ေဒးဗစ္လား ေပ်ာက္ဆံုး မႈ (၂၄) နာရီ ျပည့္ ၿပီ (ေဒးဗစ္လား ဘယ္ေရာက္ေန ၿပီလဲ?)

ရန္ကုန္တိုင္းေဒသႀကီး အစိုးရက သဘာဝေဘး အႏၲရာယ္ ကာကြယ္ေရး ဥပေဒျဖင့္ အမႈဖြင့္ထားသည့္ ေဒးဗစ္လားသည္ Hotel Quarantine မွ ထြက္သြားၿပီျဖစ္ေၾကာင္း ၄င္းအား Quarantine ထား ရွိခဲ့သည့္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္မွ City Hotel Yangon အား ေမ ၁၁ ရက္ ညေန ငါးနာရီက ဖုန္းျဖင့္ ဆက္သြယ္ ရာတြင္ ဟိုတယ္ တာဝန္ရွိသူတစ္ဦးက ေျဖၾကားခဲ့ပါတယ္။

“သူက ညတုန္းက Check out (ေမ ၁၀ ရက္ည) လုပ္သြား တယ္။ သူက Check Out လုပ္မယ္ဆိုၿပီး ထြက္သြားတာ ဟိုတယ္ေျပာင္းသြားတာျဖစ္ရင္လည္းျဖစ္မွာေပါ့” ဟု တာဝန္ရွိသူတစ္ဦးကေျပာၾကားပါတယ္။ ေမ ၁၂ ရက္ မြန္းလြဲ ၁ နာရီခြဲခန႔္ တြင္လည္း ဟိုတယ္အား ထပ္မံ ဆက္သြယ္ရာ ေဒးဗစ္လား ဟုိတယ္ကထြက္သြားၿပီ ဆိုသည္ကိုသာ ထပ္မံေျဖၾကားခဲ့ပါတယ္။

ေဒးဗစ္လားသည္ Hotel Quarantine ရက္ျပည့္သျဖင့္ ယခုကဲ့သို႔ ျပဳလုပ္ ခဲ့ျခင္း ဟုတ္ မဟုတ္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးမ်ားကို ဆက္သြယ္ရာတြင္ လတ္တေလာ သိရွိေသးျခင္း မရွိေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“အဲဒါကို ကြၽန္ေတာ္မသိေသးဘူးဗ်။ ဒီေန႔က အစည္းအေဝးေတြ ရွိတယ္။ ကြၽန္ေတာ္ သိတာနဲ႔ ျပန္ေျပာမယ္။ ကြၽန္ေတာ္တို႔ဆီကို ဘာသတင္းမွ မပို႔ေသးဘူး။ ကြၽန္ေတာ္ ေမးတာလည္း ဘယ္သူမွ မေျဖဘူး။ ကြၽန္ေတာ္တို႔ ေသခ်ာ မသိေသးဘူး။ တိုင္းက်န္းမာေရးကို ဖုန္းဆက္တာလည္း မကိုင္ေသးဘူး။ တစ္ခါတည္း တိုင္း က်န္းမာေရးကို ဆက္သြယ္ၾကည့္ပါလား” ဟု ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကားပါတယ္။

“အဲ့ဒီကိစၥဘာမွ မသိေသးဘူး။ Check Out လုပ္သြားတယ္ ဆိုရင္လဲ သူ႔ဘာသာ တာဝန္ယူလိမ့္မယ္။ Quarantine ျပည့္တယ္ မျပည့္ဘူးက က်န္းမာေရးကို ေမးမယ္။ က်န္းမာေရးက ခြင့္ျပဳလို႔ Check Out ထြက္သြားတယ္ဆိုရင္ က်န္းမာေရးက ဆက္ၿပီးေတာ့ ေရွ႕ ဆက္ေဆာင္႐ြက္မယ့္ ကိစၥေတြကို ေဆာင္ ႐ြက္လိမ့္မယ္” ဟု ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လဝကႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာၾကားပါတယ္။

ယခုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက တိုင္း က်န္းမာေရးသို႔ ဆက္သြယ္ေမးျမန္းရန္ ေျပာၾကားသျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာထြန္းျမင့္ထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္၍ ၫႊန္ၾကား ခ်က္မ်ားအား လိုက္နာရန္ ပ်က္ကြက္ခဲ့သည့္ ဦးေစာကြယ္ဝါး (သင္းအုပ္ဆရာ)၊ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီ၊ ဦးေစာေဒဗစ္ (ခ) ဦးေစာေဒးဗစ္လား (တရားေဟာ ဆရာ)ႏွင့္ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း) တို႔ေလးဦးအား ေရာဂါျဖစ္ပြား ေစႏိုင္သည့္ လူစုလူေဝးျပဳ လုပ္ေဆာင္႐ြက္ခဲ့ျခင္းအေပၚ သဘာဝေဘးအႏၲရာယ္ဆိုင္စီမံခန႔္ခြဲမႈဥပေဒအရ အင္းစိန္ၿမိဳ႕မရဲစ ခန္းႏွင့္ မရမ္းကုန္းၿမိဳ႕မရဲစခန္းတို႔တြင္ သဘာဝေဘး ပုဒ္မ ၂၅ ျဖင့္အမႈဖြင့္ထားပါတယ္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဥပေဒ ပုဒ္မ ၂၅ သည္ မည္သူမဆို ဆန္းစစ္ခ်က္ မျပဳလုပ္ဘဲ ေပါ့ဆစြာ ေဆာင္႐ြက္မူတစ္ခုခုေၾကာင့္ ျဖစ္ေစ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚလွ်င္ သို႔မဟုတ္ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒတြင္ ေဖာ္ျပထားပါတယ္။

crd : whitesone

unicode

ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေး အန္တရာယ် ကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည့် ဒေးဗစ်လားသည် Hotel Quarantine မှ ထွက်သွားပြီဖြစ်ကြောင်း ၎င်းအား Quarantine ထား ရှိခဲ့သည့် ဗိုလ်တစ်ထောင်မြို့နယ်မှ City Hotel Yangon အား မေ ၁၁ ရက် ညနေ ငါးနာရီက ဖုန်းဖြင့် ဆက်သွယ် ရာတွင် ဟိုတယ် တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပါတယ်။

“သူက ညတုန်းက Check out (မေ ၁၀ ရက်ည) လုပ်သွား တယ်။ သူက Check Out လုပ်မယ်ဆိုပြီး ထွက်သွားတာ ဟိုတယ်ပြောင်းသွားတာဖြစ်ရင်လည်းဖြစ်မှာပေါ့” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။ မေ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့် တွင်လည်း ဟိုတယ်အား ထပ်မံ ဆက်သွယ်ရာ ဒေးဗစ်လား ဟိုတယ်ကထွက်သွားပြီ ဆိုသည်ကိုသာ ထပ်မံဖြေကြားခဲ့ပါတယ်။

ဒေးဗစ်လားသည် Hotel Quarantine ရက်ပြည့်သဖြင့် ယခုကဲ့သို့ ပြုလုပ် ခဲ့ခြင်း ဟုတ် မဟုတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကို ဆက်သွယ်ရာတွင် လတ်တလော သိရှိသေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အဲဒါကို ကျွန်တော်မသိသေးဘူးဗျ။ ဒီနေ့က အစည်းအဝေးတွေ ရှိတယ်။ ကျွန်တော် သိတာနဲ့ ပြန်ပြောမယ်။ ကျွန်တော်တို့ဆီကို ဘာသတင်းမှ မပို့သေးဘူး။ ကျွန်တော် မေးတာလည်း ဘယ်သူမှ မဖြေဘူး။ ကျွန်တော်တို့ သေချာ မသိသေးဘူး။ တိုင်းကျန်းမာရေးကို ဖုန်းဆက်တာလည်း မကိုင်သေးဘူး။ တစ်ခါတည်း တိုင်း ကျန်းမာရေးကို ဆက်သွယ်ကြည့်ပါလား” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားပါတယ်။

“အဲ့ဒီကိစ္စဘာမှ မသိသေးဘူး။ Check Out လုပ်သွားတယ် ဆိုရင်လဲ သူ့ဘာသာ တာဝန်ယူလိမ့်မယ်။ Quarantine ပြည့်တယ် မပြည့်ဘူးက ကျန်းမာရေးကို မေးမယ်။ ကျန်းမာရေးက ခွင့်ပြုလို့ Check Out ထွက်သွားတယ်ဆိုရင် ကျန်းမာရေးက ဆက်ပြီးတော့ ရှေ့ ဆက်ဆောင်ရွက်မယ့် ကိစ္စတွေကို ဆောင် ရွက်လိမ့်မယ်” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လဝကနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားပါတယ်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်း ကျန်းမာရေးသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြား ချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟော ဆရာ)နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့လေးဦးအား ရောဂါဖြစ်ပွား စေနိုင်သည့် လူစုလူဝေးပြု လုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစ ခန်းနှင့် မရမ်းကုန်းမြို့မရဲစခန်းတို့တွင် သဘာဝဘေး ပုဒ်မ ၂၅ ဖြင့်အမှုဖွင့်ထားပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူတစ်ခုခုကြောင့် ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားပါတယ်။

crd : whitesone