မုန႔္ လာပို႔ေပးတဲ့ Delivery သမားေတြ ကို လက္ေဆာင္ ေပးၿပီး Surprise လုပ္ ခဲ့တဲ့ ဝတ္မႈံေ႐ႊရည္

ဝတ္မႈံေ႐ႊရည္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္သလို ကာလ အေတာ္ၾကာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြ သိမ္းပိုက္ထားတဲ့အႏုပညာရွင္တစ္ေယာက္ပါ။ ေန႔စဥ္ ရႉတင္ေတြဆက္ေနတဲ့ ကစ္ကေတာ့ ဒီေန႔အားလပ္ရက္ေလးမွာ ေပ်ာ္စရာအစီအစဥ္ေလးတစ္ခုျပဳလုပ္ၿပီး ပရိသတ္ကို မွ်ေဝခဲ့ပါတယ္။

” ကစ္ အလုပ္နားတဲ့ ေန႔ေလးမွာ online ကေန မုန႔္ေတြမွာၿပီးလာပို႔ေပးတဲ့ riders ေတြကို surprise အေနနဲ႔ လက္ေဆာင္ေလးေတြ ျပန္ေပးျဖစ္တယ္။ ေနာက္ၿပီး မွာထားတဲ့မုန႔္ေတြကို လိုအပ္တဲ့ေနရာေလးေတြမွာလည္း ျပန္လႉေပးျဖစ္ပါတယ္။ Riders ေတြအားလုံး က်န္းက်န္းမာမာနဲ႔ အႏၲရာယ္ကင္းရွင္း ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္” ဆိုတဲ့စာသားေလးနဲ႔ အတူ ဒီေန႔အစီအစဥ္ေလးကို ႐ိုက္ကူးထားတဲ့ ဗြီဒီယိုေလးကို မွ်ေဝခဲ့ပါတယ္။

နိစၥဒူဝ ကားေတြၾကားမွာ လိုရာခရီးကို အခ်ိန္မီ ေရာက္ဖို႔ စက္ဘီးနဲ႔ မုန႔္ပို႔ေနရတဲ့ Rider ေလးေတြအတြက္ ကစ္ကေတာ့ အေရးေပၚ ေဆးအိတ္၊ ႏွာေခါင္းစည္း၊ ေရဘူးနဲ႔ ကိုယ္တိုင္လက္မွတ္ထိုးထားတဲ့ ပို႔စကတ္ေလးေတြကို Surprise လက္ေဆာင္ေလးအေနနဲ႔ ေပးခဲ့ပါတယ္။ ဒါ့အျပင္ ဝယ္ထားတဲ့မုန႔္ေတြကိုလည္း အလႉျပန္ လုပ္ေပးခဲ့တဲ့ ကစ္ရဲ႕ ဒီေန႔တစ္ေန႔တာ ေပ်ာ္စရာ ဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ေနာ္။

Source : Wutt Hmone Shwe Yi

unicode

မုန့် လာပို့ပေးတဲ့ Delivery သမားတွေ ကို လက်ဆောင် ပေးပြီး Surprise လုပ် ခဲ့တဲ့ ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ကာလ အတော်ကြာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့အနုပညာရှင်တစ်ယောက်ပါ။ နေ့စဉ် ရှူတင်တွေဆက်နေတဲ့ ကစ်ကတော့ ဒီနေ့အားလပ်ရက်လေးမှာ ပျော်စရာအစီအစဉ်လေးတစ်ခုပြုလုပ်ပြီး ပရိသတ်ကို မျှဝေခဲ့ပါတယ်။

” ကစ် အလုပ်နားတဲ့ နေ့လေးမှာ online ကနေ မုန့်တွေမှာပြီးလာပို့ပေးတဲ့ riders တွေကို surprise အနေနဲ့ လက်ဆောင်လေးတွေ ပြန်ပေးဖြစ်တယ်။ နောက်ပြီး မှာထားတဲ့မုန့်တွေကို လိုအပ်တဲ့နေရာလေးတွေမှာလည်း ပြန်လှူပေးဖြစ်ပါတယ်။ Riders တွေအားလုံး ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းရှင်း ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်” ဆိုတဲ့စာသားလေးနဲ့ အတူ ဒီနေ့အစီအစဉ်လေးကို ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

နိစ္စဒူဝ ကားတွေကြားမှာ လိုရာခရီးကို အချိန်မီ ရောက်ဖို့ စက်ဘီးနဲ့ မုန့်ပို့နေရတဲ့ Rider လေးတွေအတွက် ကစ်ကတော့ အရေးပေါ် ဆေးအိတ်၊ နှာခေါင်းစည်း၊ ရေဘူးနဲ့ ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ပို့စကတ်လေးတွေကို Surprise လက်ဆောင်လေးအနေနဲ့ ပေးခဲ့ပါတယ်။ ဒါ့အပြင် ဝယ်ထားတဲ့မုန့်တွေကိုလည်း အလှူပြန် လုပ်ပေးခဲ့တဲ့ ကစ်ရဲ့ ဒီနေ့တစ်နေ့တာ ပျော်စရာ ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source : Wutt Hmone Shwe Yi

Add a Comment

Your email address will not be published. Required fields are marked *

four − 1 =