ့အခါယောက်ျားလေးတွေမှာ အပြစ်မရှိမိန်းကလေးတွေသာအပြစ်ဖြစ်နေကြပါတယ်။

မိန်းကလေးတွေဟာသွေးသား မရှိတဲ့ လူသေတွေမဟုတ်ကြပါဘူး။

သူကဘယ်သူနဲ့ ဘယ်လိုနေခဲ့တာ။ ငါနဲ့ဘာဖြစ်ပြီးသားပါ ဆိုတဲ့(အောက်တန်းကျလွန်းတဲ့)တစ်ချို့သော ယောက်ျားလေးတွေစကားတွေအောက် သုံးစားမရသလိုဖြစ်နေကြရတာ မိန်းကလေးတွေဘဝပါပဲ။

မြန်မာပြည်ရောက် LT ဟာအဓိက ယောက်ျားလေးတွေေ သွးသားတစ်ခု အတွက်သီးသန့် ရောက်ရှိလာတဲ့အရာ တစ်ခုလိုဖြစ်နေပြီးမိန်းကလေးတွေ အတွက်တော့အရှက်ကွဲစရာ ရှုပ်ချစရာ တစ်ခုဖြစ်နေခဲ့ပါပြီ။

LT နေပြီးသား မိန်းမအပျိုမစစ်တဲ့ မိန်းမဟာတန်ဖိုး မရှိတော့ဘူးလား ဒါဆို မိန်းမတစ်ယောက် တန်ဖိုးဟာအရေပြားပေါ် မူတည်နေပါသလားလို့တောင် တွေးမိလာပါတော့တယ်။

ဒါကြောင့်မြန်မာပြည် အယူအဆအရမိန်းကလေးအများစုဟာ LT တစ်ခု နေပြီးသွားရင်ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိတော့ဘူး ထင်လာတယ်။

ပေါက်တဲ့နဖူး မထူးဘူး ဆိုပြီး မထူးဇာတ် ဆက်ခင်းကြတယ်။ လမ်းမှားတွေ ဆက်လျှောက်ကြတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်း လာကြတယ်။ပတ်ဝန်းကျင်ကို ရှက်ရွံ့လာတယ်။

ချစ်သူ အသစ်ရတဲ့အခါနောက်ကြောင်းမအေးဘဲ စိတ်ဆင်းရဲနေကြရတယ်။

ဒါဆိုမြန်မာပြည်ရောက် LT အတွက်မိန်းကလေးတွေ ဘာလုပ် သင့်သလဲ။

အဓိက နှစ်ချက်ပဲရှိပါတယ်။အပျိုမစစ်ရင် တန်ဖိုးမရှိဘူးလို့ကိုယ့် ကိုယ်ကိုယ် ယုံကြည်ရင်ပတ်ဝန်းကျင်စကား မရင်ဆိုင်နိုင်ရင်ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါ။

မထိန်းသိမ်းနိုင်လို့ LT နေခဲ့ပြီးလည်းဘဝကို သတ္တိရှိရှိ ရင်ဆိုင်ပါစိတ်ဓာတ်ကျစရာမလိုပါဘူး။

မိန်းမတစ်ယောက် တန်ဖိုးဟာ အရေပြားပေါ်ကအပျိုစစ်ခြင်းနဲ့ မစစ်ခြင်းနဲ့ မဆိုင်ပါဘူး။

ကိုယ်ပိုင်အရည်အချင်း နဲ့ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်မှုနဲ့ သာသက်ဆိုင်ပါတယ်။

ဒါဟာLT နေကြ ပါလို့မြှောက်ပေးနေတာ မဟုတ်ပါဘူး။ LT နေပြီးလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမဲ့နေသူတွေတန်ဖိုးမရှိတော့ဘူးထင်နေကြသူအတွက်ပါ။

ခေတ်တွေ ပြောင်းလဲ လာတယ်။ တိုးတက်လာတယ်။ ဒါပေမယ့် ဆူးပေါ်ဖက်ကျ ဖက်ပေါက်ဖက်ပေါ် ဆူးကျ ဖက်ပေါက်ဆိုတဲ့အယူအဆ မပြောင်းလည်းသရွေ့မြန်မာပြည်ရောက် LT မှာတော့မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ကြတာ အကောင်းဆုံးပါပဲလို့သာ။

Credit May Zaw Aung

Add a Comment

Your email address will not be published. Required fields are marked *

17 − fifteen =