ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆးကို ႐ုရွားႏိုင္ငံက ပထမအသုတ္ ထုတ္လုပ္မႈ စတင္

ပရိတ္သတ္ႀကီးေရ သမၼတ ဗလာဒီမာပူတင္က ကိုဗစ္ ကာကြယ္ေဆးတစ္မ်ိဳးကို အတည္ျပဳသည့္ ကမာၻ႔ ပထမဆုံးတိုင္းျပည္အျဖစ္ ေၾကညာၿပီးေနာက္ ပထမအသုတ္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ခဲ့ေၾကာင္း ႐ုရွားႏိုင္ငံက ေျပာၾကားလိုက္သည္။႐ုရွားသမၼတ ပူတင္၏ ၾသဂုတ္လ ၁၁ ရက္က ကိုဗစ္ကာကြယ္ေဆးႏွင့္ ပတ္သက္ေသာ ေၾကညာခ်က္ ကို သိပၸံပညာရွင္မ်ားႏွင့္ ကမာၻ႔ က်န္းမာေရးအဖြဲ႕အစည္းထံမွ သတိေပးခဲ့ၿပီး ေဘးအႏၲရာယ္ကင္းမႈ ျပန္လည္သုံးသပ္ရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

“ဂါမာလီယာအင္စတီက်ဳ႕ရဲ႕ ပထမအသုတ္ ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆးကို ထုတ္လုပ္ပါၿပီ” ဟု က်န္း မာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာသည္။လက္ေတြ႕စမ္းသပ္မႈမ်ား မၿပီးဆုံးေသးသလို လူေပါင္း ၂၀၀၀ ေက်ာ္ပါဝင္ေသာ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈကို ယခုအပတ္အတြင္း စတင္ခဲ့ေသာ္လည္း ကိုဗစ္ကာကြယ္ေဆးက အႏၲရာယ္ကင္းၿပီး သမီးတစ္ဦးကို ကာကြယ္ေဆးထိုးခဲ့ေၾကာင္း သမၼတ ပူတင္က ေျပာၾကားခဲ့သည္။အေနာက္ႏိုင္ငံမ်ားမွ သိပၸံပညာရွင္မ်ားက ကာကြယ္ေဆးတစ္မ်ိဳး ျမန္ဆန္စြာ ထုတ္လုပ္မႈက အႏၲရာယ္ မ်ားေၾကာင္း သတိေပးခဲ့ေသာ္လည္း ႐ုရွားႏိုင္ငံ၏ သုေတသသနကို ထိခိုက္ေစသည့္ ႀကိဳးပမ္းမႈတစ္ရပ္ဟု ဆိုကာ ပူတင္က ေဝဖန္မႈမ်ားကို ရႈတ္ခ်ခဲ့သည္။ ႐ုရွားႏိုင္ငံထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို ၁၉၅၇ ခုႏွစ္တြင္ အာကာသအတြင္း ပထမဆုံးအႀကိမ္ လႊတ္ တင္ခဲ့သည့္ ဆိုဗီယက္ေခတ္ ၿဂိဳဟ္တုျဖစ္ေသာ “Sputnik-V” ဟု ေခၚဆိုသည္။

အဆိုပါ ကိုဗစ္ကာကြယ္ေဆးကို ေမာ္စကိုၿမိဳ႕ေတာ္ရွိ ကူးစက္ေရာဂါ ဆိုင္ရာ သုေတသနအဖြဲ႕အစည္း ျဖစ္သည့္ ဂါမာလီယာက ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ကာ ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္မႈကို စက္တင္ဘာလမွ စတင္မည္ဟု ေမွ်ာ္မွန္းရၿပီး ဒီဇင္ဘာ သို႔မဟုတ္ ဇန္နဝါရီလမွစ၍ တစ္လလ်င္ အလုံးေရ ၅ သန္း ထုတ္ လုပ္ရန္ စီစဥ္ထားေၾကာင္း ႐ုရွားႏိုင္ငံက ေျပာသည္။ ကိုဗစ္ကာကြယ္ေဆးကို ပထမဆုံးအေနျဖင့္ ဆရာဝန္မ်ား၊ ေနာက္ပိုင္း ႐ုရွားႏိုင္ငံသားအားလုံးရရွိေအာင္ ေဆာင္႐ြက္မည္ဟု က်န္းမာေရးဝန္ႀကီး မီေခးလ္မူရတ္ရွ္ကိုက ေျပာၾကားခဲ့သည္။ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၉၁၇,၀၀၀ ေက်ာ္ရွိ ေသာ ႐ုရွားႏိုင္ငံက အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယႏိုင္ငံၿပီးလ်င္ ကမာၻေပၚတြင္ ကူးစက္မႈအရ စတုတၳအျမင့္ဆုံးတိုင္းျပည္ျဖစ္ေနပါသည္။

Credit; Original Uploader

unicode

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက ပထမအသုတ် ထုတ်လုပ်မှု စတင်

ပရိတ်သတ်ကြီးရေ သမ္မတ ဗလာဒီမာပူတင်က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုသည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည်အဖြစ် ကြေညာပြီးနောက် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။ရုရှားသမ္မတ ပူတင်၏ သြဂုတ်လ ၁၁ ရက်က ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သော ကြေညာချက် ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းထံမှ သတိပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဂါမာလီယာအင်စတီကျု့ရဲ့ ပထမအသုတ် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်ပါပြီ” ဟု ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။လက်တွေ့စမ်းသပ်မှုများ မပြီးဆုံးသေးသလို လူပေါင်း ၂၀၀၀ ကျော်ပါဝင်သော နောက်ဆုံးအဆင့် စမ်းသပ်မှုကို ယခုအပတ်အတွင်း စတင်ခဲ့သော်လည်း ကိုဗစ်ကာကွယ်ဆေးက အန္တရာယ်ကင်းပြီး သမီးတစ်ဦးကို ကာကွယ်ဆေးထိုးခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။အနောက်နိုင်ငံများမှ သိပ္ပံပညာရှင်များက ကာကွယ်ဆေးတစ်မျိုး မြန်ဆန်စွာ ထုတ်လုပ်မှုက အန္တရာယ် များကြောင်း သတိပေးခဲ့သော်လည်း ရုရှားနိုင်ငံ၏ သုတေသသနကို ထိခိုက်စေသည့် ကြိုးပမ်းမှုတစ်ရပ်ဟု ဆိုကာ ပူတင်က ဝေဖန်မှုများကို ရှုတ်ချခဲ့သည်။ ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၁၉၅၇ ခုနှစ်တွင် အာကာသအတွင်း ပထမဆုံးအကြိမ် လွှတ် တင်ခဲ့သည့် ဆိုဗီယက်ခေတ် ဂြိုဟ်တုဖြစ်သော “Sputnik-V” ဟု ခေါ်ဆိုသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးကို မော်စကိုမြို့တော်ရှိ ကူးစက်ရောဂါ ဆိုင်ရာ သုတေသနအဖွဲ့အစည်း ဖြစ်သည့် ဂါမာလီယာက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို စက်တင်ဘာလမှ စတင်မည်ဟု မျှော်မှန်းရပြီး ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလမှစ၍ တစ်လလျင် အလုံးရေ ၅ သန်း ထုတ် လုပ်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးအနေဖြင့် ဆရာဝန်များ၊ နောက်ပိုင်း ရုရှားနိုင်ငံသားအားလုံးရရှိအောင် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရတ်ရှ်ကိုက ပြောကြားခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉၁၇,၀၀၀ ကျော်ရှိ သော ရုရှားနိုင်ငံက အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကူးစက်မှုအရ စတုတ္ထအမြင့်ဆုံးတိုင်းပြည်ဖြစ်နေပါသည်။

Credit; Original Uploader

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 15 =