ေငြေၾကးေထာက္ပံ့မႈ အျပင္ လိုအပ္သည့္ စားေသာက္ကုန္မ်ားႏွင့္ အိမ္ အေရာက္ ဂါရဝျပဳတဲ့ ျဖဴျဖဴေထြး ေၾကာင့္ ဝမ္းသာ မ်က္ရည္က်ခဲ့ရတဲ့ အဖိုး

ျဖဴျဖဴေထြးကေတာ့ ႐ိုးသားတဲ့ဂုဏ္စားမကုန္ ဆိုတဲ့ ေဆာင္ပုဒ္ေလး အတိုင္းပဲ ႐ိုးသားျဖဴစင္မႈေၾကာင့္ ပရိသတ္ေတြ တျဖည္းျဖည္းတိုးလို႔ အခ်စ္ပိုလာရသူတစ္ေယာက္ပါ။ အခ်ိန္တိုအတြင္း ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြသိမ္းပိုက္လာသလို ေၾကာ္ျငာေတြလည္း ဆက္တိုက္႐ိုက္ကူးေနရသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒါ့အျပင္ ေၾကာ္ျငာ႐ိုက္ကူးေရးမရွိတဲ့အခ်ိန္ေတြမွာလည္း ခ်ိဳ႕တဲ့ သူေတြကို ဆက္တိုက္ကူညီေနသူျဖဴျဖဴေထြးကေတာ့ ဒီေန႔မွာလည္း ေလျဖတ္ၿပီးကိုယ္တစ္ျခမ္းေသ သြားတဲ့ ေခတ္ေဟာင္းလူၾကမ္းသ႐ုပ္ေဆာင္ ဦးတင္ျမင့္ဆီသြားကာ ဆန္၊ဆီ၊ စားေသာက္ကုန္ေတြနဲ႔ အလႉေငြႏွစ္သိန္းသြားေရာက္လႉဒါန္းေပးခဲ့ပါတယ္။ ဒါ့အျပင္ ေငြေၾကးခ်ိဳ႕တဲ့ေပမယ့္ တကၠသိုလ္ဝင္ စာေမးပြဲကို ထူးခြၽန္စြာေအာင္ျမင္ခဲ့တဲ့ ဝါးတရာေက်း႐ြာက ညီမေလးမိုးမိုးဆီသြားၿပီးေတာ့လည္း အလႉေငြနဲ႔ စားေသာက္ကုန္ေတြ ေထာက္ပံ့လႉဒါန္းေပးခဲ့ပါတယ္။

ဦးတင္ျမင့္နဲ႔ ညီမေလးမိုးမိုး ဆီသြားၿပီး လႉဒါန္းေပးခဲ့တဲ့အျပင္ ဝါးတရာေက်း႐ြာက ကေလးေလးေတြအတြက္လည္း ေငြေၾကးလႉဒါန္းေပးခဲ့ၿပီး ဒီေန႔ျပဳလုပ္ခဲ့တဲ့ သူ႔ရဲ႕အလႉေလးေတြကို ဗြီဒီယိုေလးနဲ႔ မွ်ေဝေဖာ္ျပခဲ့ပါတယ္။

“ပီတိျဖစ္လို႔မဆုံး တျဗဳန္းျဗဳန္းပါပဲ” ဆိုတဲ့စာသားေလး နဲ႔အတူ ျဖဴျဖဴေထြးရဲ႕ပီတိအၿပဳံးေလးေတြနဲ႔ လႉဒါန္းေပးခဲ့တဲ့ အလႉဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Phyu Phyu Htwe

unicode

ငွေကြေးထောက်ပံ့မှု အပြင် လိုအပ်သည့် စားသောက်ကုန်များနှင့် အိမ် အရောက် ဂါရဝပြုတဲ့ ဖြူဖြူထွေး ကြောင့် ဝမ်းသာ မျက်ရည်ကျခဲ့ရတဲ့ အဖိုး

ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ်စားမကုန် ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်းပဲ ရိုးသားဖြူစင်မှုကြောင့် ပရိသတ်တွေ တဖြည်းဖြည်းတိုးလို့ အချစ်ပိုလာရသူတစ်ယောက်ပါ။ အချိန်တိုအတွင်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်လာသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ကြော်ငြာရိုက်ကူးရေးမရှိတဲ့အချိန်တွေမှာလည်း ချို့တဲ့ သူတွေကို ဆက်တိုက်ကူညီနေသူဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း လေဖြတ်ပြီးကိုယ်တစ်ခြမ်းသေ သွားတဲ့ ခေတ်ဟောင်းလူကြမ်းသရုပ်ဆောင် ဦးတင်မြင့်ဆီသွားကာ ဆန်၊ဆီ၊ စားသောက်ကုန်တွေနဲ့ အလှူငွေနှစ်သိန်းသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေးချို့တဲ့ပေမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဝါးတရာကျေးရွာက ညီမလေးမိုးမိုးဆီသွားပြီးတော့လည်း အလှူငွေနဲ့ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။

ဦးတင်မြင့်နဲ့ ညီမလေးမိုးမိုး ဆီသွားပြီး လှူဒါန်းပေးခဲ့တဲ့အပြင် ဝါးတရာကျေးရွာက ကလေးလေးတွေအတွက်လည်း ငွေကြေးလှူဒါန်းပေးခဲ့ပြီး ဒီနေ့ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အလှူလေးတွေကို ဗွီဒီယိုလေးနဲ့ မျှဝေဖော်ပြခဲ့ပါတယ်။ “ပီတိဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ” ဆိုတဲ့စာသားလေး နဲ့အတူ ဖြူဖြူထွေးရဲ့ပီတိအပြုံးလေးတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ အလှူဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe

Add a Comment

Your email address will not be published. Required fields are marked *

2 + sixteen =