“မိန္းမရႈပ္တဲ့ လူကို မွတ္ေလာက္သား ေလာက္ေအာင္ ဆုံးမ ဖို႔ ေငြ(၂၅) သိန္းေပး ငွားၿပီး က်ဴးလြန္ ေစ ခဲ့တဲ့ ထူးဆန္း တဲ့လုယက္ မႈႀကီး”

ကမာ ႐ြတ္ ေ႐ႊကြန္း ကြန္ဒို အတြင္း လုယက္မႈ သည္ မိန္းမရႈပ္လို႔ ပညာေပးရန္ ခိုင္းေစခ်က္ ေၾကာင့္ ျပစ္မႈက်ဴးလြန္ျခင္းျဖစ္ေၾကာင္း ျပစ္မႈက်ဴးလြန္သူ မ်ားက ထြက္ဆိုတယ္ လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ရန္ကုန္တိုင္း ေဒသႀကီး ကမာ႐ြတ္ ၿမိဳ႕နယ္ ေ႐ႊကြန္းကြန္ဒိုေန အမ်ိဳသား တစ္ဦးကို လူငယ္ ၃ ဦးက ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး က်ပ္ ၁၉ သိန္းေက်ာ္တို႔ လုယူထြက္ ေျပးသြားတဲ့ အမႈျဖစ္ကာ ယင္းအမႈျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိထားၿပီလို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ဖမ္းဆီးရမိသူ မ်ားအား အေသးစိတ္စစ္ေဆး ခဲ့ရာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မိေက်ာင္းကန္ အမွတ္(၁) ရပ္ကြက္၊ ေဝဇယႏၲာ လမ္းႏွင့္ ရိပ္သာ(၅)လမ္း၊ အမွတ္(၇၇/၇၈)ေန ေဒၚခင္ခင္ဝင္း က ၎ႏွင့္ ပတ္သက္ ေနသည့္အမ်ိဳးသားသည္ အျခားအမ်ိဳးသမီးမ်ားႏွင့္ ရႈပ္ေပြေနသျဖင့္ မွတ္ေလာက္သား ေလာက္ ေအာင္ ဆုံးမေပးရန္ မနီနီဝင္းႏွင့္ ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ တို႔အား အကူအညီ ေတာင္း ခံခဲ့ေၾကာင္း၊

ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ က လႈိင္သာယာ ၿမိဳ႕ေန ႏိုင္းႏိုင္း(ခ)နဂါး(ခ)မင္းဟိန္းပါ (၃)ဦးကို ေငြက်ပ္(၂၅)သိန္း ျဖင့္ ငွားရမ္းၿပီး ျပစ္မႈအား ပူးေပါင္း က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ သျဖင့္ ေဒၚခင္ခင္ဝင္းအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ၎မွာ ျပစ္မႈက်ဴးလြန္ၿပီးေနာက္ ေနအိမ္မွ တိမ္းေရွာင္ သြားတယ္လို႔ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

ျဖစ္စဥ္မွာ ရန္ကုန္အေနာက္ပိုင္း ခ႐ိုင္၊ ကမာ႐ြတ္ၿမိဳ႕နယ္ အမွတ္(၁)ရပ္ကြက္ ရတနာၿမိဳင္လမ္း ေ႐ႊကြန္း ကြန္ဒို အမွတ္(၁၈/B2) ၌ ၾသဂုတ္ လ ၁၀ ရက္ ည(၂၀:၀၀)အခ်ိန္ ခန႔္က ဦးေက်ာ္မိုး (ကေနဒါႏိုင္ ငံသားခံယူထားသူ) အသက္(၄၈)ႏွစ္၊ pp-no Ac 786745 ကိုင္ေဆာင္သူေနအိမ္၌ တစ္ဦးတည္းရွိေနစဥ္ လြန္ခဲ့ေသာ တစ္ပတ္ခန႔္ ကရင္းႏွီးခဲ့သူ မနီနီဝင္း ဆိုသူလာေရာက္ၿပီး ခဏအၾကာ မနီနီဝင္းက အခန္းေသာ့အားယူကာ တံခါးဖြင့္၍ ထြက္သြားၿပီးေနာက္ အမည္မသိ လူငယ္(၃)ဦး ေနအိမ္ အတြင္းဝင္လာၿပီး တရားလိုအား ဝိုင္း၍ခ်ဳပ္ေႏွာင္သျဖင့္ ျပန္လည္ခုခံရာ အဆိုပါ လူငယ္(၃)ဦး အသင့္ ယူေဆာင္လာေသာဓားႏွင့္ထိမိ၍

တရားလိုယာ ဘက္ေပါင္ႏွင့္ ယာဘက္လက္ဖဝါး တို႔တြင္ ျပတ္ရွဒဏ္ရာ(၁) ခ်က္စီ ရရွိခဲ့ေၾကာင္း၊ ထို႔ေနာက္ လူငယ္(၃)ဦးမွ တရားလို၏ ပါးစပ္ႏွင့္ လက္ႏွစ္ဘက္ အား တိတ္အဝါျဖင့္ တုပ္ေႏွာင္ကာ ေျခေထာက္ႏွစ္ဘက္ အား လက္ထိပ္တစ္စုံျဖင့္ ခတ္ထားခဲ့ၿပီး I-Phone X အနက္ေရာင္ဖုန္း (၁)လုံး၊ I Pad 3 ေငြေရာင္(၁)လုံး ၊ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၁၉ဝဝဝဝဝ က်ပ္ခန႔္တို႔အား လုယူထြက္ေျပးသြား ေသာေၾကာင့္ လူငယ္(၃)ဦးႏွင့္ မနီနီဝင္း တို႔အားအေရးယူ ေပးရန္ ကမာ႐ြတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ တိုင္တန္းမႈ ျဖစ္ပါတယ္။

လက္ရွိတြင္ အမႈမွ ဖမ္းဆီး ရမိသူ မနီနီဝင္း ပါ (၆) ဦးကို ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ႏိုင္ေရးေဆာင္႐ြက္လ်က္ ရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ ေဒၚခင္ခင္ဝင္းအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါတယ္လို႔ ဆိုပါတယ္။

MyanmaPlatform

unicode

“မိန်းမရှုပ်တဲ့ လူကို မှတ်လောက်သား လောက်အောင် ဆုံးမ ဖို့ ငွေ(၂၅) သိန်းပေး ငှားပြီး ကျူးလွန် စေ ခဲ့တဲ့ ထူးဆန်း တဲ့လုယက် မှုကြီး”

ကမာ ရွတ် ရွှေကွန်း ကွန်ဒို အတွင်း လုယက်မှု သည် မိန်းမရှုပ်လို့ ပညာပေးရန် ခိုင်းစေချက် ကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ များက ထွက်ဆိုတယ် လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် ရွှေကွန်းကွန်ဒိုနေ အမျိုသား တစ်ဦးကို လူငယ် ၃ ဦးက ဖမ်းဆီးချုပ်နှောင်ပြီး ကျပ် ၁၉ သိန်းကျော်တို့ လုယူထွက် ပြေးသွားတဲ့ အမှုဖြစ်ကာ ယင်းအမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိထားပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးရမိသူ များအား အသေးစိတ်စစ်ဆေး ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေသည့်အမျိုးသားသည် အခြားအမျိုးသမီးများနှင့် ရှုပ်ပွေနေသဖြင့် မှတ်လောက်သား လောက် အောင် ဆုံးမပေးရန် မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့အား အကူအညီ တောင်း ခံခဲ့ကြောင်း၊

ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ က လှိုင်သာယာ မြို့နေ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅)သိန်း ဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်မှ တိမ်းရှောင် သွားတယ်လို့ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်း ရွှေကွန်း ကွန်ဒို အမှတ်(၁၈/B2) ၌ သြဂုတ် လ ၁၀ ရက် ည(၂၀:၀၀)အချိန် ခန့်က ဦးကျော်မိုး (ကနေဒါနိုင် ငံသားခံယူထားသူ) အသက်(၄၈)နှစ်၊ pp-no Ac 786745 ကိုင်ဆောင်သူနေအိမ်၌ တစ်ဦးတည်းရှိနေစဉ် လွန်ခဲ့သော တစ်ပတ်ခန့် ကရင်းနှီးခဲ့သူ မနီနီဝင်း ဆိုသူလာရောက်ပြီး ခဏအကြာ မနီနီဝင်းက အခန်းသော့အားယူကာ တံခါးဖွင့်၍ ထွက်သွားပြီးနောက် အမည်မသိ လူငယ်(၃)ဦး နေအိမ် အတွင်းဝင်လာပြီး တရားလိုအား ဝိုင်း၍ချုပ်နှောင်သဖြင့် ပြန်လည်ခုခံရာ အဆိုပါ လူငယ်(၃)ဦး အသင့် ယူဆောင်လာသောဓားနှင့်ထိမိ၍

တရားလိုယာ ဘက်ပေါင်နှင့် ယာဘက်လက်ဖဝါး တို့တွင် ပြတ်ရှဒဏ်ရာ(၁) ချက်စီ ရရှိခဲ့ကြောင်း၊ ထို့နောက် လူငယ်(၃)ဦးမှ တရားလို၏ ပါးစပ်နှင့် လက်နှစ်ဘက် အား တိတ်အဝါဖြင့် တုပ်နှောင်ကာ ခြေထောက်နှစ်ဘက် အား လက်ထိပ်တစ်စုံဖြင့် ခတ်ထားခဲ့ပြီး I-Phone X အနက်ရောင်ဖုန်း (၁)လုံး၊ I Pad 3 ငွေရောင်(၁)လုံး ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉ဝဝဝဝဝ ကျပ်ခန့်တို့အား လုယူထွက်ပြေးသွား သောကြောင့် လူငယ်(၃)ဦးနှင့် မနီနီဝင်း တို့အားအရေးယူ ပေးရန် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှု ဖြစ်ပါတယ်။

လက်ရှိတွင် အမှုမှ ဖမ်းဆီး ရမိသူ မနီနီဝင်း ပါ (၆) ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက် ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်လို့ ဆိုပါတယ်။

MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *

twenty − fourteen =